စိန်လက်စွပ်အကြီးကြီးနဲ့ လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ BLACKPINK အဖွဲ့ဝင်Rosé

BLACKPINK  အဖွဲ့ကတော့ ပြောစရာမလိုအောင်ကောင်းတဲ့ အသံ၊အက၊လှပတဲါရုပ်ရည်အပြင် ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတဲ့ သူလေးတွေဖြစ်ပါတယ်။ သူတို့လေးတွေကိုတော့ လက်ထပ်ခွင့်တောင်းချင်တဲ့ သူတွေမရှိပဲ ဘယ်နေပါ့မလဲ။

BLACKPINK အဖွဲ့ကတော့ Fort Worthမှာ သူတို့ရဲ့ နောက်ဆုံး In Your Area ဖော်ျဖြေပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဖျော်ြေ့ဖပွဲပြီးတဲ့နောက်မှာတော့ BLACKPINK အဖွဲ့က ပရိသတ်တွေနဲ့တွေ့ဆုံပြီး နှုတ်ဆက်ခဲ့ကြပါတယ်။ ကံကောင်းတဲ့ ပရိသတ်တစ်ယောက်ကတော့ BLACKPINK အဖွဲ့ရဲ့ အချောလေး Roséကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

အဲဒီပရိသတ်ကတော့ Roséကို စိန်လက်စွပ်အကြီးကြီးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ Rosé ကတော့ မြင်မြင်ချင်းပဲ အရမ်းကို အံ့သြသွားခဲ့ပြီး အဲဒီလက်စွပ်ကြီးကို သူမရဲ့ လက်မောင်းအထိတောင်တင်ပြီး ဝတ်လိုက်ပါသေးတယ်။ ပရိသတ်တွေကို အမြဲဂရုတစိုက်ရှိတဲ့ Rosé ကတော့ အရမ်းကို ချစ်စရာကောင်းတယ်နော်။ လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ Roséရဲ့ ဗီဒီယိုလေးကို ဖေါ်ပြပေးလိုက်ပါတယ်။

READ
ဆံပင်ရှည်နဲ့အပြတ်လန်းခဲ့ဖူးတဲ့ အမျိုးသား K-Pop Idols များ

Source: Koreaboo

SHARE