လူစကားပြောသလိုမျိုး အသံပေးလို့ အထူးအဆန်းဖြစ်နေတဲ့ ကြောင်လေးရဲ့ ဗီဒီိယို

instagram/gambino_911

ကြောင်လေးတွေနဲ့ အတူနေတဲ့အခါ အသစ်အဆန်းလေးတွေကြုံရတာကို ကြောင်ပိုင်ရှင်တွေပဲ သိပါတယ်။ ကိုယ့်နားကပ်ပြီး တညောင်ညောင်နဲ့ အော်လိုက်၊ ခေါင်းနဲ့လိုက်ဝှေ့ပြီး ချွဲတတ်တာလေးတွေကြောင့်လည်း မရိုးနိုင်အောင် သူတို့ကို အချစ်ပိုနေရတာပါ။ အခုဖော်ပြပေးမယ့် boredpanda က ကြောင်ကလေး ဂမ်ဘီနိုကတော့ တခြားကြောင်တွေနဲ့မတူပဲ သခင်ဖြစ်သူကို အံ့သြစရာဖြစ်အောင် လုပ်ပြလိုက်ပြန်ပါပြီ။

instagram/gambino_911
instagram/gambino_911

အဲ့ဒါကတော့ ဂမ်ဘီနိုလေးက သခင်ဖြစ်သူကို ထူးဆန်းတဲ့အသံနဲ့ ပြန်ထူးလိုက်တာပါ။ ပုံမှန်ဆို ကြောင်အော်သံတွေကို မြှောင်…မြှောင်လို့သာ အကြားရများပါတယ်။ သူတို့စိတ်တိုတဲ့အချိန်၊ စိတ်လှုပ်ရှားတဲ့အချိန်ကျမှ တခွီးခွီး တဂူးဂူးနဲ့ အသံတွေပြောင်းသွားတတ်တာပါ။ ဒါပေမယ့် ဂမ်ဘီနိုလေးကတော့ သူပုန်းနေတဲ့နေရာဆီ သခင်ကလာပြီး ကြည့်တဲ့အခါ “Well, Hi!” ဆိုပြီး အသံလေးနဲ့ ပြန်နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကြောင်အော်သံဖြစ်ပေမယ့်လည်း “Well, Hi!” ဆိုတဲ့ အသံကိုတော့ တကယ့်ကို ပီပီသသကြီး ကြားလိုက်ရမှာပါ။

READ
Handstand Challenge ကို သူများတွေထက် ထူးခြားအောင်လုပ်ပြသွားတဲ့ အားကစားမယ်
instagram/gambino_911
instagram/gambino_911

စကားပြောတတ်တဲ့ (၈) နှစ်အရွယ် ဂမ်ဘီနိုလေးရဲ့ ဗီဒီယိုဖိုင်ကိုတော့ အောက်မှာ ဖော်ပြထားပေးပါတယ်။

လင်းလင်း (ShweMom)

SHARE