တက်ရောက်သူရောသင်ကြားသူပါ အ၀တ်ဗလာနဲ့လေ့ကျင့်ခန်းလုပ်ရမယ့်Fitnessသင်တန်း

ယူကေနိုင်ငံမှာ ပထမဆုံး အ၀တ်မဲ့ ကာယကြံခိုင်ရေးသင်တန်းကို အသက် 35 နှစ်အရွယ် သင်တန်းနည်းပြ Helen Smith က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းဝင်ကြေးကို 8 ပေါင် သတ်မှတ်ထားပြီး၊ ခုန်ခြင်း ထိုင်ထလုပ်ခြင်း၊ ဒိုက်ထိုးခြင်းနဲ့၊ Partner work တွေကို သင်ကြားပေးမှာဖြစ်ကြောင်း သိရပါတယ်။

Helen ရဲ့ ထူးခြားတဲ့ သင်တန်းကို အွန်လိုင်းပေါ်မှာ စိတ်ဝင်စားမှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ
တော့ ပထမ Session အတွက် အသက် 33 နှစ်မှ အသက် 70 အထိ အရွယ်ပေါင်းစုံ လက်ခံထားတယ်လို့ ဆိုပါတယ်။ Helen ဟာ နာမည်ကြော် British Naturism အဖွဲ့မှာလည်း အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။

READ
ခင်ပွန်းသည်ရဲ့ ကိုယ်ဝန်ကို ထပ်မံလွယ်နိုင်ခဲ့ပြီဖြစ်သည့် လိင်ပြောင်းအမျိုးသား

သူမက အ၀တ်မဲ့အားကစားလှုပ်ရှားမှုဟာ အားကစားသမားတိုင်းအတွက် သင့်တော်ပြီး၊ လှုပ်ရှားမှုတိုင်းမှာ လွတ်လပ်ပေါ့ပါးမှုကို ပေးစွမ်းကြောင်း ဆိုပါတယ်။ Helen က ” အ၀တ်မဲ့ လှုပ်ရှားမှုရဲ့ အဓိက အားသာချက်ကတော့ သင်တန်းသားတွေဟာ ရှေ့ကနေပြတဲ့ဆရာမ ဘယ်လိုအနေအထားနဲ့ လှုပ်ရှားနေတယ်ဆိုတာ မြင်ရမှာ ဖြစ်ပါတယ်  “လို့ ပြောခဲ့ပါတယ်။

သူမက ဆက်လက်ပြီး ” ဥပမာ ပြောရရင် အ၀တ်အစားတွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အနေအထား မှန်ကန်မှုရှိလားဆိုတာကို သိရခက်ခဲပါတယ် .. အ၀တ်မဲ့လှုပ်ရှားမှုကျတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မြင်နေရလို့ ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ စနစ်တွေကို ညွှန်ပြလို့ရတာပေါ့ “လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် သင်တန်းသားအသစ်တွေအနေနဲ့ လက်ရှိအနေအထားက ရှက်ကိုးရှက်ကန်းဖြစ်စေတယ်ဆိုရင်လည်း ဘရာနဲ့၊ ဘောင်းဘီတိုတွေကို ၀တ်ခွင့်ပေးထားတယ်လို့လည်း သိရပါတယ်။ Hellen ဖွင့်ထားတဲ့ သင်တန်းဟာ Southampton မြို့Nursling Village Hall မှာ တည်ရှိပြီး လစဉ်တိုင်းရဲ့ တတိယစနေနေ့တိုင်း ညနေ 5 နာရီဆို စတင်ပါတယ်။

READ
သားရဲ့ Snapchat ဓာတ်ပုံထဲမှာ သေသွားတဲ့ သမီးငယ်ရဲ့ဝိဉာဉ်ပါဝင်လာခဲ့ဟု မိခင်ဖြစ်သူဆို

ဒီသင်တန်းကို လန်ဒန်အရှေ့တောင်ပိုင်း Bordon, Guildford, Reading နဲ့ Alton နေရာတွေမှာလည်း ဆက်လက်ဖွင့်
လှစ်တော့မှာ ဖြစ်တဲ့အကြောင်း ၎င်းရဲ့တရားဝင် Facebook စာမျက်နှာမှာ ကြေငြာထားတာကိုလည်း တွေ့ရပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE