ရေထဲကျသွားတဲ့ ကားထဲကလူကို ကိုယ်ကျိုးစွန့်ပြီး ကယ်တင်ခဲ့တဲ့ အဘိုးအို

YouTube- KCRA News

သူ့နာမည်ကတော့ Steve Montelongo ပါ။ အသက်ကတော့ ၈၀ ရှိနေပါပြီ။ ကယ်လီဖိုးနီးယားမှာနေထိုင်သူတစ်ဦးပါ။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက Steve ဟာ မြို့ထဲမှာရှိနေခဲ့ပါတယ်။ မြေးဖြစ်သူကို သွားဆေးခန်းလိုက်ပို့ပြီး အိမ်ပြန်လာခဲ့တာပါတဲ့။

YouTube- KCRA News

အဲဒီအချိန် Steve ရဲ့ မြေးမလေးဟာ ထအော်ခဲ့သတဲ့။ “ဖိုးဖိုးရေ ဟိုမှာ ကားကြီးရေထဲထိုးကျသွားတယ်”။ မြေးမလေးလက်ညှိုးထိုးပြတဲ့နေရာကိုလည်း ကြည့်လိုက်ရော တကယ်ပဲ ကားပြာလေးတစ်စီးဟာ ရေကာတာထဲကို ထိုးကျနေခဲ့တာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ပဲ Steve ဟာ မောင်းနေတဲ့ကားကို ချက်ချင်း ထိုးရပ်လိုက်ပြီး အက်ဆီဒင့်ဖြစ်တဲ့နေရာကို ပြေးသွားကြည့်ခဲ့ပါတယ်။

YouTube- KCRA News

အနားမှာ လူတွေ အယောက် ၂၀ လောက် ကားထိုးကျနေတဲ့နေရာကို ဝိုင်းအုံကြည့်နေပေမယ့်လို့ ဘယ်သူမှ ဆင်းကူညီမယ့်သူမရှိခဲ့ပါဘူးတဲ့။ ဒါနဲ့ Steve လည်းတွေးလိုက်တယ်မဖြစ်တော့ဘူးဆိုပြီး အသက် ၈၀ အရွယ် အဘိုးဟာ ရေထဲကို ဒိုင်ဗင်ပစ်ဆင်းသွားခဲ့ပါတယ်။ ရေထဲကျနေတဲ့ ကားထဲကလူကိုကယ်ဖို့အတွက် အရင်ဆုံး လေ့မချထားတဲ့တံခါးများရှိမလားဆိုပြီး လိုက်ရှာရပါတယ်တဲ့။ ကံကောင်းချင်တော့ အနောကဖက်ကားတံခါးဟာ လော့မချထားတဲ့အတွက် Steve တစ်ယောက် အဲဒီတံခါးကိုဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။

READ
ကမ္ဘာကြီးရဲ့အစွန်းကို ရှာဖွေဖို့ ခရီးထွက်ကြတော့မယ်ဆိုတဲ့ ကမ္ဘာပြားသီအိုရီသမားများ
YouTube- KCRA News
YouTube- KCRA News

တံခါးကိုလည်း ဆွဲဖွင့်လိုက်ရော ရေနဲ့လေနဲ့ဖိအားအရှိန်ကြောင့် အသက် ၈၀ အရွယ် Steve ဟာ နောက်ပြန်လဲကျသွားခဲ့ပြီးတော့ မနည်းကို ဟန်ချက်ပြန်ထိန်းခဲ့ရပါတယ်တဲ့။ ဒါပေမဲ့လည်း တံခါးပွင့်ပွင့်ချင်းမှာပဲ ကားထဲက မေ့နေတဲ့လူငယ်လေးကို တီရှပ်ကနေဆွဲပြီး မနည်းရေကူးကာ ကမ်းပေါ်ကိုပြန်တက်လာခဲ့ရပါတယ်တဲ့။ ဒါပေမဲ့ အခုတော့ ကားတံခါးပွင့်သွားတဲ့အရှိန်ကြောင့် အနားတော့ ယူနေရပါတယ်။

Steve ဟာ ၂၀၀၃ ခုနှစ်တုန်းကလည်း အလားတူပဲ လူ့အသက်ကို ကယ်တင်ခဲ့တဲ့အလုပ်ကို လုပ်ခဲ့ဖူးပါသေးတယ်။ အဲဒါကတော့ ဘေးအိမ်နီးနားချင်းအိမ်တစ်အိမ်မှာ မီးတွေလောင်တုန်းကပါတဲ့။ အသက် ၈၀ အရွယ် အဖိုးအိုနဲ့အဖွားအိုတို့ ပိတ်မိနေခဲ့တဲ့အတွက် တစ်ဦးတည်းအင်အားနဲ့ မီးတောထဲကနေ ကယ်ထုတ်ခဲ့ဖူးပါသေးတယ်။  ဒါကြောင့်လည်း လူစွမ်းကောင်းတံဆိပ်ကို ပေးအပ်ခြင်းခံထားရသူပါ။ Steve ဟာ သူ့ဘဝမှာတင် လူ့အသက် ၃ သက်လောက်ကို ကယ်တင်ခဲ့ဖူးပါတယ်လို့ People မှာ ဖော်ပြထားခဲ့ပါတယ်။

READ
ထူးထူးဆန်းဆန်း ဖတ်မိသူကို ပြုံးစိစိဖြစ်သွားစေမယ့် အိမ်သာတွင်း/ပြင်က သတိပေးစာများ

လူတွေကတော့ Steve ကို လူစွမ်းကောင်းလို့ ခေါ်နေပေမယ့်လို့ ဒီစကားနဲ့ပတ်သက်ပြီး Steve ပြောခဲ့တဲ့စကားကတော့ “ကျွန်တော်က လူစွမ်းကောင်းမဟုတ်ပါဘူး၊ ကံကောင်းစွာနဲ့ပဲ အချိန်ကိုက်အခွင့်အေးတွေကို ရနေတာပါ” လို့ပြောခဲ့ပါတယ်။

penny

SHARE