တစ်ယောက်တစ်မျိုးရှိတတ်တဲ့ ယုတ္တိမဲ့ ကြောက်စိတ်လွန်ကဲခြင်းရောဂါ (၈) မျိုး

လူသားတွေမှာ များစွာသော အမျိုးအမည်မသိ အကြောက်တရားတွေရှိကြပါတယ်။ သရဲ တစ္ဆေ၊ ပိုးမွှားအင်းစက်လေးတွေ၊ အိမ်မြှောင် ပိုးဟပ် စသဖြင့်ဆိုပါတော့…။ အဲ့ဒီ့ ကြောက်တဲ့စိတ်ကို မထိန်းချုပ်နိုင်တော့အခါ ပြင်းထန်းတဲ့ အခြေအနေတွေ ပေါ်ပေါက်လာနိုင်ပြီး ကြောက်စိတ်လွန်ကဲမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ကိုယ် ကြောက်ပါတယ်ဆိုတဲ့ တစ်စုံတစ်ရာနဲ့ ထိပ်တိုက်ကြုံဆုံလာရတဲ့အခါ လူတွေဟာ ပုံမှန်ထက် မြန်မြန်နဲ့ ပြင်းပြင်း အသက်ရှုတတ်ကြတယ်။ သိပ်ပြင်းထန်လွန်းရင် စိတ်ကျန်းမာရေး ယို့ယွင်းလာတောင် ဖြစ်နိုင်တယ်။ ဖိုးဘီးယားဆိုတဲ့ အသုံးအနှုန်းက ၁၇၀၀ ပြည့်နှစ်တွေကတည်းက ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အခု လူတွေမှာရှိတတ်တဲ့ ဆန်းကြယ်တဲ့ ကြောက်စိတ်လွန်ကဲပုံတွေကို ဖော်ပြပေးချင်ပါတယ်။ ကိုယ်လည်း ဘယ်နေရာမှာ လွန်ကဲနေလည်း ကြည့်ကြည့်ဦးနော်။

Heliophobia 
RVCJ

နေ၊ နေရောင်ခြည် (သို့) တောက်ပတဲ့ အရာဝတ္ထုတွေကို ကြောက်တဲ့စိတ်လွန်ကဲခြင်း ဖြစ်ပါတယ်။

READ
အိုသွေးပိုင်ရှင်များ သိထားသင့်တဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ
Lachanophobia
RVCJ

အသီးအရွက် စားရမှာ ကြောက်တဲ့စိတ်လွန်ကဲခြင်း

Haphephobia
RVCJ

အထိအတွေ့တွေကို ကြောက်တဲ့စိတ်လွန်ကဲခြင်း ရိုးရိုးလေးထိမိတာတောင် အကြီးအကျယ် သောကရောက်စေနိုင်ပါတယ်။

Coulrophobia
RVCJ

ဂျိုကာတွေကို ကြောက်တဲ့ စိတ်လွန်ကဲခြင်း

Neophobia
RVCJ

အရာဝတ္ထု အသစ်အဆန်းတွေကို ကြောက်တဲ့စိတ်လွန်ကဲခြင်း

Turophobia
RVCJ

ချိစ့်ကို ကြောက်တဲ့ စိတ်လွန်ကဲခြင်း… ဆန်းလိုက်ပါဘိ။

Gephyrophobia
RVCJ

တံတားကြောက်တဲ့ စိတ်လွန်ကဲခြင်း

Ascendophobia
RVCJ

စက်လှေကား၊ လှေကား၊ ဓာတ်လှေကားတွေနဲ့ အတက်အဆင်းလုပ်ရတာ ကြောက်တဲ့စိတ်လွန်ကဲခြင်း

Ref: RVCJ

Matthew (ShweMOM)
SHARE