အင်စတာဂရမ်မှာ နေ့ချင်း ညချင်းအောင်မြင်လာတဲ့ ဂျပန်နိုင်ငံက ဖက်ရှင်ဖိုးဖိုး

@slvr.tty/ Instagram

လူတိုင်း အင်စတာ ဂရမ်းပေါ်မှာ အောင်မြင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဂျပန်နိုင်ငံက အသက် ၈၄ နှစ်အရွယ် အဖိုးအိုတစ်ယောက်ကတော့ နေ့ချင်း ညချင်း ဆယ်လီတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by SLVR.TETSUYA | シルバーテツヤ (@slvr.tty) on

အဖိုးအိုရဲ့ နာမည်က Tetsuya လို့ခေါ်ပြီး အငြိမ်းစား ဓာတုဗေဒဆရာတစ်ယောက်ဖြစ်ပါတယ်။ သူက ဖက်ရှင်ဓာတ်ပုံတွေ တင်ပြီး ပရိတ်သတ် ၉၆,၀၀၀ ကျော်ကို တစ်လလောက်အတွင်းမှာ ရရှိခဲ့ပါတယ်။ ပရိတ်သတ်တွေကလည်း အခုဆို သူ့ရဲ့ ပိုစ့်အသစ်တွေကိုလည်း စောင့်မျှော်နေကြပါတယ်။

 

View this post on Instagram

 

A post shared by SLVR.TETSUYA | シルバーテツヤ (@slvr.tty) on

အဖိုးအို ၀တ်ခဲ့တဲ့ အ၀တ်အစားတွေဟာဆိုလည်း မြေးဖြစ်သူတွေရဲ့ အ၀တ်အစားတွေလို့ သိရပါတယ်။ Naoya Kudo ဆိုသူဟာ ရက်ရှည် နားရက်ရတုန်း Akita စီရင်စုနယ်ဆီကို ပြန်လာခဲ့ရာ အဲ့ဒီ့မှာ နေရင်း ပျင်းပျင်းရှိတာနဲ့ ဘာလုပ်ရကောင်းမလဲ စဉ်းစားရင်း သူ့အဖိုးကို အ၀တ်အစားတွေ ဆင်ပေးပြီး ဓာတ်ပုံရိုက်ရင်ကောင်းမယ်ဆိုတဲ့ အိုင်ဒီယာထွက်လာခဲ့တာဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by SLVR.TETSUYA | シルバーテツヤ (@slvr.tty) on

 

View this post on Instagram

 

A post shared by SLVR.TETSUYA | シルバーテツヤ (@slvr.tty) on

ထူးထူးခြားခြားပဲ Tatsuya ကလည်း အိုင်ဒီယာကို လက်ခံတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် အဖိုးက ပိုတောင်မှ ထက်သန်သေးပြီး ရိုက်ဖို့နေရာနဲ့ တခြားအရာတွေအတွက်တောင် အကြံဉာဏ်တွေ အများကြီးပေးခဲ့ပါတယ်။ အ၀တ်အစားလဲပြီး ပထမဆုံးမြင်လိုက်ရချိန် တစ်အိမ်သားလုံး ၀က်ဝက်ကွဲကုန်တယ်လို့ Kudo က BuzzFeed မီဒီယာကိုပြောပြထားပါတယ်။

 

View this post on Instagram

 

A post shared by SLVR.TETSUYA | シルバーテツヤ (@slvr.tty) on

 

View this post on Instagram

 

A post shared by SLVR.TETSUYA | シルバーテツヤ (@slvr.tty) on

အဖိုးဖြစ်သူရဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်မှုရှိပြီး အမှတ်တရတွေရှိခဲ့တဲ့ ရပ်ကွက်ဝန်းကျင်၊ ကမ်းခြေ၊ သူ စာသင်ခဲ့တဲ့ အလယ်တန်းကျောင်းစတဲ့ နေရာတွေမှာ ရိုက်ကူးဖို့ ရွေးချယ်ခဲ့ကြတယ်။ အဖိုးအိုးဟာ ဘာအပြစ်ဖွဲ့စရာမှ မရှိအောင် အနေအထာကျကျနဲ့ ပိုစ့်တွေကို အမိုက်စားပေးပြီး အရိုက်ခံခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by SLVR.TETSUYA | シルバーテツヤ (@slvr.tty) on

 

View this post on Instagram

 

A post shared by SLVR.TETSUYA | シルバーテツヤ (@slvr.tty) on

လက်ရှိမှာတော့ မြေးဖြစ်သူ Kudo က အဖိုးရဲ့ အကောင့်ကို ကိုင်ထားပြီး ပိုစ့်တွေ တင်ပေးနေပါတယ်။ တစ်နေ့မှာ ဓာတ်ပုံပြပွဲ တစ်ခုကို ကျင်းပနိုင်ဖို့လည်း မျှော်လင့်နေပြီး အဖိုးဟာ ဆိုရှယ်မီဒီယာ အသုံးပြုသူမဟုတ်တဲ့အတွက်ကြောင့် တပည့်ဟောင်းတွေကိုလည်း ဒီလိုနည်းနဲ့ တစ်ဆင့် လာရောက်တွေ့ဆုံဖို့ ဖိတ်ခေါ်ရာရောက်ကြောင်း Kudo က ပြောပြပါတယ်။

 

View this post on Instagram

 

A post shared by SLVR.TETSUYA | シルバーテツヤ (@slvr.tty) on

Matthew (ShweMOM)

SHARE