အိမ်ထဲဝင်လာတဲ့ ၂၀ တန်းအရွယ်သူခိုးကို ဆေးရုံရောက်အောင်လုပ်ခဲ့တဲ့ ၈၀အရွယ်အဖွား

YouTube-ABC

အသက် ၂၀ တန်းအချင်းချင်းတောင်မှပဲ ကိုယ့်ထက်အကောင်သေးသူဖြစ်စေဦး ကိုင်ပေါက်နိုင်တယ်ဆိုတာ ခပ်ရှားရှားပါပဲ။ ဒါကို အသက် ၈၀ ကျော်ဖွားဖွားက အိမ်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ သူခိုးကို ကိုင်ပေါက်ကာ ဆေးရုံရောက်သွားတဲ့အဖြစ်ကြီးဆိုတာကတော့ တကယ့်အံ့မခမ်းဖြစ်ရပ်ကြီးတစ်ခုပါပဲ။

YouTube-ABC

သူမနာမည်ကတော့ Willie Murphy ပါ။ အသက်ကတော့ ၈၂ နှစ်ရှိလို့နေပါပြီ။ နယူးယောက်ရဲ့ ရိုချက်စတာနေအိမ်မှာ တစ်ယောက်တည်းနေထိုင်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကတေပါ့။ ဥာဥ့်လည်းနက်နေပြီဆိုတော့ Willie ဟာ ထုံးစံအတိုင်းပဲ အိပ်ယာဝင်ဖို့ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ရုတ်တရက် သူမရဲ့အိမ်ရှေ့တံခါးဝဆီကနေ တံခါးခေါက်သံကြားလိုက်ခဲ့ရပါတယ်။ တံခါးခေါက်တာထက်စာရင် တံခါးကို အားနဲ့အင်နဲ့ထုရိုက်နေတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ညကလည်းနက်နေပြီ၊ ဒီလိုတံခါးကို လာထုရိုက်နေတယ်ဆိုတာ ပုံမှန်မဟုတ်တော့မှန်း သိသွားခဲ့ပါတော့တယ်။ ဒါနဲ့ Willie က မေးလိုက်တယ်၊ ဘယ်သူလဲ ဘာကိစ္စရှိလို့လဲပေါ့။ တစ်ဖက်က ပြန်ဖြေခဲ့တာကတော့ ကျွန်တော်ရုတ်တရက်နေမကောင်းလာလို့ ဝင်ခွင့်ပြုပါ၊ ဆေးရုံကားခေါ်ပေးပါတဲ့။

YouTube-ABC

ခဏတော့ Willie တစ်ယောက် ကြောင်အသွားခဲ့တယ်။ လူဆိုတာ ကိုယ်ချင်းစာစိတ်တွေ ကိန်းအောင်းနေတတ်တယ်မဟုတ်လား။ သူမစဉ်းစားနေတုန်းမှာပဲ တစ်ဖက်လူက တံခါးကို ပုံမှန်ထက်ပိုကျယ်ကျယ် ထုရိုက်လာပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ထုရိုက်တာထက် ကိုယ်လုံးနဲ့တံခါးကို တိုက်ဖွင့်နေတဲ့အသံပါ။ ဒါကြောင့် Willie ဟာ ရဲဌာနကို အမြန်ဆုံးလာခဲ့ပေးဖို့ ဖုန်းဆက်အကြောင်းကြားလိုက်ကာ တံခါးနားမှာပဲ စောင့်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အိမ်တံခါးမကြီး ပွင့်သွားခဲ့ပြီး လူစိမ်းတစ်ယောက် Willie အိမ်ထဲ ရောက်လာခဲ့ပါတော့တယ်။

READ
ဘောင်းဘီထဲပါလာတဲ့အဆိပ်ပြင်းပင့်ကူ ကိုက်တာခံရလို့ ဆေးရုံရောက်ခဲ့ရတဲ့အမျိုးသမီး

Willie ဟာလည်း မတုန့်ဆိုင်းနေဘဲနဲ့ အနားမှာရှိနေတဲ့ စားပွဲကြီးကို ကောက်မလိုက်ပြီး လူစိမ်းကို ရိုက်ချလိုက်ခဲ့ပါတယ်။ နောက်မှာတော့ ချက်ချင်းဆိုသလို ခေါင်းလျှော်ရည်ဗူးကို ယူ၊ လူစိမ်းရဲ့မျက်လုံးထဲဝင်အောင် ညှစ်ချလိုက်ပြီး မျက်နှာတစ်ခုလုံးကိုလည်း ခေါင်းလျှော်ရည်တွေလောင်းချ။ ဒီမှာတင်မရပ်သေးဘဲ တစ်ဆက်တည်း အနားမှာရှိနေတဲ့ တံမြက်စီးကိုယူပြီး အဆက်မပြတ်ထိုးလိုက်၊ ရိုက်လိုက် နှက်လိုက်လုပ်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ ကျူးကျော်ဝင်ရောက်လာသူခင်ဗျာ လှုပ်တောင်မလှုပ်နိုင်တော့ပါဘူး။

တအောင့်လောက်အကြာမှ ရဲ ၄ ယောက်အလျှင်အမြန်ရောက်လာခဲ့ပါတယ်။ အလာကောင်းပေမယ့်လို့ အခါနှောင်းသွားခဲ့ပါပြီ။ Willie ဟာ ရဲတွေရဲ့တာဝန်ကို ခေါင်းလျှော်ရည်တစ်ဗူးတည်းနဲ့ စွမ်းဆောင်သွားနိုင်ခဲ့ပါ။ သူခိုးကတော့ ထတေင်မထနိုင်တော့ပါဘူးတဲ့လေ။ ဒါကြောင့် Willie တံခါးကို လာခေါက်ခဲ့တုန်းက ဆေးရုံကားခေါ်ပေးပါဆိုတဲ့ စကားအတိုင်း တကယ်ကြီး ဆေးရုံကားခေါ်ပေးကာ ထိန်းသိမ်းခံခဲ့ရပါတော့တယ် Willie ရဲ့လုပ်ရပ်ကို ရဲတွေကိုယ်တိုင်တောင် တအံ့တသြဖြစ်ပြီး ချီးကျူးဖွယ်ကောင်းလွန်းတဲ့သတ္တိကြောင့် ဓာတ်ပုံအတူတူရိုက်ဖို့တောင် ခွင့်တောင်းခဲ့ရပါတော့တယ်။

“ဟုတ်တယ်၊ ကျွန်ကအိုပြီ တစ်ယောက်တည်းလည်းနေတယ် ဒါပေမဲ့ ကျွန်မက သန်မာတယ်” တဲ့လေ။ တကယ်တော့ အသက် ၈၂ နှစ်အရွယ် Millie Murphy ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက အခုအချိန်အထိ တစ်ရက်မှ မပျက်ဘဲ gym သွားကာ ဝိတ်မတဲ့အားကစားကို ပြုလုပ်နေခဲ့တာပါ။ ဒါကြောင့်လည်း အသက် ၈၀ ကျော်တန်းမှာ ပေါင် ၂၂၅ ပေါင်ရှိနေတဲ့အလေးကို မနိုင်နေဆဲဖြစ်ပါတယ်။

READ
ဖင်တရွတ်တိုက်ဆွဲနေတဲ့ ခွေးကို ကယ်နေရင်း လော်ရီကားတိုက်ခံလိုက်ရတဲ့ အမျိုးသား
YouTube-ABC
YouTube-ABC

Penny

SHARE