Kamala Harris ရဲ့ ပုံတူကို ရေးဆွဲခဲ့လို့ နာမည်ကြီးနေတဲ့ (၁၄)နှစ်အရွယ်ကောင်လေး

Image:IG/tylergordon & Kamala Harris

အမေရိကန် ကယ်လီဖိုးနီးယား San Francisco Bay Area မှ ဆယ်ကျော်သက် အရွယ် ကောင်လေး ကေ တာ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒု သမ္မတ Kamala Harris ရဲ့ ပုံတူကို ရေးဆွဲ ခဲ့ပါတယ်။အခုဆိုရင် တော့ အဲ့ဒီကောင်လေးက အွန်လိုင်းမှာ တော်တော်လေး နာမည်ကြီး နေပါတယ်။သူရေး ဆွဲ တဲ့ ပုံ ကို Kamala Harris မြင် တွေ့ သွားဖို့  မျှော်လင့်တယ်ဆိုပြီး အဲ့ဒီ ကောင်လေးက ပြောခဲ့ပါတယ်။ ကောင်လေးရဲ့ နာမည်ကတော့ Tyler Gordon ဖြစ်ပြီး အသက်က တော့ ၁၄ နှစ်ပါ။ Kamala Harris ရဲ့ ပုံ တူကို ရေး ဆွဲ နေတဲ့ ဗီဒီယိုဖိုင် ကိုတော့ တွစ်တာ ပေါ်မှာ တင်ထားပြီး အဲ့ ဗီဒီယိုဖိုင် ကေ တာ့ အခု ဆိုရင် အရမ်းကို ရေပန်းစားနေပါတယ်။ဒီအကြောင်းကိုတော့ Insider မှာ ဖော်ပြထားတာပါ။

Gordon ကေ တာ့ အသက် ၁၀ နှစ်သားတည်းက ပန်းချီ ဆွဲ လာခဲ့တာပါ။သူရေး ဆွဲထားတဲ့ ပုံ တူ ပန်းချီ ကားကို Harris မြင် တွေ့ နိုင်ဖို့ မျှော်လင့် နေ ပြီး တစ်နေ့မှာ အိမ်ဖြူတော်ရဲ့ ပုံတူကို တာဝန်ယူပေးရတဲ့ ဖြစ်ချင်တယ်လို့ ဆန္ဒ ရှိနေပါတယ်။ ကိုယ်ပိုင် ပြခန်း art gallery တစ်ခု ကို ပိုင် ဆိုင် ချင်တာ က တော့ သူ့ အိမ်မက် တွေ ထဲက တစ်ခုပါ။ Harris က မာနကြီးတာမျိုး မရှိပဲ နှိမ့်နှိမ့်ချချ နေတတ်သူလို့ လည်း ပြောခဲ့ပါတယ်။

”သူဒီနေ့ ကျွန် တော့်ကို ခေါ် တော့ အရမ်းအံ့သြ သွားတယ်။ပုံတူ ပန်းချီကား အတွက် ကျွန်တော့်ကို ကျေးဇူး တင် ကြောင်းပြောတယ်၊ကျွန်တော်က Talent ရှိတယ် လို့ လည်း ပြော တယ်..” ဆိုပြီးတော့လည်း Gordon က ပြောခဲ့ပါတယ်။Gordon က တော့ သူ့ အမေ Nicole Kindle က အစတုန်းက သူပန်းချီဆွဲတာကို ခွင့်မပြု ခဲ့ ဘူး လို့ ဆိုပါတယ်။ Kindle က တော့ အရင်က သား ဖြစ်သူ ကို ကန့်ကွက်မိခဲ့တဲ့ အတွက် နောင်တ ရ မိတယ်လို့ Insider နဲ့ အင်တာဗျူး မှာ ပြောခဲ့ပါတယ်။

#SHWEMOM

SHARE