ရုရှားမှာယာဉ်ထိန်းရဲအဖမ်းခံခဲ့ရတဲ့ Batman ရဲ့ Batmobile ကားကြီး

Youtube-Aleksandr Khlynov

Batman ကတော့ လူတိုင်းနီးပါးသိကြမှာပါ။ ဒီလိုပဲ Batman စီးတဲ့ Batmobile စီးတော်ယာဉ်အလန်းစားကြီးကိုလဲ တော်တော်များများ မြင်တွေ့ဖူးကြမှာပါ။ အခုလဲ အမျိုးသားတစ်ယောက်ဟာ အဆိုပါ Batman ကားကြီးကို စီးပြီး ရုရှားနိုင်ငံက လမ်းမကြီးတစ်ခုပေါ်မှာ လမ်းသလားနေတာတွေ့လို့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း Lad Bibile သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါကားကြီးဟာ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Batman Vs Superman: Dawn of Justice ဇာတ်ကားထဲက Batman ရဲ့ icon တစ်ခုဖြစ်တဲ့ ကားကြီးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုကားမျိုးဟာ တရားဝင်လိုင်စင်နဲ့ ထွက်ရှိထားတဲ့ ကားတစ်စီး မဟုတ်တာကတစ်ကြောင်း၊ ကားရဲ့ ဗျက်က အအရမ်းကျယ်တာကြောင်း အခြားကားမောင်သမားတွေအတွက် အနှောင့်အယှက်ဖြစ်စေတာကတစ်ကြောင်း အစရှိတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

READ
တောထဲမှာ (၈)ရက်ကြာ ပျောက်ဆုံးခဲ့တဲ့စုံတွဲကို ကယ်တင်နိုင်ခဲ့တဲ့ ခွေးလိမ္မာလေး
Twitter-CEN

ဒီကားကြီးရဲ့ ပိုင်ရှင်ကတော့ အသက် ၃၂ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ယခုလက်ရှိအချိန်မှာတော့ ကားရဲ့ အလေးချိန် အရွယ်အစား၊ တရားဝင်ထုတ်လုပ်မှုရှိမရှိ အစရှိတဲ့ အချက်အလက်တွေနဲ့ တရားစွဲဆိုခြင်းကို ခံနေရပါတယ်။

Twitter-CEN

“ ဒီလို ပြုပြင်ထားတဲ့ ယာဉ်တွေကို ကားလမ်းမပေါ်မှာ တရားဝင်မောင်းနှင်ခွင့်မရှိပါဘူး။ ဒီလို ကားတွေကြောင့် အခြားကားမောင်းတဲ့သူတွေ အရမ်းစိတ်အနှောင့်အယှက် အရမ်းဖြစ်ရပါတယ်။ ဥပမာ- ကိုယ်ကားမောင်းနေတဲ့အချိန်ဘေးနားက ဒီကားကြီး ဖြတ်သွားတယ်ဆိုပါစို့။ ကားပေါ်မှာ ပါလာတဲ့သူတစ်ယောက်ယောက်က “ဟာ… Batman ကားကြီး” လို့ ပြောလိုက်တယ့်အချိန်မှာ ကားမောင်းနေသူက ရုတ်တရက် လှမ်းကြည့်လိုက်ရင် ယာဉ်မတော်တဆအမှုတွေ ဖြစ်သွားနိုင်ပါတယ်” လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE