ကိုယ်တိုင်စာမလုပ်ဘဲ AI စက်ကို အိမ်စာလုပ်ခိုင်းနေတုန်း အမေမိသွားခဲ့တဲ့ (၉) နှစ်သားလေး

Facebook-Leanne Gormanley, Amazon

ငယ်ငယ်တုန်းက အိမ်စာလုပ်ခိုင်းရင် အစ်ကိုကြီးဖြစ်ဖြစ်၊ အစ်မကြီးကိုပဲဖြစ်ဖြစ် လုပ်ခိုင်းတာတို့၊ သူငယ်ချင်းစီက ကူးချတာတို့မျိုး လုပ်ဖူးကြလား။ အများစုတော့ လုပ်ဖူးကြမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး Bored Panda မှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ ၉ နှစ်အရွယ်ကောင်လေးတစ်ယောက်က သူ့ကျောင်းကအိမ်စာတွကို AI ရဲ့အကူအညီနဲ့ လုပ်နေတုန်းအမေဖြစ်သူကမိသွားခဲ့တာပါ။

ဒီလိုမိသွားတာကို မိခင် Leanne Gormanley က ဗီဒီယိုလေးရိုက်ပြီး Facebook မှာ တင်ထားခဲ့ရာမှတစ်ဆင့် ကလေးလေးရဲ့ လူမိသွားတဲ့မျက်နှာလေးနဲ့ ဥာဏ်ထက်မြက်ပုံလေးကို ချစ်လွန်းအားကြီးလို့ဆိုပြီး လူတွေကဝိုင်းကြည့်၊ ဝိုင်း share ကြရင်း နာမည်ကြီးလာခဲ့တာပါ။ အခုအချိန်အထိဆိုရင်တော့ ကြည့်ရှုသူပေါင်း ၃ သန်းတောင်ပြည့်တော့မှာပါ။

Amazon

ဗီဒီယိုအစမှာ Alexa ဟာ  “လေးသုံးလီ တစ်ဆယ့်နှစ်” ဆိုတဲ့အသံနဲ့စထားခဲ့ပါတယ်။ Alexa ဆိုတာ Amazon ကနေ မိတ်ဆက်လိုက်တဲ့ AI device တစ်ခုဖြစ်ပါတယ်။ ကျွန်တ်ာတို့ iPhone တွေမှာ Siri ရှိသလိုပဲ မေးချင်ရာမေး၊ voice command နဲ့ သွားလို့ရတဲ့ စက်ကလေးတစ်ခုပါ။ ဒါကိုချာတိတ်လေးက သူ့ရဲ့အိမ်စာတွေလုပ်ဖို့ အသုံးပြုခဲ့တာပါ။

READ
မွေးမွေးပြီးချင်းကလေးကို ပြူတင်းပေါက်အပြင်လွှင့်ပစ်တဲ့မိခင်

ကောင်လေးကနေထပ်ပြီး “Alexa ရေ ၈ ကို ၄ နဲ့မြှောက် ဘယ်လောက်လဲ” လို့ထပ်မေးခဲ့ပြီး Alexa ကနေအဖြေမှန်ကို ပြောပြတဲ့အချိန်မှာ ကောင်လေးကအဖြေကိုစာအုပ်ထဲချရေးနေခဲ့တာပါ။ သားဖြစ်သူဟာ ဒီလိုမေးလိုက်ဖြေလိုက်နဲ့ သင်္ချာအိမ်စာတွေကို ကိုယ်တိုင်အလီမဆိုဘဲ လုပ်နေခဲ့တာကို Leanne Gormanley တစ်ယောက် သိသွားခဲ့ပြီး သူမတောင်မတွေးဖူးတဲ့ အကြံအစည်မျိုးနဲ့ဆိုတော့ အံ့သြပြီးဗီဒီယိုတစ်ဝက်တစ်ပျက်ရိုက်ထားခဲ့တာပဲဖြစ်ပါတယ်။

Facebook-Leanne Gormanley
Facebook-Leanne Gormanley

Leanne Gormanley က ရုတ်တရက် “အဲဒါဘာလုပ်နေတာလဲ” လို့ ဟန့်လိုက်တဲ့အချိန်မှာ သားဖြစ်သူက အနည်းငယ်ထိတ်လန့်သွားခဲ့ပေမယ့် သူဘာမှအမှားမလုပ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ပြုံးခဲ့တဲ့အပြုံးဟာ သူရိုးသားပါတယ်ပေါ့လေ။ မိခင်က ဒီလိုမလုပ်ရဘူး၊ ဘာညာနဲ့ပြောနေခဲ့ပေမယ့်လို့ ကလေးလေးကတော့ ဂရုမစိုက်ဘဲ Alexa ကိုအလီတွေမေးလိုက်၊ ချရေးလိုက်နဲ့ပဲအလုပ်ရှုပ်နေပါတော့တယ်။ ဒါကိုကြည့်ရတဲ့ လူတွေကတော့ ကလေးလေးရဲ့ဥာဏ်ထက်မြက်မှုကို တော်တော်လေး ချီးကျူးထောပနာပြုနေခဲ့ကြပါတော့တယ်။ ချစ်ဖို့ကောင်းတဲ့ ဗီဒီယိုလေးကို ကြည့်လိုက်ပါဦး။

I would say it’s a fantastic effort son 🤣🤣🤣 NOT. Alexa is NOT how you do your home work Bryce. 10/10 for cleverness on this aul boy 🤣🤣🤣 really could not believe the cheek of him doing it when I was in the vicinity🤣🤣🤣🤦🏻‍♀️🤦🏻‍♀️🤷🏻‍♀️🤷🏻‍♀️🥰🥰 mailto:[email protected]

Posted by Leanne Gormanley on Wednesday, 9 October 2019

Penny

SHARE