သတိပေးချက် ထုတ်ပြန်ထားရတဲ့ လူတစ်ကိုယ်စာကို ဖမ်းနိုင်လောက်တဲ့ ပင့်ကူအိမ်ကြီး

[email protected] Dept. of Conservation

ပင့်ကူအိမ်တွေကို များသောအားဖြင့် ဂိုထောင်အဟောင်းတွေ၊ အိမ်သာနံရံတွေမှာ အတွေ့များတတ်ပါတယ်။ အဲဒီပင့်ကူအိမ်တွေဟာ များသောအားဖြင့် ခြင်တွေ၊ ယင်တွေလောက်ကိုသာ ဖမ်းနိုင်လောက်တဲ့ ပင့်ကူအိမ်အမျိုးအစားတွေပါပဲ။ ဒီလိုပဲ တောတောင်တွေထဲမှာ တွေ့လေ့ရှိတဲ့ ပင့်ကူအိမ်ဆိုတာကလည်း ပျံနေတဲ့ ငှက်တစ်ကောင်လောက်ကိုသာ ဖမ်းနိုင်လောက်တဲ့ ပင့်ကူအိမ်မျိုးပါပဲ။ တော်ထဲမှာရှိတဲ့ ပင့်ကူတွေဟာလည်း သူတို့ရဲ့ အရွယ်အစားပမာဏဟာ ဆီးသီးတစ်လုံးလောက်ပဲ ရှိတတ်ကြပါတယ်။

Pixabay-Tama66

ဒါပေမယ့် လူတစ်ယောက်ကို ကောင်းကောင်းကြီး ထောင်ဖမ်းနိုင်လောက်တဲ့ ပင့်ကူအိမ်မျိုးကိုတော့ တွေ့ဖူးကြမယ် မထင်ပါဘူး။ အဲဒီလိုပင့်ကူအိမ်မျိုးကို များသောအားဖြင့် ဇာတ်ကားတွေထဲမှာသာ တွေ့ဖူးကြပါလိမ့်မယ်။ အခုပြောပြချင်တဲ့ ပင့်ကူအိမ်ကြီးကတော့ လူတစ်ရပ်စာလောက်ကို မြင့်မားပြီး သေသေချာချာကို ဆောက်လုပ်ထားပုံရတဲ့ ပင့်ကူအိမ်ကြီးတစ်ခုပါပဲ။ အဆိုပါပင့်ကူအိမ်ကိုတော့ အမေရိကန်နိုင်ငံ၊ Missouri ပြည်နယ်ရှိ သစတ်တောအုပ်တစ်ခုထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ORBWEAVER SPIDERWEB: MDC Media Specialist Francis Skalicky snapped a pic of the orbweaver's spiderweb while out on a…

Posted by Missouri Dept. of Conservation on Wednesday, September 30, 2020

ပုံထဲမှာတွေ့ရတဲ့အတိုင်း အဆိုပါ ပင့်ကူအိမ်ကြီးဟာ တော်တော်လေးကို ကြီးမားပြီး မျက်စိမလျင်တဲ့သူသာဆိုရင် အဲဒီပင့်ကူအိမ်ထဲမှာ ကျိန်းသေမိသွားနိုင်လောက်ပါတယ်။ အဆိုပါ ပင့်ကူအိမ်ကြီးကိုတော့ Missouri ပြည်နယ်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာနတစ်ခုမှ Francis Skalicky လို့ အမည်ရတဲ့ သစ်တောဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့ပြီး ဓာတ်ပုံရိုက်ခဲ့ကာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၃၀.၉.၂၀၂၀)က facebook ပေါ်မှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပင့်ကူအိမ်ကြီးဟာ သစ်ပင်ကြီးနှစ်ပင်ကြားက လူသွားတဲ့ လျှောက်လမ်းလေးမှာ သေသေချာချာကို ဆောက်လုပ်ထားတာဖြစ်ပါတယ်။ Missouri ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကတော့ အဆိုပါတောအုပ်ထဲသွားရင် သတိထားသွားဖို့၊ အခြားနေရာတွေမှာလည်း အဆိုပါပင့်ကူအိမ်ကြီးတွေကိုလည်း တွေ့ရှိခဲ့ရကြောင်း အစရှိသဖြင့် သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

READ
နော်ဝေးကမ်းရိုးတန်းမှာ ခါးပတ်နဲ့တွေ့ရတဲ့ ဝေလငါးရဲ့ နောက်ကွယ်က အဖြစ်
[email protected] Dept. of Conservation

Pyi Hein Kyaw

SHARE