နှလုံးသားမာကြောသူတွေတောင် စိတ်မခိုင်ဖြစ်ရမယ့် မျက်မမြင်ကောင်လေးရဲ့ စန္ဒယားသံ

Queen ရဲ့ Bohemian Rhapsody ကို စန္ဒယားတီးပြီး ခံစားချက်အပြည့်နဲ့ သီချင်းဆိုနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ဟာ တစ်ကမ္ဘာလုံးကလူတွေရဲ့ နှလုံးသည်းပွတ်ကို အရည်ပျော်စေခဲ့ပါတယ်။ တီးခတ်သူကောင်လေးဟာ အသက်(၇) နှစ်သာရှိသေးပြီး မျက်မမြင်လေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့နာမည်ကတော့ အဗက်ရေးမာနက်စ်ဖြစ်ပါတယ်။

အဗက်ဟာ မွေးကတည်းက မျက်လုံးတစ်ဖက်ဟာ အမြင်အာရုံလုံးလုံး ဆုံးရှုံးနေပြီး အခြားတစ်ဖက်ကတော့ အမြင်အာရုံ အားနည်းနေခဲ့တာပါ။ အမေရိကန် အိုဟိုင်းယိုးပြည်နယ်သားလေး အဗက်ဟာ YouTube ပေါ်မှာတော့ subscriber ပေါင်း (၆၂,၀၀၀) ကျော်ရှိနေပါပြီ။ ဒါ့အပြင် Queen သီချင်းကို ပြန်လည်တီးခတ်သီဆိုထားတဲ့ သူ့ဗီဒီယိုဖိုင်လေးကို လူပေါင်း(၄) သန်းနီးနီး ကြည့်ရှုခဲ့ကြပြီးနောက် အားလုံးက ဂရုဏာသက်လျက် ရှိနေပါတယ်။

facebook

ဗီဒီယိုထဲမှာတော့ အဗက်က “.. ကျွန်တော် အားလုံးကို Bohemian Rhapsody တီးခတ်ပြပါ့မယ်။ ကဲ စပါပြီ.. အားလုံး ရယ်ဒီပဲနော်….” လို့ ပြောရင်း စတင်တီးခတ်သီဆိုပါတော့တယ်။ သူဟာ ခွေးခြေခုံလေးတစ်လုံးပေါ်မှာထိုင်ရင်း ခေါင်းလေးကိုတော့ စန္ဒယားခလုတ်တွေရဲ့ အပေါ်မှာမော့ထားပါတယ်။ ပြီးနောက်မှာတော့ နာမည်ကျော်သီချင်းရဲ့ တေးသွားအတိုင်း လိုက်ဆိုရင်း တီးခတ်သွားပါတယ်။ အဗက်လေးရဲ့ ဂီတအပေါ်မှာ မြတ်နိုးတဲ့စိတ်၊ အရွယ်နဲ့မလိုက်အောင် အဆိုအတီးကောင်းတာလေးတွေကို ကြည့်ပြီး အွန်လိုင်းပေါ်က လူတွေကတော့ ပါရမီရှင်ကလေးတစ်ဦးရယ်လို့ ချီးမွမ်းနေကြပါတယ်။

READ
လူငယ်တွေနဲ့ အပြိုင်ကြဲပြီး HipHop အကကို အမိုက်စား ကပြခဲ့တဲ့ အမျိုးသမီးကြီး

ဒါ့အပြင် အဗက်ဟာ တီးခတ်သီဆိုနေတုန်းမှာလည်း သူမှားတဲ့နေရာတွေကို ပြန်ပြင်တီးရင်း၊ ပြန်ဆိုရင်းနဲ့ လုပ်သွားတာကို မြင်ရတာ တကယ့်ဂီတပညာရှင်ကြီး တစ်ယောက်လိုပါပဲ။ အဗက်ရဲ့ မိခင်ဖြစ်သူ ဆာရာကတော့ သူမဟာ အဗက်(၁၁) လသားအရွယ်ကတည်းက သားဖြစ်ရဲ့ ပါရမီကို သတိထားမိခဲ့ကြောင်း ပြောပြပါတယ်။ ကလေးကို နှစ်လသားအရွယ်လောက်မှာ Optic Nerve Hypoplasia (ONH) လို့ခေါ်တဲ့ မွေးရာပါ အမြင်အာရုံကြောတွေ ကောင်းစွာမဖွံ့ဖြိုးတဲ့ ရောဂါရှိနေမှန်း မိဘတွေဟာ သိခဲ့ရတာပါ။

ဆာရာက “သားလေးက ဂီတကို နှစ်သက်တယ်။ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲဆိုတာလည်း သူက စမ်းသပ်တီးခတ်လေ့ရှိတယ်။ ကလေးက အကြားအာရုံအရမ်းကောင်းပါတယ်။ သီချင်းတစ်ပုဒ်ကို တစ်ခါတည်း ကြားတာနဲ့ သူက လက်တန်းတီးနိုင်တယ်။ ပြီးခဲ့တဲ့ ၂ နှစ်တုန်းကတောင် Adele ရဲ့ Hello, Beatles ရဲ့ Let It Be နဲ့ Meghan Trainor ရဲ့ All About That Bass တို့ကို သားလေးက ဆိုခဲ့သေးတယ်။ အွန်လိုင်းမှာရှိပါတယ်…” လို့ ပြောပြပါတယ်။ အခုဆိုရင်တော့ အဗက်ဟာ မျက်မမြင်လက်ဖတ်စာကို သင်ယူနေပြီး စန္ဒယားမတီးတဲ့ အချိန်မျိုးမှာတော့ အစ်ကိုဖြစ်သူနဲ့အတူ ရက်ပ်တွေသီဆိုကြောင်း သိရပါတယ်။ အဗက်ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးတွေကို စာဖတ်သူတွေအတွက် အောက်မှာ စုစည်း ဖော်ပြပေးလိုက်ပါတယ်နော်။

READ
ပင်ပန်းဆင်းရဲလွန်းတဲ့ ဆပ်ကပ်သမားဘ၀က လွတ်မြောက်သွားပြီဖြစ်တဲ့ ၀က်ဝံမလေး

လင်းလင်း (ShweMom)

Ref: thesun

SHARE