လက်ဆေးခြင်းနဲ့ ပတ်သတ်ပြီး လူအများစု လွဲမှားလေ့ရှိတဲ့ အချက်(၉)ချက်

Pixabay-zukunftssicherer

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ အချိန်မျိုးမှာ လက်ဆေးဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ တစ်ချို့က လက်ဆေးဆိုရင် လက်လေးကို ဒီအတိုင်းရေလေးပဲစွတ်ပြီး ပြီးစလွယ်ဆေးတတ်ကြသလို တစ်ချို့ကြတော့လဲ ဆပ်ပြာကို ခဏလေးကိုင်ပြီးလက်ဆေးတတ်ကြပါတယ်။ ဒါတွေက အင်မတန်လွဲမှားနေတတ်တဲ့ လက်ဆေးနည်းတွေပါပဲ။ အမှန်တော့ ဒီ COVID 19 ဖြစ်ပွားနေတဲ့ ကာလမှမဟုတ်ပါဘူး။ ကျန်တဲ့အချိန်တွေမှတြောင် လက်ကို ဆပ်ပြာနဲ့ နည်းလမ်းမှန်မှန်ဆေးတတ်ရပါတယ်။ ဒါ့ကြောင့် လူတော်တော်များများ လွဲမှားစွာ လက်ခံထားတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Pixabay-Hans

၁။ လက်ဆေးပြီးသွားရင် တော်တော်များများ ဘေစင်နားမှာရှိတဲ့ လက်အခြောက်ခံစက်နဲ့လက်ကို အပူပေးပြီး ခြောက်သွေ့အောင် ပြုလုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တာကတော့ မှန်ပါတယ်။ ဒါပေမယ့် အခြောက်ခံရင်လည်း လက်ဖဝါးမှာ စိုစွတ်မှု လုံးဝမရှိတော့အောင် အခြောက်ခံပါ။ မဟုတ်ရင်တော့ မခြောက်တခြောက်ဖြစ်နေတဲ့ သင့်ရဲ့လက်ဖဝါးဟာ ဘက်တီးရီးယားတွေ အကြိုက်ဆုံးနေရာ ဖြစ်သွားနိုင်ပါတယ်။

၂။ လက်ဆေးတော့မယ်ဆိုရင် လူတစ်ချို့က ရေပူပူသုံးရင် ပိုးသေနိုင်တယ်ဆိုပြီး ရေနွေးနဲ့ လက်ဆေးတတ်ကြပါတယ်။ ပိုးသေတယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့် အခန့်မသင့်ရင် သင့်ရဲ့လက်ဖဝါးအရေပြားအောက်မှာရှိတဲ့ ဆဲလ်တွေကို ပျက်ဆီးစေနိုင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ရေးအေးနဲ့ဆေးတာ အကောင်းဆုံးပါပဲ။

READ
ရေခဲက မျက်နှာအတွက်ရော အလှအပတွေအတွက်ပါ ဒီလိုအသုံးဝင်ပါတယ်

၃။ လူအများစုဟာ လက်ဆေးရင် လက်ဖဝါးကိုပဲ ဆေးကြောလေ့ ရှိတတ်ကြပါတယ်။ အမှန်တကယ်ကတော့ လက်သည်းကြားတွေပါမကျန် သေသေချာချာ ပွတ်တိုက်ဆေးကြောရမှာပါ။ သင့်ရဲ့ လက်သည်းထဲမှာလည်း သင်မမြင်နိုင်တဲ့ သန်းပေါင်းများစွာသော ဘက်တီးရီးယားတွေ ခိုအောင်းနေနိုင်လို့ပါ။

Pixabay-Gentle07

၎။ လက်မဆေးခင်မှာ ရေနဲ့ ကိုယ်ဆေးမယ့်ဆပ်ပြာကို ဆေးကြောတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် အများသုံးသန့်စင်ခန်းတွေမှာပါပဲ။ ကိုယ့်အရှေ့က လူက ဘာဆေးလို့ ဆေးသွားမှန်းမသိတဲ့ ဆပ်ပြာကို အလွယ်တကူယူပြီး မဆေးသင့်ပါဘူး။

၅။ လက်သန့်ဆေးရည်သုံးရင်လည်း ဒီအတိုင်းလေးကိုကို တစ်ချက်နှစ်ချက်ပွတ်သပ်လိုက်တတ်ကြပါတယ်။ အဲဒီးလိုလေးပွတ်လိုက်ရုံနဲ့ ဘက်တီးရီးယားတွေက မသေသွားတတ်ပါဘူး။ အကောင်းဆုံကတော့ လက်ဆေးသလို သေသေချာချာ ပွတ်တိုက်ပြီး ပြုလုပ်သင့်ပါတယ်။

၆။ ဒါကတော့ အဓိကအချက်ပါ။ လက်ဆေးရင် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ပွတ်တိုက်ပြီး ဆေးကြောသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် သင့်လက်ဖဝါးမှာရှိတဲ့ ဘက်တီးရီးယားတွေ အကုန်လုံးမသေနိုင်ပါဘူး။

READ
အိပ်ရာစောစောထလေ့ရှိတဲ့ အမျိုးသမီးတွေဟာ စိတ်ကျရောဂါရနိုင်ခြေ နည်းပါးကြောင်းတွေ့ရ
Pixabay-jackmac34

၇။ လက်ဆေးဆပ်ပြာဝယ်ရင်လည်း ဘူးမှာ ရေးထားတဲ့စာကို သေသေချာချဖတ်ကြည့်ပါ။ တစ်ခါတစ်လေကျရင် ကိယ်ဝယ်လာမိတာတွေက ရေချိုးတဲ့အခါမှာ သုံးတဲ့ ဆပ်ပြာရည်အမျိုးအစားတွေ ဖြစ်နေတတ်ပါတယ်။ အကောင်းဆုံးကတော့ Anribacterial လို့စာတန်းပါတဲ့ ဆပ်ပြာဘူးကိုသုံးတာ အကောင်းဆုံးပါပဲ။

၈။ လက်ဆေးပြီးသွားရင် ရေချိုးခန်း၊ အိမ်သာတံခါးတွေကို လက်နဲပပဲ ပြန်ဖွင့်တတ်ကြပါတယ်။ အဲဒီအချိန် အဲဒီလက်ကိုင်တွေမှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေဟာ သင့်ရဲ့သန့်ရှင်းနေတဲ့လက်ကို အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ အဲဒီလို တံခါးလက်ကိုင်လှည့်ပြီး ဖွင့်တော့မယ်ဆိုရင် တစ်ရှုးလေးနဲ့ ပတ်ပြီး ကိုင်တာ အကောင်းဆုံးပါပဲ။

၉။ တစ်နေ့ကို လက်တစ်ခါဆေးပြီးတိုင်း ဘာမှမဖြစ်ဘူးလို့ မထင်ပါနဲ့။ လက်ဆေးပြီးတာနဲပ သင်ရဲ့လက်ဟာ ဖုန်း၊ တီဗီရီမုတ်၊ ကားစတီယာတိုင်၊ တံခါး အစရှိတာတွေကို အမြဲလိုလိုကိုင်နေတာပါ။ ဒါ့ကြောင့် အကောင်းဆုံးကတော့ လက်ကို မကြာခဏ ဆေးတာပါပဲ။

Pyi Hein Kyaw

SHARE