ဓာတ်ပုံရိုက်ရင်းပေါ်လာတဲ့ နောက်ခံမြင်ကွင်းကြောင့် အကြီးအကျယ်ထိတ်လန့်ခဲ့ရတဲ့ ဓာတ်ပုံဆရာ

facebook/Leah Shea McMahan Edmondson

သေချာပြင်ဆင်ထားတဲ့ ဓာတ်ပုံရိုက်ကူးမှုတွေဆိုတာ ကမောက်ကမဖြစ်ခဲပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ပြင်ဆင်ပြင်ဆင် တစ်ခါတစ်လေ မရည်ရွယ်ပဲ ဖြစ်တတ်တဲ့ အလွဲလေးတွေလည်း ရှိတတ်ပါတယ်။ အခုဖြစ်ရပ်လေးကတော့ insider သတင်းကနေ တွေ့မြင်ရတဲ့ သတို့သမီး ဆာရီနာသွန်မ်ဆင်နဲ့ သတို့သား ဂရူးမ်ကိုရီဘရူဝါတို့ မင်္ဂလာဓာတ်ပုံရိုက်ကူးစဉ်အတွင်း  တွေ့ကြုံခဲ့ရတဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

facebook/Leah Shea McMahan Edmondson

အမေရိကန် တန်နက်စီပြည်နယ် Gatlinburg မြို့လေးမှာ ဓာတ်ပုံဆရာမ လေအာမက်ခ်မဟန်ဟာ ခါတိုင်းသူမရိုက်နေကျအတိုင်း မင်္ဂလာပွဲအပြီး ဓာတ်ပုံတွေရိုက်ကူးဖို့ ပြင်ဆင်နေခဲ့တာပါ။ ဆာရီနာနဲ့ ဂရူးမ်တို့ရဲ့ မင်္ဂလာပါတီက အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့တာဖြစ်လို့ လေအာဟာ ဧည့်သည်တွေအားလုံးကို ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးဓာတ်ပုံတွေ နည်းနည်းထပ်ရိုက်ချင်သေးတာမို့ သူမက သတို့သားနဲ့ သတို့သမီးကိုတော့ မပြန်ခိုင်းသေးပဲ စောင့်ခိုင်းနေခဲ့တာ ဖြစ်ပါတယ်။

READ
ကားပြိုင်မောင်းခဲ့တဲ့သူ(၂)ဦးရဲ့ ရမ်းကားမောင်းနှင်မှုကြောင့် ကလေးမိခင်တစ်ဦးသေဆုံးခဲ့
facebook/Leah Shea McMahan Edmondson

ဓာတ်ပုံတွေကို သူမစိတ်ကြိုက် ပုံစံတွေနဲ့ အေးဆေးရိုက်နေရင်း လေအာဟာ မင်္ဂလာဇနီးမောင်နှံရဲ့ နောက်ကွယ်မှာ မျှော်လင့်မထားတဲ့ ဧည့်သည်ကို တွေ့လိုက်ရပါတယ်။ “ကျွန်မတို့ ဟိုနားဒီနားလျှောက်ရိုက်ပြီး နောက်ဆုံး တံတားလေးတစ်ခုနားမှာ အဆုံးသတ်ဓာတ်ပုံရိုက်ဖို့ လုပ်ခဲ့ပါတယ်။ ကျွန်မက မင်္ဂလာမောင်နှံကို ကင်မရာအသေအချာချိန်ပြီး ရိုက်ဖို့အသင့်ဖြစ်နေပါပြီ။ ဒါနဲ့ ရုတ်တရက် သူတို့နောက်ကနေ ၀က်ဝံကြီးပေါ်လာတယ်။ ၀က်ဝံကြီးက ကျွန်မတို့ဘက်လှည့်ပြီး ဆင်းချလာလိုက်တာ မင်္ဂလာပွဲလျှောက်လမ်းထိတောင် ရောက်တယ်။ သူက ခုံတွေနားမှာရှိနေတုန်း ကျွန်မလည်း မင်္ဂလာမောင်နှံအတွက် ကြုံခဲ့တဲ့မြင်ကွင်းမို့လို့ အမိအရရိုက်ခဲ့ပါတယ်..” လို့ ဆိုပါတယ်။

facebook/Leah Shea McMahan Edmondson

လေအာနဲ့ အသစ်စက်စက် ဇနီးမောင်နှံတို့ သုံးယောက်ဟာ ကြောက်နေတဲ့ကြားထဲကပဲ ဓာတ်ပုံတွေ ရိုက်ကူးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ လေအာက ပုံရိုက်လို့ ပြီးတဲ့အချိန်မှာပဲ ၀က်ဝံကြီးက နှာမှုတ်သံကြီး ပေးလိုက်ပါသေးတယ်။ ဒီအချိန်မှာတော့ သုံးယောက်စလုံးဟာ အရမ်းကို ထိတ်လန့်သွားပြီး ဘုရားတနေခဲ့ရကြောင်းလည်း လေအာက ပြန်ပြောခဲ့ပါတယ်။

READ
အရက်မူးပြီး နဖူးမှာ "ထိုင်ဝမ်" လို့ တက်တူးထိုးခဲ့မိတဲ့ ဗြိတိန်အမျိုးသား
facebook/Leah Shea McMahan Edmondson

လေအာကတော့ “အဲ့ဒီအချိန် ကျွန်မကြောက်လွန်းလို့ နှလုံးတွေ အရမ်းခုန်နေခဲ့တာ။ ဒါပေမယ့် ဘုရားမလို့ ၀က်ဝံကြီးက တောထဲဘက် ပြန်လှည့်သွားပါတယ်။ သူ့ဘာသာသူ ပြန်လှည့်ထွက်သွားလို့ ကျွန်မတို့အားလုံး အန္တရာယ်ကင်းခဲ့ပါတယ်။ ဒီတစ်ကြိမ်ကတော့ ကျွန်မဘ၀တစ်လျှောက် ဓာတ်ပုံရိုက်ခဲ့သမျှထဲ ခြောက်ခြားစရာအကောင်းဆုံးပါပဲ…” လို့လည်း ပြောပြခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတွေကတော့ လေအာအတွက်ရော၊ မင်္ဂလာမောင်နှံအတွက်ပါ တစ်သက်တာအတွက် အမှတ်တရလေးတွေ ဖြစ်လို့နေမှာပါ။

facebook/Leah Shea McMahan Edmondson
facebook/Leah Shea McMahan Edmondson

လင်းလင်း (ShweMom)

SHARE