ကမ္ဘာ့တန်ကြေးအကြီးဆုံး Luxury Brand (၉) မျိုးရဲ့ လုပ်ငန်းတန်ဖိုးများအကြောင်း

shutterstock-andersphoto

ဒီ ၂၀၁၉ ရဲ့ ကမ္ဘာ့ထိပ်တန်း brand များစာရင်းကိုတော့ Marketing consulting company တစ်ခုဖြစ်တဲ့ Interbrand မှ ထုတ်ပြန်ခဲ့တာပါ။ အဆင့်သတ်မှတ်ရာမှာ ကုမ္ပဏီဖက်ကနေပြီး ရောင်းအား၊ တိုးတက်မှုနှုန်း၊ လုပ်ငန်းတန်ဖိုးအစရှိတာတွေကို သေသေချာချာတွက်ချက်ထားခဲ့တာပါ။ ဒီအထဲကမှ Luxury brand အမည်ခံထားတဲ့ ထိပ်တန်း brand ၉ ခုရဲ့ တန်ကြေးချည်းပဲပေါင်းလိုက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၁၇.၇၈၄ ဘီလီယံတောင်ရှိနေပါတယ်တဲ့။ ဘယ် luxury brand တွေဟာ ဘယ်အဆင့်မှာရှိနေပြီး တန်ကြေးဘယ်လောက်တွေရှိနေတယ်ဆိုတာ ဆက်လက်ဖတ်ရှုပေးကြပါဦး။

Prada

Prada.com

လုပ်ငန်းတန်ကြေး အမေရိကန်ဒေါ်လာ ၄.၇၈၁ ဘီလီယံနဲ့ အဆင့် (၉) နေရာရောက်နေခဲ့ပေမယ့်လို့ ဒီနှစ်တွေအတွင်း ၁%လောက် လျော့ကျသွားခဲ့ပါတယ်။ ကမ္ဘာ့ထိပ်တန်း brand များစာရင်းထဲမှာတော့ အဆင့် ၁၀၀ မှာရှိနေပါတယ်။

Burberry

လက်ရှိတန်ကြေးအနေနဲ့ ကန်ဒေါ်လာ ၅.၂၀၅ ဘီလီယံရှိနေခဲ့ပြီး ဒီနှစ်ပိုင်းအတွင်းမှာလည်း ၄% တောင် ထိုးတက်ခဲ့ပါသေးတယ်တဲ့။ ထိပ်တန်း brand များစာရင်းမှာတော့ နံပါတ် ၉၆ နေရာမှာ ရပ်တည်နေပါတယ်။

READ
(၂၀၁၉)ခုနှစ်ရဲ့ ကမ္ဘာ့ထိပ်တန်း မိုးမျှော်တိုက်တွေဆီကို အလည်သွားရအောင် ......
shutterstock-Willy Barton

Tiffany & Co.

အဆင့် ၉၄ နေရာမှာ ရပ်တည်နေတဲ့ လက်ဝတ်ရတနာ brand လေးကတော့ လုပ်ငန်းတန်ကြေး ကန်ဒေါ်လာ ၅.၃၃၅ ဘီလျံတောင်ရှိနေပါတယ်။ ဒါမေပဲ့ လက်ရှိမှာ ၅% လောက်ကို ၂၀၁၈ နဲ့ယှဉ်ရင် ရောင်းအားတွေ ထိုးကျနေခဲ့တာပါ။

Tiffany.com

Dior

Dior.com

မြန်မာပရိတ်သတ်တွေနဲ့ ဆိုရင် Dior ရေမွှေးက အရင်းနှီးဆုံးဖြစ်မှာပါ။ တိုးတက်မှုရာခိုင်နှုန်းဟာ မနှစ်ကထက် ၁၆% ရှိခဲ့ပြီး လုပ်ငန်းတန်ကြေးဟာဆိုရင်လည်း ကန်ဒေါ်လာ ၆.၀၄၅ ဘီလီယံတောင်ရှိနေတာဆိုတော့ အဆင့် ၈၂ မှာ ရပ်တည်လျက်ရှိပါတယ်။

Cartier

shutterstock-Papin Lab

နောက်ထပ် လက်ဝတ်ရတနာကုမ္ပဏီတစ်ခုပါ။ မနှစ်တုန်းကတော့ အဆင့် ၆၇ နေရာမှာရှိနေခဲ့ပေမယ့် ဒီနှစ်မှာတော့ အဆင့် ၆၈ ကို ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း လုပ်ငန်းတန်ကြေးကတော့ ကန်ဒေါ်လာ ၈.၁၉၂ ဘီလီယံရှိနေခဲ့ပြီး တိုးတက်မှုရာခိုင်နှုန်းဟာလည်း ၇% အထိရောက်ခဲ့တာပါ။

Gucci.com

GUCCI

ထိပ်တန်းထဲကမှ ထိပ်တန်း luxury brand တစ်ခုလို့ဆိုရမယ့် GUCCI ကတော့ စာရင်းထဲမှာ အဆင့် ၃၃ နေရာကို ယူထားခဲ့ပါတယ်။ မနှစ်ကထက် ရောင်းအားတွေဟာ ၂၃% အထိ ထိုးတက်လာခဲ့ပြီး တန်ကြေးကတော့ ကန်ဒေါ်လာ ၁၅.၉၄၉ ဘီလီယံတောင်ရှိနေခဲ့ပါတယ်။

READ
ပန်းချီကားထဲက အမျိုးသမီးကို အလွယ်တကူ မြင်ရလား ... ?

Hermès

တိုးတက်မှုရာခိုင်နှုန်း ၉% သာရှိခဲ့ပေမယ့်လို့ လုပ်ငန်းတန်ကြေး ကန်ဒေါ်လာ ၁၇.၉၂ ဘီလီယံနဲ့ အဆင့် ၂၈ မှာရပ်တည်နေပါတယ်။

shutterstock-Fortgens Photography

Chanel

Chanel အိတ်၊ Chanel ရေမွှေးဆိုရင် ပျိုမေတို့ကြား သိပ်ကိုခေတ်စားလွန်းတဲ့ပစ္စည်းတွေပါ။ ကမ္ဘာ့ထိပ်တန်း brand များစာရင်းထဲ အဆင့် ၂၂ နေရာနဲ့ ရပ်တည်လျက်ရှိပြီး လုပ်ငန်းတန်ကြေးဟာ ကန်ဒေါ်လာ ၂၂.၁၃၄ နဲ့ မနှစ်ကထက်စာရင် ၁၁% တောင် တိုးတက်မှုရှိပါတယ်တဲ့။

Channel.com

Louis Vuitton

LV ကတော့ လုပ်ငန်းတန်ကြေး ၃၂.၂၂၃ ဘီလီယံဒေါ်လာနဲ့ ကမ္ဘာ့အဆင့် ၁၇ မှာ ရပ်တည်နေခဲ့တာပါ။ တိုးတက်မှုကတော့ မနှစ်ကနဲ့ယှဉ်ရင် ၁၄% တောင်ရှိနေပါတယ်။

shutterstock-andersphoto

 

Penny

SHARE