အသက်(၃၀) အရွယ်မှာ အမျိုးသမီးတွေ ပိုကြည့်ကောင်းလာတဲ့ အကြောင်းရင်းများ

© Eastnews.ru

ခေတ်သစ် အသက်(၃၀) အရွယ် အမျိုးသမီးတွေဟာ ငယ်ရွယ်နုပျိုကြတာကြောင့် သူတို့ကို ရုတ်တရက်ကြည့်လိုက်ရင် အသက်(၂၀) လိုလိုပါပဲ။ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာတင် နုပျိုကြတာ မဟုတ်ပါဘူး၊ သူတို့ရဲ့ အပြုအမူနဲ့ အသံတွေကအစ အသက်(၂၀) လေးလို့ ထင်စရာပါ။ အခုဆိုရင်တော့ အသက်(၂၀) နဲ့ (၃၀) အရွယ် အမျိုးသမီးတွေကြားထဲမှာရှိတဲ့ တူညီချက်တွေနဲ့ ဘာကြောင့် အသက်(၃၀) မှာ အမျိုးသမီးတွေဟာ ပိုဆွဲဆောင်မှူရှိပြီး ပိုလှလာတာလည်း ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

သိပ်ဂရုမစိုက်တော့ဘူး…

© Eastnews.ru

အသက်အရွယ်ရလာတဲ့အခါ အရာတော်တော်များများနဲ့ ပတ်သက်ပြီး သက်တောင့်သက်သာထားလိုတဲ့ စိတ်ဖြစ်လာပါတယ်။ လူတွေရဲ့ အမြင်ကိုလည်း သိပ်ဂရုမစိုက်တော့ပါဘူး။ အသက်(၃၀)အရွယ်မှာ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှူပိုရှိလာသလို သူများတွေက ကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတာကို စိုးရိမ်ကြောင့်ကြတဲ့စိတ်လည်း နည်းပါးလာပါတယ်။ ဒါကြောင့်လည်း သူတို့တွေက ပိုစိတ်ဝင်စားစရာကောင်းပြီး လူတွေကို ပိုဆွဲဆောင်နိုင်နေတာပါ။

ခေတ်ရေစီးနောက်ကို လိုက်တယ်..

© Eastnews.ru

မကြာခဏဆိုသလို အသက်(၂၀) နဲ့ အသက်(၃၀) အရွယ် အမျိုးသမီးတွေကို ခွဲခြားရခက်ပါတယ်။ ခေတ်မီတဲ့ အမျိုးသမီးတစ်ဦးဟာ မိတ်ကပ်လိမ်းခြယ်ပြီး လက်ရှိခေတ်စားနေတဲ့ အ၀တ်အစားဒီဇိုင်းတွေကို ခန္ဓာကိုယ်ပေါ် တင်လိုက်တဲ့အခါ (၁၀) နှစ်လောက်ကို နုပျိုသွားတတ်ပါတယ်။ အ၀တ်အစားဝတ်ဆင်ပုံကလည်း နှစ်ဆယ်နဲ့ သုံးဆယ်အရွယ်တွေဟာ သိပ်မကွာကြပါဘူး။

ပစ္စည်းကောင်းတွေကို သုံးနိုင်တယ်..

© Eastnews.ru

အသက်(၃၀) အရွယ်မှာ အမျိုးသမီးတစ်ယောက်အနေနဲ့ အတန်အသင့် ငွေရှာနိုင်နေပြီဖြစ်ပါတယ်။ အချို့အမျိုးသမီးတွေကျတော့လည်း ကိုယ်ပိုင်စီးပွားရေးတွေတောင် ထူထောင်နိုင်နေပါပြီ။ ဒါကြောင့် ဈေးကြီးတဲ့ အ၀တ်အစားကောင်းတွေ ၀ယ်ဝတ်နိုင်လာတဲ့အပြင် ဗြူတီဆလွန်းသွား၊ အလှအပပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ဆရာဝန်တွေဆီ သွားနဲ့ ကိုယ့်ကိုကိုယ် နုပျိုလှပနေအောင် ပြင်ဆင်တတ်နေပြီ ဖြစ်ပါတယ်။

မတည်ငြိမ်မှူတွေကို ကျော်လွှားခဲ့ပြီးပြီ

© Eastnews.ru

လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် ပြဿနာလေးတွေ ရှိပါတယ်။ သူတို့ကိုယ်သူတို့ ထင်မြင်ယူဆချက်နဲ့ သံသယတွေလည်း ရှိနေပါတယ်။ အသက်(၃၀) ရောက်လာတဲ့အခါမှာတော့ တချို့ပြဿနာတွေဟာ ရှောင်လွှဲလို့မရဘူးဆိုတာ သိမြင်သွားပါတယ်။ ဒါကြောင့် ဒီပြဿနာတွေနဲ့ အသားကျ အဆင်ပြေအောင် ကြိုးစားနေတတ်လာတာကြောင့်လည်း သူတို့တွေဟာ ပိုဆွဲဆောင်မှူရှိလာပါတယ်။

ကိုယ့်စတိုင်ကိုယ် သိနေပြီ…

© Eastnews.ru

အသက်(၃၀) အရွယ်ဟာ အမျိုးသမီးတစ်ယောက်အတွက် အလှဆုံး ရွှေခေတ်အချိန်လို့ ပြောနိုင်ပါတယ်။ ဒီအသက်အရွယ်မှာ အမျိုးသမီးတစ်ယောက်ဟာ အားလုံးပြီးပြည့်စုံနေပြီဖြစ်ပါတယ်။ ဘယ်လိုအ၀တ်အစား၊ ဘယ်လိုဒီဇိုင်းကတော့ သူမနဲ့လိုက်တယ်၊ ဘယ်လိုအရာလေးတွေကိုတော့ စမ်းသပ်ကြည့်သင့်တယ်ဆိုတာ သူမ သဘောပေါက်နေပြီ ဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ် လေးစားတတ်နေပြီ…

© Eastnews.ru

အသက်(၂၀) အရွယ်တုန်းကတော့ ရည်းစားက ဖုန်းမခေါ်တာနဲ့ တစ်ညလုံးငိုထားလို့ မနက်ကျတော့ ပုံဆိုးပန်းဆိုးဖြစ်နေတဲ့အချိန်တွေ၊ စာမေးပွဲကျလို့ စိတ်ညစ်ရတဲ့ အချိန်တွေ၊ သူဌေးက ဆူထားလို့ အလုပ်တောင် မဆင်းချင်လောက်အောင် စိတ်ညစ် စိတ်ဓာတ်ကျရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အသက်(၃၀) အရွယ်မှာတော့ အမျိုးသမီးတွေဟာ ပြဿနာသေးသေးလေးတစ်ခုကြောင့် ငိုရတာတွေ နည်းသွားသလို တွေ့ကြုံလာတဲ့ ပြဿနာအများစုကိုလည်း ပိုပြီး ခေါင်းအေးအေးနဲ့ စဉ်းစားတတ်လာပါတယ်။

လိုချင်တာ သိလာပြီ…

© Eastnews.ru

အသက်(၂၀) အရွယ်ဟာ မတည်ငြိမ်သေးတဲ့ အရွယ်ပါ။ ဒီအရွယ်မှာ အမျိုးသမီးတွေဟာ စိတ်ဝင်စားမှူလည်း များသလို ၀ါသနာတွေလည်း များလှပြီး ပရိုဖက်ရှင်နယ်အလုပ်ကို ရှာဖွေနေတဲ့အချိန်ပါ။ အသက်(၃၀) ရောက်လာတဲ့အခါမှာတော့ ကိုယ့်ဘ၀အတွက် ကိုယ်ဘာလိုချင်လဲဆိုတာ နားလည်စပြုလာပါပြီ။ ကိုယ်လိုချင်တာ ဘာလဲဆိုတာကို သိလာတာကြောင့် ဘ၀အတွက် ပန်းတိုင်တွေချမှတ်ပြီး ကြိုးစားနေသူတွေ ဖြစ်လာပါတယ်။ ဒီထဲမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှူနဲ့ စိတ်အားထက်သန်မှူကလည်း တွဲပါလာတာကြေင့် သူတို့တွေဟာ ပိုကြည့်ကောင်းလာရတာ ဖြစ်ပါတယ်။

အစားအသောက် ဖြစ်သလို မစားတော့ဘူး..

© Eastnews.ru

အသက်(၃၀) အရွယ်မှာ ကျန်းမာရေးဗဟုသုတအမြင်တွေလည်း အထိုက်အလျောက် ကြွယ်ဝလာတာကြောင့် အစားအသောက်ကို ချင့်ချိန်စားတတ်လာပါပြီ။ ကိုယ်နဲ့ သင့်တော်တဲ့ အစားအသောက်တွေကိုလည်း ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်တတ်လာပြီး ကိုယ့်အသားအရေ၊ စိတ်ခံစားမှူအပေါ်မှာ သက်ရောက်မှူကောင်းတဲ့ အစားအသောက်တွေကိုသာ ရွေးချယ်စားတတ်နေပြီ ဖြစ်ပါတယ်။ အသက်(၃၀) အရွယ် အမျိုးသမီးတွေက သူတို့ကျန်းမာရေးကို ပိုဂရုစိုက်တဲ့အပြင် အရိုးတွေသန်မာမှူရှိအောင်လည်း နေထိုင်စားသောက်တတ်နေပြီ ဖြစ်ပါတယ်။

အမြဲတမ်းလှနေမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာပြီ…

© Eastnews.ru

အသက်(၂၀)အရွယ် အမျိုးသမီးအများစုကတော့ သူမဟာ အမြဲတမ်းကျန်းမာသန်စွမ်းနေမယ်၊ နုပျိုနေမယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။ ဒါပေမယ့် အသက်(၃၀) အရွယ်ရောက်လာတဲ့အခါမှာတော့ အနာဂတ်ကို ကြိုမြင်လာတာကြောင့် ရေရှည်မှာ ဆက်လက်ပြီး နုပျိုလှပဖို့အတွက် ဘာတွေ လုပ်သင့်တယ်ဆိုတာ သိလာပါတယ်။ ဒါကြောင့် ဒီအရွယ်ဟာ ကိုယ့်ခန္ဓာကိုယ်ကို ပိုဂရုစိုက်တတ်လာတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံးကို သမမျှတအောင် ကြိုးစားထိန်းသိမ်းတတ်လာတာကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ အလှဆုံးအချိန်လို့လည်း ဆိုနိုင်ပါတယ်။ 

လင်းလင်း (ShweMom)

READ
ဖျောက်ဖျက်ဖို့လိုသော သင့်ကိုယ်သင်မြင်နေတဲ့ အမြင် (၆)မျိုး

Ref: Brightside

SHARE