ရင်ဘတ်ထဲကို ရောက်သွားစေမယ့် အမှောင်တစ်ခြမ်း စာအုပ်ကလေး

sy/shwemom.com

ခပ်ပါးပါး စာအုပ်လေးကို မြင်ပြီး ဘာမှ ထူးထူးထွေထွေ ခံစားကြရမယ် မထင်ပါဘူး။ ဒါပေမဲ့ စာမျက်နှာကို တစ်ရွက်ပြီး တစ်ရွက် လှန်လိုက်တိုင်း ကျွန်တော်တို့က ခံစားချက်အလီလီထဲ မြောပါသွားဖို့ သေချာနေပါတယ်။ အမှာစာ ပါမလာတဲ့ စာအုပ်လေးက စာဖတ်နေကျ သူတွေအတွက်တော့ အနည်းငယ်ထူးခြားနေနိုင်ပါတယ်။ ဒီလိုပဲ စာမျက်နှာတွေကလည်း ထူးခြားနေစေဦးမှာပါပဲ။ ဖတ်ကြည့်လိုက်ပါ နောင်တ မရဖို့တော့ အာမခံပါတယ်။

အမှာစာ မပါတဲ့ စာအုပ်လေးမှာ ကိုယ်ရေးအကျဉ်းဆိုပြီး စာရေးသူက ရေးထားတယ်။ ပျော်တဲ့အချိန်မှာ ဝတ္ထုတွေ ရေးဖို့ ကြိုးစားတယ်တဲ့။ ပျော်ရွှင်မှုကို သဘောကျတဲ့သူ အဖြစ် မြင်ရနေတဲ့ စာရေးသူက သူ့ရဲ့ စာမျက်နှာတွေမှာတော့ ကျွန်တော်တို့တတွေကို ငိုင်သွားစေလောက်တဲ့အထိ ဖမ်းစားနိုင်သွားခဲ့ပါတယ်။

sy/shwemom.com

စာစုလေးတွေ အဖြစ် အပုဒ်ရေ ၁၆ ပုဒ် ပါဝင်ထားပြီး ဖတ်တဲ့အခါ ခံစားရသလို ဖတ်လို့ ရစေပါတယ်။ ပျော်ရသွားစေသလို ဘဝမှာ ရှိခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်ကို သတိရသွားစေခဲ့တာမျိုးတွေအပြင် ကိုယ်သိပ်ချစ်ရတဲ့ ချစ်ရသူကို ဖွင့်ပြောလိုက်ချင်မိတဲ့အထိ စာရေးသူက သူ့စာမျက်နှာကနေ ကျွန်တော်တို့ကို ညှို့ယူသွားစေနိုင်လို့ ဖတ်တဲ့အခါ သတိလေးထားပြီးတော့ ဖတ်စေချင်မိပါတယ်။

READ
ပုံပြင်ချစ်သူတို့အသည်းနှလုံးကိုခြွေခဲ့တဲ့ လီလီကန်ထဲကရေသူမလေးအကြောင်း

အများကြီး ညွှန်းနေတာက ဒီလို ဝတ္ထုဟုတ်မနေတဲ့ ဒီလို စာစုလေးတွေကနေလည်း ရင်ထဲကို ထိသွားစေနိုင်ကြောင်းကို သတိထားစေချင်မိလို့ပါ။ အစားကောင်း အသောက်ကောင်းတွေကို မြင်ရင် ချစ်ရတဲ့သူတွေကို သတိရမိတယ် ဆိုသလို စာကောင်းကောင်းလေး မြင်မိတဲ့အခါ စာချစ်သူတွေဆီ အရောက်ပို့ပေးချင်ခဲ့ပါတယ်။

sy/shwemom.com

အားလုံးပဲ စာရေးသူ လင်းကိုရဲ့ အမှောင်တစ်ခြမ်း ဆိုတဲ့ အရေးအသားတွေနဲ့အတူ မြောသွားစေဖို့ မျှော်လင့်မိပါတယ်။ ဒီစာအုပ်လေးကို ပန်းဆိုးတန်းက ရာပြည့်၊ အင်းဝ၊ စာပေလောက(၂)၊ စာပေနန်းတော် ၊ Yangon Book Plaza မှာ ကျော်မွှေး ။
လှည်းတန်းဆိုရင် အင်းဝ၊ ရာပြည့်၊ စိတ်ကူးချိချို။
မြန်မာပလာဇာမှာက အင်းဝ ။
ဂမုန်းပွင့် Today စာအုပ်ဆိုင်တွေ ၊ (၂၉)လမ်း ပါရမီ စာအုပ်ဆိုင် ၊ (၃၁)လမ်း စောဦးစာပေ ၊ ကိုလတ် စာပေ ၊ (၃၂)လမ်း နေစေး စာပေ တွေမှာ ဝယ်ယူလို့ ရနေပါပြီ။
ပဲခူးမှာဆို သဇင် စာအုပ်ဆိုင်မှာ ၀ယ်လို့ရပါတယ်။
မန္တလေးမှာဆို အင်းဝနဲ့ စိတ်ကူးချိုချို ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။
အိမ်အရောက်ပို့ဝန်ဆောင်မှုအတွက်လည်း WE Distribution ကနေ မှာလို့ရပါတယ်။
ကိုစိုင်းဝင်းမြင့်ရဲ့ ကျော်မွှေးစာပေကနေ ဖြန့်ချိထားတာပဲ ဖြစ်ပါတယ်။

READ
Disney ကာတွန်းဇာတ်ကောင်တွေကို ထူးထူးခြားခြား ဒီဇိုင်းနဲ့ ပုံဖော်ခဲ့တဲ့ အမျိုးသမီး

ကျွန်တော်ကိုတော့ ဒီ စာအုပ်ပါးကလေးရဲ့ ချစ်သောနဲ့ ဆောင်းညတွေဆို အသက်မရှူတော့တဲ့ အကြောင်းဆိုတဲ့ နှစ်ပုဒ်ကနေ စာမျက်နှာအားလုံးဆီ ခေါ်သွားခဲ့တယ်။ စာဖတ်သူတွေ အသီးသီးကိုလည်း ပုံစံအမျိုးမျိုးနဲ့ ခေါ်ဆောင်သွားမှာမို့ ဖတ်ကြည့်လိုက်ပါဦးလို့ အမှာပါးလိုက်ရပါတယ်…။

Written by Joy

SHARE