ဘ၀ရဲ့ နောက်ဆုံးချိန်ထိ ကတိတွေကို ရင်ဝယ်ပိုက်ခဲ့တဲ့ ရဲဘော်ရဲဘက်နှစ်ဦး

“တကယ်လို့ ငါတို့ မသေပဲ ကျန်နေသေးရင် နှစ်သစ်ကူးညတိုင်း ငါတို့တွေ့မယ်လို့ ကတိပေးလား”

အချိန်ကာလ အားဖြင့် (၁၉၆၈) ခုနှစ်ရဲ့ နှစ်သစ်ကူး အကြိုညမှာပေါ့… ဗီယက်နမ်နိုင်ငံရဲ့ မာဘယ်တောင်တန်းတွေပေါ်က ကတုတ်ကျင်းထဲမှာ မရိန်းတပ်သားနှစ်ယောက် တုန်ရီစွာနဲ့ ပူးကပ်နေခဲ့ကြတယ်။ မော်တာ လက်နက်ကြီးကျည်ဆံ သံတွေနဲ့အတူ သေမင်းရဲ့ ခေါ်သံတွေကို ပါကြားနေရတယ်။ ရန်သူ ၀ိုင်းတာခံနေရပြီ။

Newsner

အဲ့ဒီနေ့မှာ ရဲဘော်နှစ်ယောက်က တကယ်လို့ သူတို့ နှစ်ယောက်စလုံး အသက်ရှင်ကျန်ပြီး ဗီယက်နမ်ကို အောင်နိုင်သွားခဲ့သည်ရှိသော် တစ်သက်လုံး နှစ်သစ်ကူးညတိုင်း  စကားလက်ဆုံ ပြောကြမယ်ဆိုတဲ့ ကတိတစ်ခုကို ပြုခဲ့ကြတယ်။

Master Sgt. Williams H. Cox နဲ့ First Sgt. James T.Hollngsworth တို့နှစ်ယောက်ရဲ့ ကတိက အားတစ်ခုဖြစ်သွားသလိုပဲ ဘန်ကာထဲက အသက်ရှင်လွတ်မြောက်နိုင်ခဲ့ကြတယ်။

ဗီယက်နမ်မှ နောက်တန်းကို ပြန်ခဲ့ပြီးနောက် မရိန်းတပ်မှာ နောက်ထပ် နှစ် (၂၀) အမှုထမ်းခဲ့တယ်။ ဒါဟာ ကိုယ့်လမ်း ကိုယ်မလျှောက်ခင်ထိ အတူရပ်တည်ခဲ့ကြချိန်တွေပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ခက်ခဲစွာတည်ဆောက်ခဲ့ကြတဲ့ ကတိကိုတော့ ဘယ်တော့မှ အထိခိုက်မခံခဲ့ကြဘူး။ သူတို့  နှစ်သစ်ကူးညတိုင်းမှာ အတူဆုံတွေ့ခဲ့ကြတာ နှစ် (၅၀) တိုင်အောင်ရှိခဲ့ပြီ။

READ
မာလာလာဆီကနေ လူငယ်တွေ သင်ယူရမယ့်အချက်(၃)ချက်

အိုခြင်း၊ နာခြင်း၊ သေခြင်းတွေကို ဘယ်သူမှ ငြင်းဆန်လို့ မရသလိုပဲ  Sgt Hollingsworth မှာ ရောဂါ ကျွမ်းနေပြီးဆိုတဲ့ အကြောင်း Sgt Cox က သိလိုက်ရတယ်။ ဒါနဲ့ ချက်ချင်း နေထိုင်ရာ South Carolina မှ Georgia ကို သူငယ်ချင်းနဲ့ နောက်ဆုံးတွေ့ခွင့်အတွက် အမှီရောက်လာခဲ့တယ်။

“Willie.. ငါ မင်းကို နောက်ဆုံးအနေနဲ့ ကတိ တောင်းစရာရှိတယ်။ မင်းက အားလုံးထက် ငါ့အကြောင်းကို ပိုသိတဲ့ သူဆိုတော့ ငါ့အတွက် ဂုဏ်ပြုစကားကို မင်းပဲပြောပေးပါ”  ရိုးရိုးလေးပါ။ ဒါပေမယ့် Sgt Cox ဟာ လဲထိုးခံလိုက်ရသလို ခံစားမှုတွေနဲ့ လက်ခံဖို့ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ “ဟရောင်ရေ မင်းပေးသမျှ အဆိုင်းတွေထဲမှာ ဒီတစ်ခုက အကြမ်ဆုံးပဲ” ငယ်မူသွင်းပြီး ပြန်ပြောခဲ့တယ်။

READ
အောင်မြင်မှုကို သင်ကိုယ်တိုင် ရှာဖွေနိုင်ပါတယ် ဆိုတဲ့ တိုင်းရင်းသားလေး Dee Dee
Dkn.tv

ခံစားရတာပေါ့… သေမင်းဆီက တူတူ လွတ်မြောက်ခဲ့ပြီး တစ်လျှောက်လုံး အတူဖက်တွယ်ခဲ့တဲ့ သူငယ်ချင်းက ခွဲခွာချိန်တိုင်သည် အထိ ဘယ်လို စိတ်ထားတယ်ဆိုတာကို အရိုးသားဆုံး သိလိုက်ရတဲ့ ခံစားမှုထက် လေးနက်တာ ဘာရှိနိုင်ပါဦးမလဲ။

လုပ်ဖော် ကိုင်ဖက်၊ ရဲဘော် ရဲဘက်၊ တွဲဘော်တွဲဘက် တွေထက်ပိုပြီး ညီအကိုတွေလို သွေးနီးတဲ့ ဆက်နွှယ်မှုတွေလည်း ရှိတယ်ဆိုတာကို Sgt. Cox ပြောပြပါတယ်။

Vietfeat

Sgt Hollingsworth ရဲ့ ဈာပနာ အခမ်းအနားမှာ အသက်(၈၃)နှစ်ရှိပြီဖြစ်တဲ့ Sgt Cox ဟာ ယူနီဖောင်း အပြည့်အစုံနဲ့ ပွဲတစ်လျှောက်လုံး အခေါင်းဘေးမှာ အစောင့်အကြပ်အဖြစ်ရှိနေပေးခဲ့ပါတယ်။ ကတိထားရှိတဲ့ အတိုင်း ထိခိုက်လှတဲ့ ဂုဏ်ပြုစကားကို စကားမရှာတွေ့နိုင်အောင် ခံစားနေရတဲ့ ကြားက အကောင်းဆုံးပြောပေးခဲ့တယ်။

“ဆက်ပျံသာ ပျံနေလိုက်ပါ Hollie ရေ… ငါတော့ ဆက်ပြီး တိုက်ပွဲ ၀င်လိုက်ဦးမယ်” ဆိုတဲ့ တာဝန်တွေပြီးတိုင်း ပြောနေကြ စကားလေးနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။

Souce: Newsner

Matthew (Shwemom)

SHARE