လေးစားဖွယ် အတုယူဖွယ်စိတ်ဓာတ်ကြောင့် လူအများရဲ့ ချီးကျူးခံနေရတဲ့ ပါမောက္ခကြီး

[email protected] Krohn Mechling [email protected] Morning America

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်မှာပဲနေနေရတဲ့အပြင် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေပါ လုံးဝကို ပိတ်ထားရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ကျောင်းတော်တော်များများမှာလည်း Online ကနေ စာသင်တဲ့စနစ်ဟာ တော်တော်လေးကို ခေတ်စားနေပြီး စာသင်ကျောင်းတိုင်းလိုလိုမှာလည်း ဒီလိုပုံစံမျိုးနဲ့ပဲ သင်ကြားနေရတာပါ။ အခုလည်း အသက် ၉၁ နှစ်အရွယ် ပါမောက္ခဆရာကြီးတစ်ဦးဟာ Oline မှာ စာသင်နေတဲ့ ပုံစံတစ်ခုကြောင့် ဆိုရှယ်မီဒီယာမှာ တော်တော်လေးခေတ်စားနေပြီး လူတော်တော်များများကလည်း အဆိုပါ ပါမောက္ခဆရာကြီးရဲ့ စိတ်ဓာတ်ကို ချီးကျူးနေကြကြောင်း Rach Feed သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အပေါ်မှာတွေ့ရတဲ့ ပုံကတော့ အသက် ၉၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါမောက္ခဆရာကြီး Krohn ပဲ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ဒီပုံဟာ ကျောင်းဆရာတစ်ယောက် Online ကနေ စာသင်နေတဲ့ ပုံတစ်ပုံအဖြစ်ပဲ မြင်တွေ့ရမှာပါ။ သေသေချာချာ ကြည့်လိုက်မယ်ဆိုရင်တော့ ပါမောက္ခဆရာကြီး Krohn ဟာ အင်္ကျီလက်ရှည်ကို ကြယ်သီးတပ်ထားသလို အင်္ကျီကိုလည်း ဘောင်းဘီကြားထဲ သေချာထည့်ထားကာာ ရှုးဖိနပ်ပါ စီးထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

READ
သန့်ရှင်းရေးဘဝမှ ကုမ္ပဏီ CEO ဖြစ်လာခဲ့တဲ့ အလယ်တန်းအောင် Vernon Kwek

ဒီလို Online က စာသင်နေတဲ့အချိန်မှာ ဘယ်ဆရာဆရာမမှ စာသင်ခန်းထဲမှာလို ဝတ်ဆင်လေ့ မရှိပါဘူး။ ဒါပေမယ့် ပါမောက္ခဆရာကြီး Krohn ကတော့ စာသင်ခန်းထဲမှာ စာသင်နေတဲ့အတိုင်းသဘောထားကို ဝတ်စုံပြည့်ဝတ်ပြီး သူ့ရဲ့ အတန်းသားတွေကို The Odyssey လို့ အမည်ရတဲ့ ရှေးဟောင်းဂရိကဗျာတစ်ပုဒ်ကို အသံနေအသံထားမှန်မှန်နဲ့ ဖတ်ပြနေခဲ့တာပဲ ဖြစ်ပါတယ်။

91-year-old professor goes viral as he teaches remotely during the pandemic

A 91-year-old college professor who was photographed while teaching during the pandemic is getting lots of love on social media. https://gma.abc/33Tckcj

Posted by Good Morning America on Wednesday, September 23, 2020

“အဖေကတော့ အဲဒီလိုပါပဲ။ ကျွန်မကတော့ အိမ်ကနေစာသင်တာ ပေါ့ပေါ့ပါးပါးလေးဝတ်ဖို့ပြောပေမယ့် အဖေကတော့ ဒါဟာကျောင်းချိန်ဖြစ်တဲ့အတွက် ကျောင်းမှလိုပဲ ဝတ်ရတာ စိတ်သန့်တယ်လို့ ကျွန်မကို အမြဲပြန်ပြောခဲ့တယ်။ အဖ့ရဲ့စိတ်ဓာတ်ကတော့ တစ်ကယ်ကို လေးစားဖို့ ကောင်းပါတယ်”လို့ ပါမောက္ခဆရာကြီး Krohn ရဲ့ သမီးဖြစ်သူ Julia Krohn က ပြောကြားခဲ့ပါတယ်။

My father has been a professor of English at The University of St. Thomas for 50+ years. Here he is, at 91-years-old,…

Posted by Julia Krohn Mechling on Tuesday, September 1, 2020

Pyi Hein Kyaw

SHARE