ဂေါ့ဖ်ပြိုင်ပွဲတွေမှာ အရွယ်နဲ့မလိုက်တဲ့ စွမ်းဆောင်ရွည်တွေ ပြနေတဲ့ ဆယ်ကျော်သက်မလေး

[email protected]

Tiger Woods လို့ ပြောလိုက်တာနဲ့ ဂေါ့ဖ်ချန်ပီယံတစ်ယောက်မှန်း လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် Tiger Wood ဆိုတာ အမျိုးသား ဂေါ့ဖ်လောက ချန်ပီယံတစ်ယောက်ဖြစ်သလို အမျိုးသမီး ဂေါ့ဖ်လောကကိုတော့ လူစိတ်ဝင်စားခံရတာ နည်းပါးတယ်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ကောင်မလေးတစ်ယောက်ဟာ အခုအချိန်မှာဆိုရင်တော့ ဂေါ့ဖ်လောကမှာ အရွယ်နဲ့ မလိုက်တဲ့ စွမ်းဆောင်ရည်အပြင် ရုပ်ရည်ချောမောလွန်းတာကြောင့် အားပေးသူ ပရိသတ်အများအပြား ပိုင်ဆိုင်နေကြောင်း SCMP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

*currently in bed watching tiger king*

A post shared by Lily (@lilymhe) on

သူမရဲ့ နာမည်ကတော့ Muni He ပဲ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ Muni တစ်ယောက် ဒီလောက်အောင်မြင်နေတယ်လို့ တော်တော်များများတွေးမိကြမှာပဲ။ အဖြေကတော့ ရှင်းပါတယ်။ Muni ဟာ အသက် ၉ နှစ်အရွယ်ကတည်းက ဂေါ့ဖ်ရိုက်တာကို စိတ်ဝင်စားခဲ့ပြီး အဲဒီအရွယ်ကတည်းက ဂေါ့ဖ်ရိုက်ခဲ့တာ ဒီနေ့ဒီအချိန်ထိပါပဲ။

READ
ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ အခေါ်ခံရတာကို ဂုဏ်ယူတဲ့ ဥရုဂွေးနိုင်ငံရဲ့ သမ္မတဟောင်း

https://www.instagram.com/p/B589dyFH0xz/

Muni ကို တရုတ်နိုင်ငံ၊ Chengdu မြို့မှာ စတင်မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် Mni တို့ မိသားစုဟာ Muni ကို မွေးမွေးပြီး သိပ်မကြာခင်မှာပဲ California ပြည်နယ်၊ San Diego မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီလိုနဲ့ Muni တစ်ယောက် အလယ်တန်းစတက်တဲ့အချိန်မှာ အမေရိကန်နိုင်ငံကို ရောက်ရှိနေပါပြီ။ ဒီကြားထတြောက်လျှောက်မှာလည်း Muni ဟာ ဂေါ့ဖ်ပညာကိုပဲ တစိုက်မက်မက် သင်ကြားခဲ့ပြီး California တောင်ပိုင်းတက္ကသိုလ် First Year စတက်တဲ့အချိန်မှာတော့ Muni တစ်ယောက် ဂေါ့ဖ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင် ဖြစ်နေပါပြီ။ ဒါ့အပြင် အသက် ၁၉ နှစ်အရွယ်မှာတော့ LPGA(The Ladies Professional Golf Association) မှာ နာမည်ရတဲ့ အမျိုးသမီးဂေါ့ဖ်မယ်တစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

View this post on Instagram

⛅️📚🏠🐣♥️

A post shared by Lily (@lilymhe) on

Muni ဟာ ဂေါ့ဖ်လောကမှာ ကျော်ကြားရုံသာမက Instagram လို ဆိုရှယ်မီဒီယာမှာလည်း Star တစ်ယောက် ဖြစ်ပါတယ်။ Follower ၃ သိန်းနီးပါးရှိတဲ့ Muni ဟာ Instagram မှာ ဓာတ်ပုံတွေ တင်ရင်လည်း လှပကျော့ရှင်းလွန်တဲ့ သူမရဲ့ ခန္ဓာကိုယ်အလှတရားနဲ့ အထာကျကျ ဝတ်ပုံစားပုံတွေကြောင့် ပုရိသယောက်ျားတွေရဲ့ အသည်းကျော်လေးလဲ ဖြစ်ပါတယ်။ ဒါ့အပြင် Muni ဟာ Nike နဲ့ WeChat တို့ရဲ့ Brand Ambassador တစ်ယောက်လည်း ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE