ဆိုရှယ်မီဒီယာပေါ်မှာ လူတိုင်းရဲ့အသည်းနှလုံးကို ဖမ်းစားနေတဲ့ ဆံပင်ဘုတ်သိုက်ငှက်လေး

[email protected]

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ ငှက်တော်တော်များများကတော့ ခို၊စာကလေး၊ကျီးကန်း ဒီငှက်လေးတွေပဲ ရှိပါတယ်။ တစ်ချို့ကျတော့ အိမ်မှာ ငှက်မွေးရတာ ဝါသနာပါသလို တစ်ချု့ကျပြန်တော့လဲ ငှက်တွေကို မချစ်တတ်ကြပါဘူး။ ဒါပေမယ့် ငှက်မချစ်တဲ့သူတွေတောင် ကြည့်ရင်းနဲ့ အသည်းယားသွားရမယ့် ငှက်ကလေးကတော့ Barry လို့ အမည်ရတဲ့ ငှက်လေးတစ်ကောင်ပဲ ဖြစ်ပါတယ်။

barrybirb
barrybirb

Barrry လေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူသိများပြီး ကိုယ်ပိုင် Instagram အကောင့်တောင် ရှိပါသေးတယ်။ Followers ကတော့ ၂၀၀၀ ကျော်ရှိပြီးသူ့ရဲ့ ထူးခြားတဲ့ ဆံပင်ပုံစံကြောင့် လူသိများပါတယ်။

barrybirb
barrybirb

Barry ရဲ့ မျိုးစိတ်အမည်ကတော့ Gloster canary ဖြစ်ပြီး တောရိုင်းထဲမှာ နေထိုင်တဲ့ ငှက်အမျိုးအစားမဟုတ်ပါဘူး။ Gloster canary ငှက်မျိုးစိတ်ဟာ ရှားပါငှက်မျိုးစိတ်ဖြစ်ပြီး စပိန်နိုင်ငံ၊ Canary ကျွန်းစုတစ်ခုတည်းမှာသာတွေ့ရတတ်တဲ့ ငှက်အမျိုးအစားဖြစ်ပါတယ်။

READ
ဒီရက်ပိုင်း Instagram မှာ အသစ်ပေါ်လာပြန်တဲ့ “Falling Stars Challenge”
barrybirb

 

သူ့ရဲ့ အသံဟာ အင်မတန် နားဝင်ချိုသလို ငှက်မွေးကလည်း အဝါရောင်တောက်တောက်လေးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီငှက်မွေးအရောင်ဟာ ပုံသေမဟုတ်ပါဘူး။ နေရာင်ထဲမှာဆိုရင် အရောင်ပြောင်းသွားတတ်ပါတယ်။

READ
Grumpy Cat လေးသေပြီးနောက် အွန်လိုင်းမှာ ထင်ရှားလာဖွယ်ရှိတဲ့ ကြောင်လေးများ
barrybirb

တကယ်တမ်းတော့ Gloster canary ငှက်အမျိုးအစားက နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဦးခေါင်းမှာ Barry လို အမောက်မပါတဲ့ Consorts အမျိုးအစားဖြစ်ပြီး နောက်တစ်ကောင်ကတော့ Barry လို အမောက်ပါတဲ့ Coronas အမျိုးအစားပဲ ဖြစ်ပါတယ်။ အောက်က Barry ပုံလေးတွေကို ကြည့်ကြည့်လိုက်ကြပါအုံး။

barrybirb
barrybirb
barrybirb

Pyi Hein Kyaw

SHARE