မိခင်ဆန္ဒကို ဖြည့်ဆည်းဖို့ ထိုင်ဝမ်အမြင့်ဆုံးတောင်ကို တက်ခဲ့တဲ့ ကလေးငယ်

鄒品為 / Facebook

သားသမီးနဲ့မိဘကြားချစ်ခြင်းမေတ္တာဆိုတာတိုင်းတာလို့မရပါဘူး။ အထူးသဖြင့် မိခင်ဆိုတာမိမိဘ၀အတွက် ကျေးဇူးအတင်ထိုက်ဆုံးပုဂ္ဂိုလ်ပါ။ မိဘတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တာလည်း ကံကောင်းခြင်းတစ်မျိုးပါ။

အသက်ရှစ်နှစ်အရွယ်သာရှိသေးတဲ့ Tzou Ze Gang ဆိုတဲ့ကောင်လေးဟာ ထိုင်ဝမ်ရဲ့အမြင့်ဆုံး Jade တောင်ကို တက်ပြီး ကွယ်လွန်သွားတဲ့မိခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

Tzou ဟာ သူ့ဖခင်ရယ် ၊ တခြားမိသားစုဝင်မိတ်ဆွေနှစ်ဦးတို့နဲ့အတူ သြဂုတ်လ(၁၈)ရက်နေ့ စွန့်စားဖွယ် နှစ်ရက်ကြာတောင်တက်ခြင်းခရီးစဉ်ကို စတင်ခဲ့ပြီး၊ သြဂုတ်လ(၂၀)ရက်နေ့မှာ Yu Shanလို့ခေါ်တဲ့ Jadeတောင်ထိပ်ကိုရောက်ရှိခဲ့ပါတယ်။

Jadeတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၁၃၀၀၀)နီးပါးအမြင့်ရှိပြီး၊ ထိုင်ဝမ်ရဲ့အမြင့်ဆုံးတောင်ဖြစ်ပါတယ်။

ဒေသခံတွေဟာ ဒီတောင်ကို  ဘ၀မှာကံကောင်းခြင်းတွေဖြစ်စေတဲ့ ထာဝရရှင်သန်ခြင်းနတ်ဘုရားမ ရှိရာတောင်တန်းလို့ ယုံကြည်ထားကြပြီး၊ Tzouဟာ သူ့မိခင်ဆီက Jadeတောင်တန်းအကြောင်းကိုလေးနှစ်အရွယ်ကတည်းက ကြားသိထားခဲ့တာပါ။

Tzouနဲ့သူ့အမေဟာ တစ်နေ့မှာ သားအမိနှစ်ယောက်အတူ အဲ့ဒီတောင်ထိပ်ကိုရောက်အောင်သွားကြမယ်လို့ ကတိထားခဲ့ကြပြီး၊ တစ်နေ့ ကမ္ဘာကြီးကို စူးစမ်းလေ့လာတဲ့အခါအမေ့ကို အတူခေါ်သွားပါလို့ မိခင်ဖြစ်သူကပြောခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ ပြီးခဲ့တဲ့နှစ်က ကောင်လေးမိခင် ကွယ်လွန်သွားခဲ့ပါတယ်။ ကောင်လေးက ကတိအတိုင်း သူတောင်တက်ချိန်မှာ ကွယ်လွန်သွားတဲ့သူ့မိခင်ဓာတ်ပုံကိုပါ အတူယူသွားခဲ့တာပါ်။

鄒品為 / Facebook

ဒီတောင်တက်ခြင်းဟာ ရှစ်နှစ်အရွယ်ကောင်လေးအတွက်အရမ်းကိုခက်ခဲခဲ့သလို၊ အနားယူပေမယ့်  မူးဝေတာ၊အသက်ရှုမ၀တာနဲ့ပျို့အန်တာတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။

ဒါပေမယ့်တောင်ထိပ်ပိုင်းကိုရောက်လာတဲ့အချိန်မှာ သူပိုပြီးကောင်းမွန်လာတယ်။ ပေ(၆၅၀)ကျော်အမြင့်လောက်ရောက်လာတော့ သူ့အတွက်အရမ်းလွယ်ကူသွားပြီလို့ ဖခင်ဖြစ်သူကဆိုပါတယ်။

ဖခင်ဖြစ်သူကလည်း အဲ့ဒီတောင်ပေါ်မှာ သားအမေလည်းရှိနေမှာ အသေအချာပဲဆိုပြီး လေ့ကျင့်စဉ်အတွင်း ကောင်လေး အားတက်အောင် ခွန်အားပေးခဲ့တာပါ။

READ
အမျိုးသားတစ်ဦးကို နှစ်ကြိမ်အဓမ္မကျင့်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး
鄒品為 / Facebook

ကောင်လေးဟာ သူတောင်ထိပ်ပေါ်ကိုရောက်ရှိလာချိန်မှာတော့ သားတို့တောင်ထိပ်ကိုရောက်လာကြပြီ၊ ကတိအတိုင်း အမေ့ကို Jadeတောင်ထိပ်ကို ခေါ်လာနိုင်ပြီလို့ မိခင်ဖြစ်သူရဲ့ဓာတ်ပုံကိုဆွဲထုတ်လိုက်ပြီး၊ အော်ဟစ်ကြွေးကြော်လိုက်ပါတယ်။

Tzouဟာ မိခင်ကွယ်လွန်ပြီး ရက်ပေါင်း(၅၉၁)ရက်အကြာမှာအခုလို မိခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။

Khaing

Source : nextshark , thaivisa

SHARE