သက်ကြီးဖိုးဖွားတွေကို တစ်ဦးတည်း အိမ်စောင့်မထားသင့်ကြောင်း ဖော်ပြနေတဲ့ ဖြစ်ရပ်

လန်ဒန်မြောက်ပိုင်း အန်ဖီးအရပ်မှာ နေထိုင်တဲ့ အသက်(၉၈) နှစ်အရွယ် ဒုတိယကမ္ဘာစစ်တွင်း စစ်ပြန်ဟောင်းကြီးတစ်ဦးဟာ ဆေးရုံပေါ်မှာ သတိလစ်မေ့မြောနေခဲ့တာ ရက်အတန်ငယ်ကြာနေပါပြီ။ ပီတာဂိုးစတုန်း အမည်ရတဲ့ စစ်ပြန်ဟောင်း အဖိုးဟာ တစ်ကိုယ်တည်း နေထိုင်သူဖြစ်ပါတယ်။ တစ်နေ့ အိမ်ကို သူခိုးတွေ ၀င်ဖောက်ရာကနေ ပေါင်(၂၀) လောက်ပဲ တန်ဖိုးရှိတဲ့ တီဗီတစ်လုံးအတွက် သူခိုးတွေဟာ အဖိုးပီတာကို အဆင်အခြင်မဲ့ ပြင်းထန်စွာ ရိုက်နှက်သွားခဲ့ပါတယ်။

Met Office

အခုဆိုရင် ပီတာဟာ ဦးနှောက်တွင်း သွေးယိုဒဏ်ရာရနေပြီး အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ရိုက်နှက်ကန်ကြောက်ခံရမှုတွေကြောင့် သတိလစ်နေဆဲ ဖြစ်ပါတယ်။ အဖိုးအို ပီတာက အိမ်ထဲမှာ ဒဏ်ရာတွေနဲ့ လဲကျနေတာကို သားဖြစ်သူ ဆိုင်မွန်က တွေ့ရှိခဲ့တာပါ။ ဆိုင်မွန်က လဲကျနေတဲ့ ဖခင်ကြီးကို ‘ဘာလို့များ အခုလို တစ်ယောက်တည်း နေနိုင်ရတာလဲ ဖေဖေရယ်’ လို့ ဂရုဏာဒေါသနဲ့ ပြောဆိုရင်း အခုလို လူသားမဆန်စွာ နှိပ်စက်သွားကြတဲ့ သူခိုးတွေကို ဖမ်းပေးဖို့ ရဲတိုင်ကြားခဲ့ပါတယ်။

READ
အကြောသေနေတဲ့ချစ်သူကို ငြိုငြင်မှုမရှိပဲ(၃)နှစ်ကြာစောင့်ရှောက်ခဲ့တဲ့အမျိုးသား
Mark Large

အဖိုးအို ပီတာဟာ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက အီတလီနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တပ်က ထွက်ပြီးနောက်ပိုင်းမှာတော့ စာတိုက်ရုံးတစ်ရုံးမှာ တယ်လီဖုန်းအင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်ရင်း (၁၉၈၀) ၀န်းကျင်လောက်မှာ ပင်စင်ယူခဲ့ပါတယ်။ ပီတာရဲ့ ဇနီးသည်ဖြစ်တဲ့ ဂျုံးကတော့ အသက်(၆၅) နှစ်အရွယ်မှာပဲ ဆုံးသွားခဲ့တာ နှစ်တွေတောင် ကြာနေပါပြီ။

SWNS

ပီတာဟာ အခုသူခိုးဖောက်ခံရတဲ့ အိမ်မှာပဲ နေထိုင်လာတာ နှစ်(၆၀) ကျော်လောက် ရှိနေပါပြီ။ သူခိုးတွေဟာ အိမ်အနောက်တံခါးကို ဖျက်ပြီး အိမ်ထဲဝင်လာကာ အဖိုးကို နှိပ်စက်ခဲ့တယ်လို့ ယူဆရပါတယ်။  ဆိုင်မွန်ကတော့ သူခိုးတွေအပေါ် အကြီးအကျယ် ဒေါသထွက်လျက် ရှိနေပါတယ်။ ရဲအဖွဲ့ကတော့ အကြမ်းဖက်ဖြစ်စဉ်ကို ဆက်လက်စစ်ဆေးဆဲဖြစ်ပြီး သူခိုးတွေ လက်ထဲပါသွားတဲ့ ပီတာရဲ့ Panasonic အမှတ်တံဆိပ် တီဗီရဲ့ ဓာတ်ပုံကို အခုလို ဖော်ပြခဲ့ပါသေးတယ်။

READ
နည်းပညာနဲ့မိတ်ကပ်ဖန်တီးမှုကြောင့် Zombieနဲ့တူခဲ့တာပါလို့ဆိုလာတဲ့ အမျိုးသမီး
Met Office

တကယ်တော့ အဖိုးအိုပီတာဟာ တန်ဖိုးမကြီးတဲ့ တီဗီနဲ့ မကာမိအောင် ရက်ရက်စက်စက် ရိုက်နှက်ခံခဲ့ရတာပါ။ ဒါကြောင့်အသက်အရွယ် အိုမင်းမစွမ်းဖြစ်နေတဲ့ မိဘတွေကို တစ်ယောက်တည်း နေခိုင်းတာက အရမ်းအန္တရာယ်များတယ်ဆိုတာကို အခုဖြစ်ရပ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။ ပီတာရဲ့ အိမ်နီးချင်းတစ်ဦးကတော့ သူတို့ နေတဲ့နေရာဟာ သူခိုးတွေ ပေါပြီး ဖောက်ထွင်းမှုများတဲ့ နေရာတစ်နေရာ ဖြစ်နေကြောင်း ပြောပြပါတယ်။ အိမ်နီးချင်းတစ်ဦးက ဒီ(၁၀) နှစ်အတွင်းမှာတင် သူတို့ အိမ်ကို ဖောက်ထွင်းမှုတွေ ဖြစ်ခဲ့တာ (၆) ကြိမ်လောက်ရှိနေပြီလို့ ဆိုခဲ့ပါတယ်။

SWNS

လင်းလင်း (ShweMom)

Ref: Dailymail

SHARE