McDonald’s က အစားအစာတွေ စားရလို့ အပျော်လွန်ပြီး ငိုခဲ့တဲ့ (၉)နှစ်သားလေး

[email protected] MayaAdam CyraRysa

ဒီဘက်ခေတ်က လူတော်တော်များများဟာ Burger တို့၊ French Frie တို့၊ Fried Chicken တို့ အစရှိတဲ့ Fast food တွေကို တော်တော် များများ ကြိုက်နှစ်သက်လာကြပါတယ်။ ဒါကြောင့်ပဲ Lotteria, KFC, McDonald’s အစရှိတဲ့ Fast food ဆိုင်တွေဟာလည်း ကမ္ဘာတစ်ဝှမ်းမှာ အများအပြား ပေါ်ပေါက်လာပြီပဲ ဖြစ်ပါတယ်။ အခုလို Lockdown ကျနေတဲ့ အချိန်အတွင်းမှာလည်း အပြင်မထွက်ရပေမယ့် လူအများစုကတော့ ဒီဆိုင်တွေဆီကို သွားစားချင်နေကြမှာတော့ အမှန်ပါပဲ။

အခုဆိုလည်း စင်ကာပူနိုင်ငံက အသက် ၉ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ McDonlad’s က အစားအစာတွေကို တော်တော်ကြိုက်နှစ်သက်ပုံရပါတယ်။ သူ့ရဲ့မိခင်ဖြစ်သူက အပြင်က ပြန်လာတဲ့အချိန်မှာ သူ့သားကို McDonald’s က အစားအစာတွေနဲ့ surprise လုပ်ခဲ့လို့ ကောင်လေးခမျာ အပျော်လွန်ပြီး ငိုနေကြောင်း Daily Maild သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Wati လို့ အမည်ရတဲ့ စင်ကာအမျိုးသမီဟာ အလုပ်ကနေပြန်တဲ့အချိန် သူ့သားဖြစ်သူကို McDonald’s က အစားအသောက်တွေနဲ့ surprise လုပ်ဖို့ အကြံရခဲ့ပါတယ်။ လာကြောင့်လဲဆိုတော့ သူ့သားဖြစ်သူဟာ McDonald’s ကအစားအစာတွေကို အရမ်းကြိုက်ပြီး အရင်က သူမနဲ့အတူတူ မကြာခဏသွားစားလေ့ ရှိပါတယ်။ Wati ရဲ့ သား Adam အကြိုက်ဆုံး McDonald’s က အစားအစာတွေကတော့ ရေခဲမုန့်နဲ့ Chicken Nuggets ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ COVID 19 ဖြစ်ပွားနေတဲ့အချိန် ဖြစ်တာကြောင့် သူ့သား Adam ကို Wati ဟာ အပြင်ပေးမထွက်ပါဘူး။

READ
အစီအစဉ်တင်ဆက်နေစဉ် ရင်သားတစ်ဖက်ပေါ်နေတာကို မသိတဲ့အမျိုးသမီး

ဒီလိုနဲ့ Wati တစ်ယောက် အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ သူ့သား Adam ရဲ့ အခန်းထဲကို တိတ်တိတ်လေးဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် Adam လေးဟာ သူ့အမေကို မြင်သွားခဲ့ပြီး “အမေသားကို ခြောက်မလို့မလား”လို့တောင်မေးခဲ့ပါတယ်။ ဒါနဲ့ Wati လည်း “သားကိုလာခြောက်တာမဟုတ်ပါဘူး။ ဒီမှာဘာလဲကြည့်လိုက်စမ်း…Surprise!”လို့ ပြန်ပြောခဲ့ပါတယ်။ Adam လေးဟာ သူ့အမေလက်ထဲက McDonald’s အထုပ်ကိုမြင်တာနဲ့ အမေဖြစ်သူဆီက အထုပ်ကို ယူလိုက်ပြီး ကြည့်လိုက်တဲ့အချိန်မှာတော့ သူအကြိုက်ဆုံး McDonald’s က အစားအစာတွေ ဖြစ်နေပါတယ်။ ဒီလိုနဲ့ Adam လေးဟာ McDonald’s က Chicken Nuggets တွေကိုကြည့်ပြီး ငိုသွားပါတော့တယ်။ ဒီဗီဒီယိုဟာ Facebook မှာ တော်တော် လူကြည့်များခဲ့ပြီး တော်တော်များများကတော့ Adam လေးကို အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက်အဖြစ် ချီးမွမ်းခဲ့ပါတယ်။

Thank you McDonalds for the Hari Raya treat! We shared the goodies with our neighbours too. Thank you stomper Fyza and Stomper Journalist @farahdaley for publishing Adam’s 1st reaction video. As Wati once said, “Let’s all be kind to one another. The world is already a crazy place. Spread love not hate.” Here’s wishing all our muslim friends and family, Selamat Hari Raya! Peace ✌🏽 #mildautism #sensoryissue #highempathy #pleasebekind #spreadlovenothate #rezeki #loveyourself #closure

Posted by WatiWan MayaAdam CyraRysa on Sunday, May 24, 2020

Pyi Hein Kyaw

SHARE