ဘီလီယံဒေါ်လာ (၁) သန်းတန် ဧရာမဇိမ်ခံသင်္ဘောကြီးနောက်ကွယ်က လျှို့ဝှက်ချက်များ

ဧရာမဇိမ်ခံသင်္ဘောကြီးတစ်စီးရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တွေရှိနေတဲ့အကြောင်းကို တင်ပြထားတဲ့ မှတ်တမ်းဝင်ဗီဒီယိုဖိုင်တစ်ခုကို အခုလို တွေ့ရပါတယ်။ မိနစ်(၉၀) စာ ကြာမြင့်တဲ့ ၄င်းဗီဒီယိုဖိုင်ကို Secrets of the Mega Cruise Ship လို့ အမည်ပေးထားပါတယ်။ ဗီဒီယိုထဲမှာတော့ ဘီလီယံဒေါ်လာ (၁) သန်းတန်တဲ့ သင်္ဘောကြီးရဲ့ အတွင်းပိုင်းလှုပ်ရှားပုံတွေကို ထုတ်လွှင့်ပြသသွားတာ ဖြစ်ပါတယ်။

Channel5/Secrets of the Mega Cruise Ship

သင်္ဘောကြီးထဲမှာ ကြီးမားလှတဲ့ အ၀တ်လျှော်ခန်းကြီးကို မြင်နိုင်သလို အစားအသောက်အကြွင်းအကျန်တွေကို ရေထဲသွန်ပြီး ငါးစာကျွေးတဲ့ ပိုက်လုံးကြီးတွေကိုပါ တွေ့ရတာ ဖြစ်ပါတယ်။ နောက်ထပ် ဗီဒီယိုအတိုလေး တစ်ခုမှာတော့ သင်္ဘောရဲ့ အင်ဂျင်နီယာခန်းကို ပြသထားပြီး ဧရာမသင်္ဘောကြီးတစ်ခုလုံးကို ဘယ်လိုထိန်းချုပ်ထားတယ်ဆိုတာ ကင်မရာထဲမှာ တွေ့မြင်ရပါတယ်။ အ၀တ်လျှော်ခန်းထဲ ရောက်တဲ့အခါမှာတော့ အလုပ်သမားတစ်ဦးကနေ အ၀တ်တွေကို သန့်ရှင်းစင်ကြယ်အောင် လျှော်ဖွပ်ဖို့ အရမ်းအရေးကြီးတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

Channel5/Secrets of the Mega Cruise Ship

MSC Seaside လို့ အမည်ပေးထားတဲ့ သင်္ဘောကြီးကို (၂၀၁၇) ခုနှစ်မှာ စတင်ပြေးဆွဲခဲ့တာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ (၁၈) ခုမြောက် အကြီးဆုံးသင်္ဘောကြီးလည်း ဖြစ်ပါတယ်။ သင်္ဘောဟာ အလေးချိန်တန်ချိန်ပေါင်း (၁၅၃,၅၁၆) ရှိပြီး ခရီးသည် (၅,၁၇၉) ဦး ဆန့်ဝင်ပါတယ်။ သင်္ဘောပေါ်မှာတော့ အမှုထမ်းပေါင်း (၁,၅၀၀) ရှိပါတယ်။ သင်္ဘောကြီးဟာ အဆမတန်ကြီးမားပြီး ခရီးသည်ဦးရေ များပြားတာကြောင့် အစားအသောက်ပြင်ဆင်တာကအစ အရာရာကို အများကြီး အလျံပယ်ဖြစ်အောင် လုပ်ဆောင်ရပါတယ်။

READ
ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့အထိ ကိုယ်စွမ်းကိုယ်စ ရဲရင့်ခဲ့ကြတဲ့ အမျိုးသမီးများ
Channel5/Secrets of the Mega Cruise Ship
Channel5/Secrets of the Mega Cruise Ship
Channel5/Secrets of the Mega Cruise Ship

MSC Seaside က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ရက်သတ္တပတ်တစ်ပတ်တိုင်း ထမင်းစားခန်းတွေမှာ ထမင်းပန်းကန်ပေါင်း (၁၀၇,၄၉၉) ပြင်ဆင်ရကြောင်း ဆိုပါတယ်။ တစ်ပတ်တာအတွင်း ကြက်ဥ (၁၄၀,၀၀၀) နဲ့အတူ လတ်ဆတ်တဲ့ သီးနှံပေါင်း (၁၈,၀၀၀) ကို ခွဲခြမ်းပြင်ဆင်ရကာ ဂျုံမှုန့်တန်ချိန် (၅.၁) တန်နဲ့ ၀ိုင်ပုလင်းပေါင်း(၈,၀၀၀) သုံးစွဲရကြောင်း ပြောပြပါတယ်။

Channel5/Secrets of the Mega Cruise Ship

သင်္ဘောဟာ မြေထဲပင်လယ်ကနေ မီယာမီကို သွားတဲ့ အပျော်စီးသင်္ဘောကြီးပဲ ဖြစ်ပါတယ်။ MSC Seaside ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အန်တိုနီယိုပါရာဒီဆိုကတော့ သင်္ဘောကြီးပေါ်ကို ရိုက်ကူးရေးတွေက တကူးတကလာရောက်ပြီး မှတ်တမ်းယူတဲ့အတွက် များစွာဝမ်းမြောက်မိကြောင်း ပြောပြခဲ့ပါတယ်။ သင်္ဘောကြီးဟာ လှပတဲ့အပြင် ၀န်ဆောင်မှုပိုင်းနဲ့ ပတ်သက်လို့လည်း နာမည်ကောင်းရှိတာကြောင့် ပင်လယ်ထဲ အပျော်ခရီးထွက်ရင်း စိတ်အပန်းဖြေလိုသူတွေအတွက်တော့ အကောင်းဆုံးထဲက တစ်ခုဖြစ်လို့ နေပါတော့တယ်။

လင်းလင်း (ShweMom)

Ref: dailymail

SHARE