ကမ္ဘာ့အသက်အကြီးဆုံး အဖိုးအို ပြောပြခဲ့တဲ့ အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်

Guinessworldrecords.com

ဒီဘက်ခေတ်လို ရောဂါတွေ ထူပြောလွန်းလှတဲ့ ခေတ်ကြီးထဲမှာ အသက် ၁၀၀ ကျော်နေဖို့ မပြောနဲ့။ အသက် (၇၀) ကျော် နဲ့ အသက် (၈၀) ထိပဲ နေနိုင်ရင် တော်တော်ကံကောင်းလွန်းလှပါပြီ။ ဒါပေမယ့် Chitetsu Watanabe လို့ အမည်ရတဲ့ အဘိုးအိုတစ်ဦးကတော့ နောက်လ (၂၀၁၉) မတ်လ ရောက်ရင် ၁၁၃ နှစ်ပြည့်မှာဖြစ်ပြီး လက်ရှိမှာတော့ ကမ္ဘာ့ဂရင်းနစ်စံချိန်အဖွဲ့ကနေပြီးတော့ ကမ္ဘာ့အသက်ရှည်ဆုံးလူသားဆုကို မွေးနေ့အကြိုလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

မတ်လ (၅) ရက်နေ့၊ ၁၉၀၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အဆိုအဖိုးအိုဟာ လက်ရှိမှ ဂျပန်နိုင်ငံ၊ Niigata မြို့မှာ သက်ရှိထင်ရှား နေထိုင်နေတုန်းပါပဲ။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က အင်တာဗျူးတစ်ခုမှာတော့ အခုလို အသက်ရှည်ရခြင်းရဲ့ လျှို့ဝှက်ချက်ဟာ ဘယ်တော့မှ ဒေါသထွက်ခြင်းမရှိဘဲ အမြဲတမ်းပြုံးနေလို့ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

READ
ကန်ထရိုက်အချို့ရဲ့ ပြီးစလွယ် ဆောက်လုပ်ထားကြတဲ့ အဆိုးဝါးဆုံး ဖောင်ဒေးရှင်းများ
Guinessworldrecords.com
Guinessworldrecords.com

သူဟာ ဂျပန်နိုင်ငံက သကြား ကုမ္ပဏီတစ်ခုမှာ နှစ်ပေါင်းမြောက်မြားစွာ လုပ်ကိုင်ခဲ့ပြီးမှ အသက်ပြည့်ပင်စင်ယူပြီး အနားယူခဲ့တာဖြစ်ပါတယ်။ Chitetsu ဟာ (၁၉၄၄) ခုနှစ်ကလဲ ဂျပန်စစ်တပ်ထဲဝင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ထဲက ထွက်ခဲ့တာပဲ ဖြစ်ပါတယ်။ အသက် (၁၀၄) နှစ်မပြည့်ခင်အချိန်ထိ ဟင်းသီးဟင်းရွက်တွေအပြင် ဘွန်ဇိုင်းအပင်တွေစိုက်ကာ ဥယာဉ်မှူးအဖြစ်ပါ လုပ်ကိုင်ခဲ့သေးကြောင်း သိရပါတယ်။

“ လူဆိုရယ်လို့ဖြစ်လာရင် ဒေါသတော့ ဘယ်ကင်းမှာလဲ။ ကွန်တော်ဆိုရင် စီးပွားရေးနယ်ပယ်ထဲမှာရော၊ စစ်တပ်ထဲမှာကော ကျင်လည်ခဲ့ရသူပါ။ အရာရာတိုင်းဟာ တွေးလိုက်တိုင်း ဒေါသဖြစ်စရာတွေချည်းပဲ။ ဒါပေမယ့် ဒီလို ဒေါသထွက်လို့ကော ဘာအကျိုးအမြတ်ရှိလဲ။ တစ်ဖက်လူအတွက်လဲ မကောင်းသလလို ကိုယ့်အတွက်လည်း မကောင်းဘူး။ ဒါကို သိလိုက်တဲ့ အချိန်ကစပြီး ဒေါသွက်တာ မရှိတော့ဘူး။ လူတိုင်းကို အပြုံးနဲ့ ဆက်ဆံလာနိုင်တယ်။ ဒါ့ကြောင့်လည်း ကျွန်တော် ဒီလောက်အထိ အသက်ရှည်တာပေါ့ဗျာ” လို့ Chitetsu က ပြောကြားခဲ့ပါတယ်။

READ
မင်္ဂလာလက်စွပ်တွေမှာ အသုံးပြုကြလေ့ရှိတဲ့ အဖိုးတန်သတ္တုအမျိုးအစားများ

Pyi Hein Kyaw

SHARE