ပန်းပွင့်လေးတွေထဲမှာ ခပ်ကွေးကွေးလေး အိပ်စက်တတ်တဲ့ ပျားမျိုးစိတ်ကလေးများ

ပျားတွေဟာ လူ့လောကကြီးကို အကျိုးပြုနေတဲ့ သတ္တ၀ါတွေပါ။ စားပင်သီးနှံတွေကို ၀တ်မှူန်ကူးပေးတဲ့အပိုင်းမှာ သူတို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဏကနေ ပါဝင်ထမ်းဆောင်နေသူတွေပါ။ လူတွေ နေ့တိုင်း စားသောက်နေကြတဲ့ အစားအသောက်ရဲ့သုံးပုံတစ်ပုံသော အစားအသောက်တွေထဲမှာလည်း ပျားတွေရဲ့ ၀တ်မှူန်ကူးခံရပြီးမှ ဖူးပွင့်ရတဲ့ သီးပင်စားပင်တွေ ပါဝင်နေပါတယ်။ လူတွေဟာ အလုပ်များနေတဲ့ ပျားတွေကိုသာ အတွေ့မြင်ရ များပေမယ့် သူတို့ အိပ်နေတဲ့အချိန်လေးကိုတော့ တွေ့ဖူးမြင်ဖူးသူ နည်းပါးမယ် ထင်ပါတယ်။

 

boredpanda
boredpanda

အောက်ဘက်မှာတော့ ပန်းပွင့်လေးထဲမှာ ချစ်စရာကောင်းစွာ အိပ်စက်အနားယူနေကြတဲ့ ပျားကလေးတွေဖြစ်ပါတယ်။ ပျားလေးတွေကို အခေါ်ကတော့ Diadasia diminuta လို့ သိရပြီး သူတို့လေးတွေဟာ လိမ္မော်ရောင် ပန်းပွင့်တွေဖြစ်တဲ့ Globe Mallows  ခေါ်တဲ့ ပန်းပွင့်တွေထဲ ၀င်အိပ်တတ်ကြပါတယ်။ ဒီဓာတ်ပုံလေးတွေကိုတော့ တောသဘာဝ အလှအပတွေကို ဓာတ်ပုံရိုက်ကူးလေ့ရှိတဲ့ ဂျိုးနီလီက ရိုက်ကူးရယူထားခဲ့တာပါ။

READ
အမေရိကန်နိုင်ငံထဲ ရှားပါးစာရင်းဝင်နေပြီဖြစ်တဲ့ မျိုးသုဉ်းလုဆဲ တိရစ္ဆာန်များ
boredpanda
boredpanda
boredpanda
boredpanda
boredpanda

လင်းလင်း (ShweMom)

Ref: bored panda

SHARE