ကမ္ဘာတစ်လွှားက ထူးထူးခြားခြား မင်္ဂလာလက်ထပ်ပွဲများ

မင်္ဂလာလက်ထပ်ပွဲ . . . တစ်သက်မှာတစ်ခါဆောင်ရတဲ့ မင်္ဂလာလက်ထပ်ပွဲမှာလို့ လူသားတိုင်းတူညီတဲ့ဆန္ဒတစ်ခုဆီပဲ
ရှိကြပါတယ်။ အဲဒါက မင်္ဂလာပွဲကို ခမ်းနားစွာ ကျင်းပဖို့ပါပဲ။ စီးပွားရေးအခြေအနေရသာ မင်္ဂလာပွဲတွေရဲ့ခမ်းနားမှုက ကွဲ
ပြားကြပေမယ့် ရှိသင့်ထာထက် အားလုံးတန်ဆာဆင်ကြတာပါ။ အဲဒီသမရိုးကျ မင်္ဂလာလက်ထပ်တွေထက် ထူးခြားတဲ့
မင်္ဂလာပွဲတွေလည်းရှိပါတယ်။ Shwemomရဲ့စာဖတ်ပရိသတ်တွေ ဗဟုသုတရစေဖို့ ဝေမျှပေးလိုက်ပါတယ်။

၁။ အ၀တ်မပါတဲ့ မင်္ဂလာပွဲ

Ellie Barton နဲ့ Phil Hendicottတို့ဟာ သြစတြေးလျလူမျိုးတွေဖြစ်ကြပြီး သူတို့ရဲ့မင်္ဂလာပွဲကို ကမ္ဘာပေါ်မှာ ဘယ်သူမှ
မလုပ်ဖူးတဲ့အရာကို လုပ်ချင်ကြတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ မင်္ဂလာပွဲကို အ၀တ်အစားလုံးဝမ၀တ်ဘဲ ပြုလုပ်ခဲ့
ကြပါတယ်။ လက်ဝတ်ရတနာလည်း လုံးဝမပါသလို အ၀တ်အစားမပါဘဲ မင်္ဂလာဆောင်ကြတာပါ။ မင်္ဂလာပွဲကို တက်
ရောက်သူ ဧည့်သည်ပေါင်း 250ရှိပြီး အ၀တ်မပါတဲ့ သတိုးသားနဲ့ သတိုးသမီးတို့ရဲ့ မင်္ဂလာပွဲကို မြင်ကြည့်ရင် . . .

၂။ ကောင်းကင်ပေါ်က မင်္ဂလာပွဲ

Jeroen and Sandra Kippers တို့ဟာ ဘယ်လ်ဂျီယံစုံတွဲတစ်တွဲဖြစ်ပြီး သူတို့ရဲ့မင်္ဂလာပွဲကလည်း ထူးခြားလှတဲ့
မင်္ဂလာလက်ထပ်ပွဲပါပဲ။ သူတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲကို ကောင်ကင်ပေါ်မှာလက်ထပ်ခြင်းလို့ ဆိုကြပါတယ်။ အကြောင်း
ကတော့ စင်မြင့်တစ်ခုပြုလုပ်ပြီး မြေပြင်အထက် ပေ(၁၆၀)မှာ မင်္ဂလာပွဲကို ပြုလုပ်ခဲ့လို့ပါ။ အဲဒီစင်မြင့်ကိုလည်း ကရိန်း
နဲ့ ဆွဲတင်ထားတာဖြစ်ပါတယ်။ ကုန်ကျမှုစရိတ်က ပေါင်(၂၅၀၀၀)ဖြစ်တယ်လို့ သိရပါတယ်။

၃။ ကမ္ဘာ့စံချိန်တင်သွားတဲ့ တရုတ်သတိုးသမီး

တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့က မင်္ဂလာဆောင်တစ်ခုမှာတော့ သတိုးသမီးက ကမ္ဘာ့ဂင်းနစ်စံချိန်တောင်တင်သွားခဲ့ပါတယ်။
တရုတ်သတိုးသမီးဟာ ပေ(657)ရှည်လျားပြီး အလေးချိန်(220)ပေါင်ရှိတဲ့ ၀တ်စုံကို ၀တ်ဆင်ပြီး မင်္ဂလာဆောင် ခဲ့တာဖြစ်ပါတယ်။ အဲဒီဝတ်စုံကို သတိုးသမီးရထားဝတ်စုံလို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ သတိုးသမီးရဲ့ ၀တ်စုံဟာ ဘယ်
လောက်တောင်ရှည်လဲဆိုတာ ပုံမှာမြင်တဲ့အတိုင်းပါပဲ။

READ
ဂိုထောင်သေးသေးလေးတွေထဲက စတင်ခဲ့ကြတဲ့ အံ့မခန်း စီးပွားရေးလုပ်ငန်းကြီးများ

၎။ ရှူးဖိနပ်စတိုးဆိုင်က မင်္ဂလာပွဲ

အမေရိကန်စုံတွဲတစ်တွဲဖြစ်တဲ့ Drew Ellis နဲ့ Satayutတို့ကတော့ T.J Maxxရှူးဖိနပ်စတိုးဆိုင်မှာ မင်္ဂလာဆောင်ခဲ့ကြ
တာဖြစ်ပါတယ်။ သတိုးသမီးဖြစ်သူ Satayutရဲ့ တောင်းဆိုမှုကြောင့် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ အဲဒီရှူးဖိနပ်ဆိုင်မှာ သူမဘ၀ရဲ့ အမှတ်တရာတွေရှိလို့ မင်္ဂလာဆောင်ကိုကျင်းပဖို့ရွေးချယ်ခဲ့တာပါ။ ပကာသနမပါဘဲ ရိုးရာဝတ်စုံနဲ့ မင်္ဂလာ
ဆောင်ခဲ့ကြပါတယ်။

၅။ နှင်းဆီများနဲ့ မင်္ဂလာပွဲ

တရုတ်စုံတွဲတစ်တွဲဖြစ်ပြီး နှင်းဆီအနီ (99,999)နဲ့ မင်္ဂလာပွဲပြုလုပ်ခဲ့တာပါ။ သူတို့ဟာ ကားအစီး(၃၀)ပေါ်မှာ နှင်းဆီ
တွေနဲ့အလှဆင်ပြီး အဲဒီကားတွေရဲ့အလယ်မှာ မင်္ဂလာပွဲကို ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ သတိုးသားဖြစ်သူက အဲဒီမင်္ဂလာ
ဆောင်အကြောင်းကို သတိုးသမီးကိုတောင် ဖွင့်မပြောဘဲ ရိုမန်တစ်ဆန်ဆန် Supriseလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမင်္ဂလာ
ပွဲကုန်ကျစရိတ်ဟာ သတိုးသားရဲ့ တစ်နှစ်လုပ်ခလစာဖြစ်ပါတယ်။ မင်္ဂလာပွဲပြီးတော့လည်း နှင်းဆီပန်း(၂၀)ရာခိုင်နှုန်း
ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

၆။ အချစ်စစ်ရဲ့ ပြယုတ်(သို့) အလွမ်းမင်္ဂလာပွဲ

ဒီမင်္ဂလာပွဲကတော့ ကြားရသူတိုင်း ရင်ကွဲနာကြရတဲ့ အလွမ်းမင်္ဂလာပွဲတစ်ခုပါပဲ။ အင်္ဂလန်လူမျိုးတွေဖြစ်တဲ့ Kevin lavelle နဲ့ Michelle Thomasတို့ဟာ အတူနေချစ်သူတွေဖြစ်ပြီး သား၊သမီးနှစ်ယောက်ထွန်းကားထားပေမယ့် လက်
မထပ်ရသေးတဲ့သူတွေပါ။ ဒါကြောင့် သူတို့ဟာ လက်ထပ်ဖို့အတွက် ပိုက်ဆံစုဆောင်းရှာဖွေနေကြတာပါ။ တစ်နေ့မှာ
တော့ Kevinဟာ အလုပ်လုပ်နေရင်း မသမာသူတစ်စုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ ကျန်ရစ်သူ လွမ်းလေ
ရစ်သော ချစ်သူ Michelleမှာ ချစ်သူအလောင်းတည်ရှိရာ ရင်ခွဲရုံမှာ လက်ထပ်ပွဲကို ကျင်းပခဲ့ပြီး မြေမမြှုပ်ခင်လေး လက်
ထပ်ခဲ့တာဖြစ်ပါတယ်။

READ
အမျိုးသားအင်္ဂါကိုဘူးခါးသီးစွပ်ပြီးပွဲတော်ကျင်းပတဲ့ အင်ဒိုလူရိုင်းမျိုးနွယ်စုများ

၇။ စက်ဘီးလေးကိုစီးပြီး အချစ်တွေကိုဖော်ပြခဲ့တဲ့ မင်္ဂလာပွဲ

ရုရှားစုံတွဲတစ်တွဲဖြစ်ပြီး နှစ်ဦးစလုံးဟာ စက်ဘီးစီးဝါသနာပါတဲ့ သူတွေဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ သတိုးသား၊ သတိုးသမီးဝတ်စုံတွေဝတ်ပြီး မြို့တစ်ပတ်စက်ဘီးစီးကာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။ မင်္ဂလာပွဲလာတဲ့ ဧည့်သည်တွေက
လည်း စက်ဘီးစီးသူတွေပဲဖြစ်လို့ ရာဇ၀င်တွင်သွားတဲ့ စက်ဘီးစီးမင်္ဂလာပွဲဖြစ်ခဲ့ရပါတယ်။

၈။ သတိုးသမီးအရံ(110)ပါတဲ့ စံချိန်တင် မင်္ဂလာပွဲ

အမေရိကန်က သတိုးသမီး Ohioနဲ့ သတိုးသား Jill Stapletonတို့ရဲ့ မင်္ဂလာပွဲကတော့ ဂင်းနစ်စံချိန်တင်ခဲ့တဲ့ မင်္ဂလာပွဲ
ဖြစ်ခဲ့ပါတယ်။ သတိုးသမီး Ohio ရဲ့ သတိုးသမီးအရံဟာ (110)ရှိခဲ့ပြီး ကမ္ဘာ့သတိုးသမီးအရံအများဆုံးအဖြစ် ဂင်းနစ်စံ
ချိန်တင်ခဲ့တာပါ။ သတိုးသားဖြစ်သူ Jill Stapletonဟာ အကကျောင်းကို တည်ထောင်ထားတာကြောင့် သူ့ရဲ့ကျောင်း
သူတွေက သတိုးသမီးအရံလုပ်ပေးခဲ့တာလို့ သိရပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom) , Source ; Odd
SHARE