ဟိုတယ်ရေအိမ်ခန်းထဲကို အမှတ်မထင် ရောက်လာခဲ့တဲ့ တောထဲက သတ္တ၀ါလေး

facebook/Buck's T-4 Lodge & Restaurant

အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ်မှာ အနက်ရောင်ဝက်ဝံပေါက်လေးတစ်ကောင်ဟာ ဟိုတယ်တစ်ခုက အမျိုးသမီးရေအိမ်ထဲ အိပ်ပျော်နေခဲ့ကြောင်း insider သတင်းအရ သိရှိရပါတယ်။ ၀က်ဝံလေးဟာ (၁) နှစ်(၂) နှစ်သားလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

၎င်း Buck’s T-4 Lodge ဖေ့စ်ဘုတ်ပို့စ်မှာတော့ “ကျွန်တော်တို့ ဟိုတယ်ကို မနေ့ညတုန်းက ထူးထူးခြားခြားဧည့်သည်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်…” ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ၀က်ဝံလေးဟာ အစာရှာရင်း မျက်စိလည်လာပုံပါ။ ဟိုတယ်နားရောက်လာတော့ ရေအိမ်ပြတင်းပေါက်ပွင့်နေတာတွေ့တာနဲ့ အပေါ်ကို တွားတက်လာပုံရပါတယ်။ အပေါ်ရောက်တော့ အောက်ကို ပြန်ဆင်းချင်တဲ့အခါ မဆင်းတတ်တော့ပဲ ရေအိမ်ထဲက ဘေစင်ပေါ်မှာ အိပ်ပျော်သွားခဲ့တယ်လို့ ယူဆရပါတယ်။

အိပ်ပျော်နေတဲ့ ၀က်ဝံလေးကို တွေ့တွေ့ချင်းပဲ ဟိုတယ်ဟာ တိရစ္ဆာန်စောင့်ရှောက်ရေးဌာနက လူတွေကို အကြောင်းကြားလိုက်ပါတယ်။ ဌာနက ၀န်ထမ်းတွေရောက်လာတဲ့အခါမှာတော့ ၀က်ဝံလေးကို မေ့ဆေးပစ်ပြီး ကျန်းမာရေးစစ်ဆေးကာ တောထဲပြန်လွှတ်ပေးဖို့ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ဟိုတယ်က ဧည့်သည်တွေကတော့ မမျှော်လင့်ပဲ ရေအိမ်ထဲရောက်လာတဲ့ ၀က်ဝံလေးကို ၀ိုင်းပြီးကြည့်ရှုဖို့အတွက် စုပြုံနေခဲ့ကြပါတယ်။

READ
ဟန်းနီးမွန်းထွက်လာတဲ့ လင်မယားရဲ့ရွက်လှေ နစ်မြုပ်ခြင်းနောက်ကွယ်က ဖြစ်ရပ်မှန်
facebook/Buck’s T-4 Lodge & Restaurant

တာဝန်ရှိသူ ပုဂ္ဂိုလ်တွေပြောပြချက်အရ မွန်တားနားပြည်နယ်မှာ အနက်ရောင်ဝက်ဝံတွေဟာ ဂူမအောင်းခင်ရာသီချိန်မှာ အစားအသောက်တွေကို လိုက်လံရှာဖွေလေ့ရှိတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဆောင်းဦးစအချိန်တွေမှာ သူတို့ကို အတွေ့ရများတတ်တာကြောင့် ဒီလိုအချိန်တွေမှာ ၀က်ဝံတွေကို သတိပြုကြဖို့လည်း သက်ဆိုင်ရာက ကြေညာထားကြောင်း သိရပါတယ်။

We had a surprise visitor last night in the hotel lobby. A yearling black bear found its way through a window into the ladies' room. Huge shoutout to Gallatin County Sheriff's Office and Montana Fish, Wildlife & Parks for keeping our guests safe, while recognizing what a once-in-a-lifetime experience it was. They were professional and safe, and provided a great opportunity for folks to learn a little bit about wildlife management. #buckst4 #visitbigsky #yellowstonecountry #beyondyellowstone

Posted by Buck's T-4 Lodge & Restaurant on Sunday, September 1, 2019

လင်းလင်း (ShweMom)

SHARE