အိန္ဒိယမှာ မိုးကြိုးပစ်လို့ လူ (၈၃)ဦးထက် မနည်း သေဆုံး

Image:pixabay/skeeze

အိန္ဒိယမှာတော့ မိုးကြိုးပစ်လို့ လူ (၈၃)ဦး ထက်မနည်း  သေဆုံးခဲ့ပါတယ်။ဒီ သတင်းကိုတော့ CNN မှာ ဖော်ပြထား တာပါ။အိန္ဒိယ အ ရှေ့ မြောက် ပိုင်း Bihar ပြည် နယ်မှာ ဇွန် (၂၅)ရက်နေ့က မိုးကြိုးပစ်ခဲ့တာ လို့ အစိုး ရ အာဏာ ပိုင်တွေ က ပြောပါတယ်။Bihar ပြည်နယ် သ ဘာဝ ဘေးအန္တရယ် ဆိုင်ရာ ဌာန က တော့ သေဆုံးမှုနှုန်း အများဆုံး လို့ ပြောခဲ့ပါတယ်။သေဆုံးမှု ထဲကမှ (၂၂)ခုက တော့ ပြည်နယ် တစ်ဝန်းမှာ ရှိတဲ့ ဒေသ တွေ မှာ ဖြစ်ခဲ့တာပါ။ဒီ သေဆုံးမှု က တော့ ဇွန် (၂၅)မှာ မိုးကြိုးပစ်ခံ ရပြီး သေဆုံးမှု အများဆုံး အဖြစ် စံချိန် တင်ခဲ့ပါတယ်။ကျန် ရစ်သူ မိသားစုဝင်တွေ အတွက် တော့ အ မေရိကန် ဒေါ်လာ (၅၃၀၀) ကို နစ်နာ ကြေး ပေးလျော် ဖို့ စ တင် ဆောင် ရွက် နေတယ်လို့ သဘာဝ ဘေးအန္တရာယ် ဆိုင် ရာ စီမံမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

Image:pixabay/enriquelopezgarre

အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာမိုဒီ က တော့” Bihar နဲ့ Uttar Pradesh ပြည် နယ် တို့ မှာ မိုး သည်းထန် စွာ ရွာ သွန်းမှု နဲ့ မိုးကြိုးပစ်မှု ကြောင့် စိတ် မ ကောင်းစရာ ဖြစ်ရပ်တွေ ဖြစ်ခဲ့ ကြောင်းနဲ့ အစိုးရ အ နေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို အ ရေး ပေါ် လုပ် ဆောင် နေတယ်လို့ ပြောခဲ့ပါတယ်။ကျန်ရစ်သူ မိ သားစု တွေ အတွက် လည်း  ၀မ်းနည်း ကြောင်း တွစ်တာ မှာ တင်ထားပါတယ်။

READ
Gamer တွေအတွက် သီးသန့်ထုတ်လုပ်လိုက်တဲ့ Puma ရဲ့ အားကစားဖိနပ်အသစ်
Image:pixabay/FelixMittermeier

မုတ်သုံရာသီမှာတော့ ရေကြီးမှု၊မိုးကြိုးအန္တရာယ် တွေ ကို သတိထား နေထိုင်ရပါတယ်။အိန္ဒိယနဲ့ တောင်အာရှ နိုင်ငံ တွေ မှာတော့ မေ နဲ့ ဇွန် လ တွေမှာ မိုးကြိုး အန္တရာယ် နဲ့ ကြုံတွေ့ ရတတ်ပါတယ်။အိန္ဒိယရဲ့ မှတ် တမ်း တွေ အရ ဆိုရင် (၂၀၁၇)မှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသူ (၂၈၈၅)၊(၂၀၁၈) မှာတော့ (၂၃၇၅) ရှိ ခဲ့တယ်လို့ ဆိုပါတယ်။အ မေရိကန်မှာတော့ (၂၀၁၉) မှာ မိုးကြိုး ကြောင့် လူ(၂၀) သေဆုံးခဲ့ပါတယ်။အိန္ဒိယ မှာတော့ မိုးကြိုးပစ်ခံရပြီးသေဆုံးသူ အများစုဟာ တောင်သူ လယ်သမားတွေပါ။မုတ်သုံရာသီ ရောက်တာ နဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ဖို့ လယ်ထဲ၊ယာထဲ ဆင်း ရာ က နေ မိုးကြိုးပစ်ခံ ခဲ့ရတာပါ။

#SHWEMOM

SHARE