ဝက်ဝံတစ်ကောင်နဲ့ အသက်လုပြီး တိုက်ခိုက်ခဲ့ရတဲ့ အသက်(၈၂)နှစ်အရွယ်ဖွားဖွား

[email protected] Pixabay-skeeze

ဝက်ဝံဆို တစ်ကယ်ကို ကြောက်ဖို့ကောင်းတဲ့ တောရိုင်းတိရစ္ဆာန်တစ်ကောင်ပါ။ ဆပ်ကပ်ထဲမှာရှိတဲ့ ဝက်ဝံတို့၊ တိရစ္ဆာန်ရုံထဲမှာရှိတဲ့ ဝက်ဝံတွေဆိုတာ လူတွေနဲ့ အနီးကပ်ပေါင်းသင်းရတာကြာနေပြီဖြစ်လို့ ယဉ်ပါးကောင်း ယဉ်ပါးနိုင်ပါတယ်။ ဒါပေမယ့် တောရိုင်းဝက်ဝံတွေကတော့ အင်မတန်ကို ကြောက်ဖို့ ကောင်းတဲ့ အကောင်ကြီးတွေပဲ ဖြစ်ပါတယ်။ အခုလည်း ဂျပန်နိုင်ငံက အသက် ၈၂ နှစ်အရွယ် အဖွားအိုတစ်ယောက်ဟာ သူ့ခြံထဲဝင်လာတဲ့ တောရိုင်းဝက်ဝံတစ်ကောင်နဲ့ တိုက်ခိုက်ခဲ့ပြီး ခြံထဲကနေမောင်းထုတ်ခဲ့ကြောင်း Sore News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-skeeze

ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၂၃.၇.၂၀၂၀)တုန်းက ဂျပန်နိုင်ငံ၊ Kita Hiroshimacho မြို့အနီးရှိ Hiroshima စီရင်စုမှာ နေထိုင်တဲ့ အသက် ၈၂ နှစ်အရွယ်ရှိ Rumiko Sasaki အမည်ရှိ အဖွားအိုဟာ ဝက်ဝံတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနေ့ညနေခင်းလောက်မှာ Rumiko နဲ့ သူ့ယောကျာ်းဖြစ်သူဟာ ခြံအနောက်ဖက်မှာ မြက်တွေရှင်းနေကြပါတယ်။ အဲဒီအချိန်မှာ Rumiko ရဲ့ ခင်ပွန်းဖြစ်သူဟာ ခြံအနောက်ဖက်ကနေ ခြေသံတစ်သံကြားလို့ လှည့်ကြည့်လိုက်တော့ သူ့မိန်းမနဲ့ မလှမ်းမကမ်းနေရာမှာ ဝက်ဝံတစ်ကောင် ရပ်ပြီးကြည့်နေတာကို တွေ့ခဲ့ရပါတယ်။

ဒါနဲ့ Rumiko ရဲ့ ခင်ပွန်းဖြစ်သူဟာ Rumiko ကို လှမ်းပြီး သတိပေးခဲ့ပါတယ်။ ဒါနဲ့ ဖွားဖွား Rumiko လည်း သူ့အနောက်ကို လှမ်းကြည့်ခိုက်တဲ့အချိန်မှာတော့ ဝက်ဝံနက်ကြီးတစ်ကောင်ဟာ လက်သည်းနဲ့ ကုတ်ခြစ်တော့မယ့် ပုံစံနဲ့ Rumiko ဆီ ပြေးဝင်လာခဲ့ပါတယ်။ အဲဒီအချိနှ်ာ Rumiko လည်း ကြောက်အားလန့်အားနဲ့ အားလို့အော်ပြီး ပြေးလာတဲ့ ဝက်ဝံကို ခြေထောက်နဲ့ တောက်လျှောက်ကန်ကြောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဝက်ဝံလည်း ကြောက်လန့်တကြားနဲ့ ခြံအနောက်ဖက်အပြင်ရှိ စိုက်ခင်းထဲကို ပြေးဝင်သွားခဲ့ကြောင်း သိရပါတယ်။

READ
ကလေးမွေးလိုက်လို့ စပွန်ဆာရပ်ခဲ့တဲ့အပေါ်ဝေဖန်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်ရေလှိုင်းစီးသူ
[email protected]

“အမှန်တစ်ကယ်တော့ ဝက်ဝံကို ကြောက်လွန်းလို့ အော်ဟစ်ပြီး ကန်မိကန်ရာ ပြန်လုပ်လိုက်တာပါ။ တော်သေးတယ်… ဝက်ဝံလက်သည်းနဲ့ မျက်နှာကို နည်းနည်းပဲ ခြစ်မိသွားတာ။ မသေကောင်းမပျောက်ကောင်းပါရှင်။ နောက်တစ်ခါကျရင် ခြံအနောက်က ခြံစည်းရိုးကို သေသေချာချာမြှင့်ပြီး ကာထားရမယ်” လို့ Rumiko က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE