စားသောက်ဆိုင်ကတောင်အလုပ်အပ်ခဲ့ရတဲ့ ၉ နှစ်အရွယ် Doodle Artist ပေါက်စလေး

Website- TheDoodleBoy.co.uk

ကလေးတွေကိုယ်စီမှာ သူတို့စိတ်ပါဝင်စားကြတဲ့ ဝါသနာလေးတွေရှိကြပါတယ်။ ဥပမာ လူကြီးတွေဟင်းချက်တာကိုမြင်ပြီး ဟင်းလိုက်ချက်ချင်တာတို့၊ အဖေဖြစ်သူ ကားပြင်နေတာ ကားရေဆေးနေတာကိုမြင်ပြီး သူတို့ပါ လိုက်ပြင်ချင်တာတို့ စသဖြင့်ပေါ့။ ဒီလိုအလုပ်မျိုးတွေကို စိတ်ဝင်စားလို့ သူတို့လေးတွေ စမ်းပြီးလာလာလုပ်ကြည့်တာကို လူကြီးတွေတော်တော်များများက အလုပ်ရှုပ်လိုက်တာ သွားစမ်း ကလေးကကလေးလိုနေဆိုပြီး အော်ထုတ်တတ်ကြပါတယ်။

အမှန်တော့ ဒါမျိုးမလုပ်သင့်ပါဘူး။ ဟင်းချက်တဲ့အချိန် သူပါဝင်လုပ်ချင်ပြီဆိုရင် အန္တရာယ်မဖြစ်စေမယ့် ဂျုံနယ်ခိုင်းတာတို့၊ ကြက်ဥမွှေခိုင်းထားတာတို့၊ ဟင်းရွက်ဆေးခိုင်းတာတို့လိုမျိုးလေးတွေ လုပ်ခိုင်းလို့ရနေပြီး ကားပြင်တာမျိုးဆိုရင်လည်း ဘယ်ကိရိယာတွေယူပေးပါဦးတို့၊ ဝိုင်းကြပ်ပေးပါလားတို့ စသဖြင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လုပ်ခိုင်းရမှာပါ။ ပန်းချီဆွဲတာလား၊ သီချင်းလား၊ စကိတ်စီးတာလား၊ ဘောလုံးလား စသဖြင့် ကိုယ့်ကလေးဘာကိုဝါသနာပါတယ်ဆိုတာ သေသေချာချာစောင့်ကြည့်လေ့လာကာ စိတ်ပိုင်းဆိုင်ရာရော၊ သင်တန်းထားပေးတာမျိုးတွေအထိ ထောက်ပံ့မှုတွေ ပေးသင့်ပါတယ်။

Website- TheDoodleBoy.co.uk
Website- TheDoodleBoy.co.uk

ဒီနေရာမှာတော့ Whale မိသားစုကို စံနမူနာပြရမှာပါပဲ။ အသက် ၉ နှစ်အရွယ် သားလေး Joe ဟာ အမြဲတမ်းတကုတ်ကုတ်နဲ့ ပန်းချီဆွဲနေတာကို သတိထားမိခဲ့တာကြောင့် သားလေးနဲ့စကားပြောကာ ကျောင်းမှဖွင့်တဲ့ပန်းချီသင်တန်းကို ပို့ခဲ့ပါတယ်။ Joe အားသန်တာကတော့ ပန်းချီထဲမှာမှ Doodle Art ကိုပါ။ Doodle Art ကို လွယ်လွယ်ပြောရမယ်ဆိုရင်တော့ ကာတွန်းရုပ်လေးတွေ ဇြုတ်ဆဇြင်းတောင်းဆွဲတာမျိုးပါ။

READ
အိမ်ယာမဲ့ဘဝကနေ ဟားဗတ်ပညာသင်ဆုအပြည့်အဝရဖို့ ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက်
Website- TheDoodleBoy.co.uk
Website- TheDoodleBoy.co.uk
Website- TheDoodleBoy.co.uk

ပန်းချီသင်တန်းဆရာကတောင်မှပဲ Joe ရဲ့လက်ရာတွေကိုချီးကျူးပြီး ကြိုက်လွန်းလို့ Instagram ပေါ် တင်ခဲ့ပါသတဲ့။ အဲဒီ post ကို Number 4 ဆိုတဲ့ စားသောက်ဆိုင်မှ ဝန်ထမ်းတစ်ယောက်မြင်ကာ ဆိုင်ကလူတွေနဲ့ တိုင်ပင်ပြီး Joe ကို သူတို့ရဲ့စားသောက်ဆိုင်နံရံတွေပေါ်မှာ doodle ဆွဲဖို့ ငှားရမ်းခဲ့ပါတော့တယ်။ စားသောက်ဆိုင်နံရံမှာ doodle ရေးဆွဲဖို့ စုစုပေါင်း ၁၂ နာရီကြာမြင့်ခဲ့ပြီး အပြီးသတ်နိုင်ခဲ့ပါတယ်တဲ့။

Website- TheDoodleBoy.co.uk
Website- TheDoodleBoy.co.uk

တကယ်တော့ Joe ရဲ့ဖခင် Gregory နဲ့ မိသားစုသာ Joe ရဲ့ စိတ်အားထက်သန်မှုကို အသိမှတ်မပြုခဲ့ဘူး၊ မထောက်ပံ့ခဲ့ဘူးဆိုရင် Joe လေးဟာ ၉ နှစ်အရွယ်လေးနဲ့ doodle artist ပေါက်စလေးတောင် ဖြစ်လာမှမဟုတ်ပါဘူး။ ဒါကြောင့် ကလေးတစ်ယောက် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ မိဘတွေရဲ့ အုပ်ထိန်းမှုနဲ့အများကြီးသက်ဆိုင်နေပါတယ်။ ဒါကတော့ Joe ရဲ့ website လေးပါ။  TheDoodleBoy.co.uk ပဲဖြစ်ပါတယ်။

READ
အစွန့်ပစ်ခံကြောင်ပေါက်လေးကို မိခင်စိတ်နဲ့ မွေးစားစောင့်ရှောက်နေတဲ့ ခွေးမလေး
Website- TheDoodleBoy.co.uk
Website- TheDoodleBoy.co.uk

Penny

SHARE