သမ္မတထရမ့်ကိုယ်တိုင် ဂုဏ်ပြုဆု ပေးအပ်ခဲ့တဲ့ အသက်(၁၆)နှစ်အရွယ် လေယာဉ်မှူးလေး

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် ဆေးရုံတော်တော်များများမှာ Maks တွေ မလောက်ငှခြင်း၊ PPE ဝတ်စုံ အလုံအလောက်မရှိခြင်း၊ ဆေးဘက်ဆိုင်ရာစက်ပစ္စည်းတွေ အလုံအလောက်မရှိခြင်း အစရှိတဲ့ ပြသနာတွေကို ရင်ဆိုင်နေရပါတယ်။ ဒီလို လိုအပ်နေတဲ့ နေရာတွေဆီ နိုင်ငံအစိုးရတွေအနေနဲ့ အမြန်ဆုံးပို့ပေးဖို့ လိုအပ်ပါတယ်။ အခုလည်း အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ယောက်ဟာ PPE ဝတ်စုံ ၁၀၀,၀၀ ကျော်ကို Virgina ပြည်နယ်ရှိ ဆေးရုံတွေဆီကို အချိန်မှီပို့ပေးနိုင်ခဲ့လို့ အမေရိကန်သမ္မတ Donald Trumo ကိုယ်တိုင် ဂုဏ်ပြုဆုပေးခဲ့ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

TJ Kim, Student Pilot

TJ Kim, a Virginia high school sophomore and student pilot, has flown thousands of personal protective equipment items to rural hospitals!"You are never too young to think about how to help others in times of need," he says.

Posted by The White House on Friday, May 1, 2020

အမေရိကန်နိုင်ငံ၊ Maryland ပြည်နယ်ရှိ Bethesda မြို့ရှိ Landon ကျောင်းမှာ ပညာသင်ကြားနေတဲ့ TJ Kim လို့ အမည်ရတဲ့ အသက် ၁၆ နှစ်အရွယ် အမေရိကန် – ကိုရီးယားလူငယ်လေးတစ်ယောက်ဟာ COVID 19 ကပ်ရောဂါအတွက် ပရဟိတလုပ်ဖို့ လူငယ်တွေ လိုအပ်နေကြောင်း သတင်းရရခြင်းကို Volunter လုပ်ဖို့ စာရင်းပေးခဲ့ပါတယ်။ TJ ရဲ့ တာဝန်ကတော့ PPE ဝတ်စုံ ၁၀,၀၀၀ ကျော်ကို သက်ဆိုင်ရာ ဆေးရုံတွေဆီ အချိန်မှီ လေယာဉ်နဲ့ လိုက်ပို့ရမယ့် တာဝန်ပဲ ဖြစ်ပါတယ်။ လေယာဉ်မောင်းဖို့က TJ အတွက် မခက်ခဲခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ TJ ဟာ ငယ်ငယ်လေးကတည်းက သူ့ရဲ့ဖခင် လေယာဉ်မှူးနဲ့အတူတူ တောက်လျှောက်လေယာဉ်မောင်းဖူးခဲ့ပြီး လေယာဉ်မောင်းခွင့်လက်မှတ်ပါ ရရှိထားတဲ့သူစတ်ဦး ဖြစ်ပါတယ်။

READ
ဈာပနနေ့မှာတောင် လူတွေကို နောက်ဆုံးအကြိမ် အကျိုးပြုခဲ့သေးတဲ့ စတီဖင်ဟော့ကင်း
[email protected]

TJ ဟာ မေလ ၁ ရက်နေ့ (အလုပ်သမားများနေ့) အိမ်ဖြူတော်မှာ ကျင်းပတဲ့ ဆုပေးပွဲမှာ အမေရိကန်သမ္မတ Donald Trump ကိုယ်တိုင်ပေးအပ်တဲ့ ဂုဏ်ပြုဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ “ ကျွန်တော် ဒီအတွေ့အကြုံကနေ သင်ခန်းစာတစ်ခု ကောင်းကောင်းရလိုက်ပါတယ်။ လူတွေကို ကူညီတဲ့နေရာမှာ အသက်အရွယ်က လုံးဝအရေးမကြီးဖူးဆိုတာပါပဲ။ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ ခိုင်းခဲ့တဲ့ သက်ဆိုင်ရာလူကြီးတွေကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်” လို့ TJ က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE