ထူးခြားဗိုင်းရပ်စ်ပိုးရှိသူ တရုတ်အမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံတွင် ပထမဆုံးအကြိမ် တွေ့ရှိ

unsplash/CDC

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိတဲ့ တရုတ်အမျိုးသမီးတစ်ယောက်ကို ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇန်န၀ါရီလ (၁၃) ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၄င်းရောဂါပိုးကို တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ channelnewsasia က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းက တရုတ်နိုင်ငံမှာ အသက် (၆၁) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဆားစ်ဗိုင်းရပ်စ်အနွယ်ဝင်လို့ ယူဆရတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ သေဆုံးခဲ့ပါတယ်။ ၄င်းဗိုင်းရပ်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်ရဲ့ ရောဂါလက္ခဏာက နမိုးနီးယားနဲ့ ခပ်ဆင်ဆင်တူပါတယ်။ လက်ရှိအချိန်ထိ နမိုးနီးယားရောဂါလက္ခဏာနဲ့ဆင်တူတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူပေါင်းဟာ တရုတ်နိုင်ငံ ၀ူဟန်မြို့မှာတော့ (၄၁) ဦး ရှိနေပါပြီ။ ထိုထဲမှ (၇) ဦးဟာ ရောဂါအခြေအနေ ပြင်းထန်လျက် ရှိနေပါတယ်။

READ
ရက်ပေါင်း၁၂၀အတွင်းကုဖို့ပိုက်ဆံမရှိရင် အသက်ဆုံးရှုံးတော့မယ်ကလေးငယ်
unsplash/Jue Huang

ထိုင်းအာဏာပိုင်တွေကတော့ နောက်အပတ်ထဲမှာ တရုတ်နှစ်သစ်ကူးပွဲတော် ရောက်တော့မှာဖြစ်တဲ့အတွက် လေဆိပ်အ၀င်အထွက်တွေကို သေချာစစ်ဆေးနေကြပါတယ်။ ထိုင်းနိုင်ငံကို နှစ်စဉ်နှစ်တိုင်း တရုတ်နိုင်ငံက ကမ္ဘာလှည့်ခရီးသည် (၁၀) သန်းခန့် လာရောက်ကြပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ ဇန်န၀ါရီ (၃) ရက်နေ့ကစပြီး လက်ရှိအချိန်ထိ မသင်္ကာဖွယ် ခရီးသည် (၁၂) ယောက်ကို ထိန်းသိမ်းထားပါတယ်။ ဓာတ်ခွဲခန်းဆေးစစ်ချက်အရ ထိုထဲက အသက် (၆၁) အရွယ် တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဆောင်လာကြောင်း ထိုင်းဝန်ကြီးဌာနက တနင်္လာနေ့က အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ၄င်းအမျိုးသမီးဟာ ဆေးကုသမှုသေချာခံယူပြီးပြီဖြစ်ပြီး သူမကို အိမ်ပြန်လွှတ်မယ်လို့လည်း သိရပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကတော့ ၄င်းတို့အနေနဲ့ ရောဂါပိုးရှိသူ ဝေဒနာရှင်ကို စောစီးစွာ သိရှိပြီး အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ ယုံကြည်မှုရှိပါတယ်လို့ ဆိုပါတယ်။

READ
ဖုန်းသုံးရင်း လှေကားပေါ်ကဆင်းလို့ ပြုတ်ကျသေဆုံးခဲ့တဲ့ မိန်းကလေး
unsplash/v2osk

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ နမိုးနီးယား ဗိုင်းရပ်စ်အသစ်ဟာ  ၀ူဟန်မြို့က ပင်လယ်စာဈေးကွက်တစ်ခုနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ယူဆရပါတယ်။ ဟွာနန်းပင်လယ်စာ လက်ကားဈေးကြီးဟာ မြို့လယ်ကောင်မှာရှိပြီး ၄င်းနေရာမှာ နမိုးနီးယားဝေဒနာရှင်ပေါင်း မြောက်မြားစွာအလုပ်လုပ်ကြပါတယ်။ ဇန်န၀ါရီ (၁) ရက်နေ့မှာတော့ ၄င်းဈေးကြီးကို ပိတ်သိမ်းထားခဲ့ပြီဖြစ်ပါတယ်။။ ဒေသခံ ကျန်းမာရေးကော်မရှင်အရတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူကနေ လူချင်း ကူးစက်တဲ့ အထောက်အထား ခိုင်ခိုင်မာမာ မတွေ့ရဘူးလို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE