အခုပြောပြမယ့် ငှက်ကလေးရဲ့ နာမည်ကတော့ Black-throated bushtit လို့ခေါ်တဲ့ ရှားပါးဌက်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ ဒီငှက်ကလေးရဲ့ ထူးခြားချက်ကတော့ နှုတ်သီးအောက်မှာ နှုတ်ခမ်းမွှေးပုံစံလေး ပါရှိနောပဲ ဖြစ်ပါတယ်။

ဒီငှက်ကလေးရဲ့ ပျမ်းမျှအရှည်ကတော့ ၄ လက်လောက်သာရှည်ပြီး အလေးချိန်ကတော့ ပျှမ်းမျှ ၄ ဂရမ်မှ ၉ ဂရမ်အထိ ရှိပါတယ်။ ဒီပုံတွေကတော့ Chen Chengguang လို့ အမည်ရတဲ့ ထိုင်ဝမ် Wildlife Photographer တစ်ယောက်က တောထဲမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Chen ဟာ အချိန်ပြည့် တောတွင်းခရီးသွားကာ ဓာတ်ပုံရိုက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရသူဖြစ်ပြီး ငှက်ချစ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။


Black-throated bushtit ငှက်လေးတွေကတော့ များသောအားဖြင့် အဖြူ၊အနက်၊လိမ္မော် အစရှိတဲ့ အရောင်တွေနဲ့ စပ်ထားတာဖြစ်ပြီး မျက်လုံးနားတစ်ဝိုက်ကတော့ ကွန်မန်ဒိုတွေလို အနက်ရောင်ခြယ်ထားတဲ့ ပုံစံရှိပါတယ်။ သူ့ရဲ့ထူးခြားချက်တော့ နှုတ်သီးအောက်နားလေးမှာ လူနှုတ်ခမ်းမွှေးပုံစံလေး ပါရှိနေတာ ဖြစ်ပါတယ်။

သူတို့လေးတွေဟာ လူတွေနဲ့ ဝေးရာ တောအုပ်တွေမှာ နေထိုင်ကျက်စားလေ့ရှိပါတယ်။ အစာကတော့ များသောအားဖြင့် သစ်စေ့တွေနဲ့ ပိုးကောင်တွေကိုသာ စားသောက်လေ့ရှိပါတယ်။ အုပ်စုဖွဲ့နေထိုင်တာမျိုး မဟုတ်ပဲ များသောအားဖြင့် တစ်ကောင်တည်းသာ သီးခြားနေလေ့ ရှိပါတယ်။


များသောအားဖြင့် Black-throated bushtit ငှက်တွေဟာ အာရှတိုက်မှာ နေထိုင်ကျက်စားကြပါတယ်။ အာရှတိုင်ဆိုပေမယ့်လည်း အာရှနိုင်ငံတိုင်းမှာ တွေ့ရတာမျိုးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ နီပေါ အစရှိတဲ့ နိုင်ငံတွေမှာသာ တွေ့ရလေ့ရှိတဲ့ ရှားပါးငှက်လေးတစ်မျိုးပဲ ဖြစ်ပါတယ်။


Pyi Hein Kyaw