လမ်းခွဲရတော့မယ့် အခြေအနေကို အချိန်မီကယ်ဆယ်နိုင်မယ့် နည်းလမ်းကောင်းလေးများ

ကိုယ့်ရဲ့ Relationship က အားရစရာမရှိ၊ စိတ်ကျေနပ်စရာမကောင်းဘူးလို ခံစားနေရရင် ဒါ အကြောင်းမရှိဘဲ ဖြစ်လာတာမဟုတ်ဘူးဆိုတာကို သိရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေတွေမကောင်းတိုင်း လမ်းခွဲရရင်လည်း မလွယ်ဘူးလေ။

ဒီလို ကိစ္စတွေနဲ့ ပတ်သက်လာရင် စိတ်လှုပ်ရှားခံစားရတာ၊ ပူပန်းသောကတွေရောက်နေတာက သဘာဝပါပဲ။ လက်ရှိရောက်နေတဲ့ အနေအထားနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြနေရတာဆိုလည်း ဒါ ပုံမှန်ဖြစ်တတ်တဲ့ သဘောပါပဲ။ သင့်အနေနဲ့လည်း အနားက အတွဲတွေ လမ်းခွဲသွားကြတာ၊ ပြတ်သွားကြတာတွေကို ကြားရ၊ မြင်ရ မှာပါ။ သင်အလှည့်ကျရော ဖြစ်ချင်မလား… ဘယ်သူကရော ဒီလို ဖြစ်ချင်ပါ့မလဲ။

ဒီလို ပြိုပျက်တော့မှာကို အချိန်မီ ကယ်တင်နိုင်ပါတယ်။ အခြေအနေတွေ ဆိုးရွားနေတာပဲသိတယ်၊ ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာကျရင် မသိနိုင်တွေဖြစ်နေတတ်ပါတယ်။ လမ်းခွဲခြင်းက တကယ်ကို ဖြစ်လာနိုင်တဲ့ အရာတစ်ခုပါ။ ကိုယ့်အနေနဲ့လည်း ပြင်သင့်တာကို သိရက်နဲ့ မပြင်ဘူးဆိုရင် လမ်းခွဲရဖို့က ရာနှုန်းပြည့်ကျိန်းသေးပါတယ်။

ကိုယ့်ရဲ့ relationship ကိုလည်း ပျော်ရွှင်အောင်၊ ပြန်ပြီး စိုပြေလာအောင် ဘယ်လိုလုပ်ရမလဲ အမြဲတွေးနေမှာပါပဲ။ မတွေးချင်ရင်တော့လည်း တစ်ယောက်တည်းပဲနေတာ အကောင်းဆုံးပါ။ ဆုံးရှုံးရမှာ ကြောက်ရင်တော့ ကိုယ့်ဘက်ကတော့ အားထုတ်မှပဲရမယ်။ မပြေလည်တဲ့ အချစ်ရေးမှာ သင့်အနေနဲ့ ဘာလုပ်ရမလဲ ရုတ်တရက်မသိဘူးဖြစ်နေရင် အခုဖော်ပြပေးမယ့် အကြံပြုချက်လေးတွေက သင့်အတွက် အသုံးတည့်မယ်ထင်ပါတယ်။

ဆုံးဖြတ်ချက်တွေကို အလျင်စလို၊ အလောတကြီး မချပါနဲ့

ဘယ်အရာ၊ ကိစ္စမှာမှ သင့်အနေနဲ့ အလောတကြီး ဆုံးဖြတ်ချက်ချဖို့ မကြိုးစားပါနဲ့။ အနည်းငယ်တော့ အချိန်ပေးပြီး စဉ်းစားသင့်ပါတယ်။ အခြေအနေကို စဉ်းစား ဆင်ခြင်ပြီးမှ ဆက်လှုပ်ရှားသင့်ပါတယ်။

READ
နမ်းတဲ့အခါတိုင်း လူတွေမျက်လုံးတွေမှိတ်သွားရတဲ့ အကြောင်းအရင်း
Relationship နဲ့ ပတ်သက်ရင် ရှိနေတဲ့ ကိုယ်ရဲ့ အကြောက်တရားတွေကို ရိုးရိုးသားသား ပြောပြသင့်တယ်။

သင့်ရဲ့ relationship ရဲ့ ၀မ်းနည်စရာကောင်းတဲ့ အခြေအနေနဲ့ ပတ်သက်ရင် အပြန်အလှန် ပွင့်လင်းဖို့လိုပါတယ်။ အားလုံးက အဆင်ပြေမှာပါဆိုပြီး အတွေးတွေ မမှားသင့်ပါဘူး။ ကောင်းနေရင်တောင် အမြဲတမ်းမကောင်းနိုင်ဘူးဆိုတာကို အမှတ်ရသင့်ပါတယ်။ သင့်အနေနဲ့ အမြဲတမ်းမှာ ပွင့်ပွင့်လင်းလင်းရှိနိုင်ဖို့၊ ရိုးရိုးသားသားရှိဖို့ သင့်လက်တွဲဖော်နဲ့ အရာတိုင်းမှာ ရိုးစင်းဖို့ လိုအပ်ပါတယ်။

ပြုပြင်ဖို့ နည်းလမ်းတွေ၊ အကူအညီတွေကို လက်ခံဖွေရှာပါ

တစ်ခါတစ်ရံမှာ rs ပြဿနာတွေဟာ နက်နဲလွန်းလှပြီး အသေအချာ အကြံပေးတွေ ဘာတွေနဲ့ ဖြေရှင်းရတဲ့ အခါမျိုးတွေလည်း ရှိပါတယ်။ သင့်အနေနဲ့လည်း အချစ်ကိစ္စနဲ့ ပတ်သက်ပြီး အကူအညီယူဖို့ဆိုလည်း ရှက်ကြောက်မနေသင့်ပါဘူး။ ကိုယ်ကိုကိုယ် တည်ငြိမ်အောင် ကြိုးစားသင့်ပြီး ပြဿနာကို ပြေလည်စေမယ့် နည်းလမ်း ဦးစားပေးရှာဖွေသင့်ပါတယ်။

ဘာက ပြဿနာဖြစ်စေတာလဲကို သိအောင်လုပ်ပါ….

ကိုယ့်ရဲ့ အချစ်ရေးမှာ ဘယ်အရာ ပြဿနာရဲ့ ပြန့်ပွားရာလည်း ဆိုတာကို အသေချာ အချိန်ပေးပြီး ရှာဖွေပါ။ သင့်ကိုယ်သင်လည်း အမြဲတမ်း ပြည့်စုံနေတယ်ဆိုပြီး နုံချာချာတွေးနေနိုင်တယ်။ သင်ကိုယ်တိုင်ကလည်း သင့်ချစ်သူလိုပဲ ဆက်ဆံရေးထဲကို အဆိပ်အတောက်တွေ သယ်လာနိုင်တဲ့သူ ဖြစ်တာကိုလည်း နားလည် သဘောပေါက်သင့်ပါတယ်။ ကိုယ့် အချစ်ရေးကို တကယ် တိုးတက်စေလိုတယ်ဆိုရင်တော့ အဲ့ဒီ့အရာတွေကို သေချာ ရှာဖွေ စီစစ်ဖို့လိုပါတယ်။

ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါ၊ ကုစားပါ…

တစ်ခါတစ်ရံ ကိုယ့်ရဲ့ rs ထဲက ပြဿနာတွေကို အမှန်တကယ် မဖြေရှင်းခင်၊ မပြင်ဆင်ခင်မှာ ကိုယ့်ကို အရင် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ လိုအပ်တာကို လူသားဆန်ဆန် တိုးတက်အောင်လုပ်ဖို့ အားထုတ်ရမယ်။ ပိုပြီး ရင်ကျက်လာလေလေ rs ကိစ္စတွေကို ပိုပြီး နိုင်နိုင်နင်းနင်း ဖြေရှင်းလာနိုင်လေ ရှိမှာပါ။

READ
ဘဲမရအောင်ဟန့်တားနေတဲ့ အားနည်းချက်(၇)ချက်
ကိုယ့် ပါတနာရဲ့ နာကျင်မှု ဒုက္ခတွေကို သိနိုင် နားလည်နိုင်အောင် ကြိုးစားပါ…

ချစ်မှုရေးရာမှာဆို သင်ကိုယ်တိုင် နာကျင်ရနိုင်သလို သင့် ချစ်သူနာကျင်နေတာကို သင့် မသိတာမျိုးကလည်း တော်တော်ဆိုးရွာတဲ့ ကိစ္စပါပဲ။ သင့်အနေနဲ့ အဲ့နာကျင်မှုက ဘာလဲ သေချာသိအောင်လုပ်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ခံစားရမှုတွေကို မျက်ကွယ်မပြုဘူးဆိုတာလည်း သိအောင် လုပ်ရမှာဖြစ်ပါတယ်။

သင့် rs မှာ ကိုယ်တိုင် အကောင်းဆုံးဖြစ်နေဖို့ သတိတရရှိပါ…

မကောင်းမြင်မှုတွေ ဆက်တိုက် ဖြစ်လာ၊ ရှိလာနေတဲ့ အခိုက်အတန့်တွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့်နဲ့ သင့်မှာ အာရုံထွေပြားစရာတွေ၊ ၀မ်းနည်းစိတ်ပျက်စရာတွေ၊ ပူပန်ကြောင့်ကြစရာတွေ ရှိလာနိုင်သေးဆိုပြီး တွေးနေနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့အရာတွေကို အမြဲ စူးစိုက်နိုင်ဖို့ ကြိုးစား အားထုတ်နေသင့်ပါတယ်။

ကျေးဇူးတင်ကြောင်း၊ လက်ခံကျေနပ်ကြောင်း၊ နှစ်သက်သဘောကျကြောင်း ဖော်ပြတတ်ပါစေ…

သင့် လက်တွဲဖော်ဟာ သင့်အတွက် ဘယ်လိုအရေးပါသလဲ၊ ပိုင်ဆိုင်ရတဲ့အတွက် ဘယ်လို ကျေနပ်လဲဆိုတာကို ပြသသင့်ပါတယ်။ သူတို့ သင့်အပေါ်လုပ်ပေးတဲ့ အရာတိုင်း၊ ကျေးဇူးတင်ရမယ့် အရာတိုင်းအတွက် ကျေးဇူးတင်ဖို့ ၀န်လေးမနေပါနဲ့။ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကို အနည်းနဲ့ အများ ဖော်ပြသင့်ပါတယ်။

Ref: relrules

Matthew (ShweMOM)

 

SHARE