သူ့ရဲ့ဓာတ်ပုံလက်ရာတွေကို ဈေးကြီးပေးရောင်းချနေရပြီဖြစ်တဲ့ Autism ကောင်လေး

[email protected] Schmidt

လူတစ်ယောက်လုပ်တဲ့ အလုပ်ဟာ အောင်မြင်ဖို့ဆိုရင် အဲဒီအလုပ်ပေါ်မှာ ဝါသနာပါဖို့ လိုပါတယ်။ ကိုယ့်လုပ်နေတဲ့ အလုပ်တစ်ခုမှာ ဝါသနာနဲ့ ယုံကြည်ချက်ရှိရင်တော့ အဲဒီအလုပ်ဟာ အောင်မြင်လေ့ရှိပါတယ်။ အခုလည်း Anthony လို့ အမည်ရတဲ့ လူငယ်လေးဟာ သူလုပ်တဲ့အလုပ်ပေါ်မှာ ဝါသနာနဲ့ ယုံကြည်ချက်ရှိတာကြောင့် လူသိများပြီး နာမည်ကြီးနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Schmidt

အသက် ၁၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Anthony Schmidt လို့ အမည်ရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဝါသနာကတော့ ကားသေးသေးလေးတွေကို စုဆောင်းရတာပဲ ဖြစ်ပါတယ်။  ဒါ့အပြင် Anthony ဟာ ကားသေးသေးလေးတွေကို စုဆောင်းရုံသာမက အဲဒီကားလေးတွေကို နောက်ခံရှုခင်းအမျိုးမျိုးနဲ့ ဓာတ်ပုံကောင်းကောင်းရိုက်တတ်ပါသေးတယ်။ Anthony ဟာ သူရိုက်သမျှ ဓာတ်ပုံတွေကို သူ့ရဲ့ Instagram မှာ အမြဲတင်လေ့ရှိပါတယ်။ သူရိုက်သမျှ ပုံတိုင်းဟာ လက်ရာအလွန်ကောင်းတာကြောင့် Anthony ဟာ တဖြည်းဖြည်းနဲ့ လူသိများလာပါတော့တယ်။

[email protected] Schmidt

“ Anthony က ငယ်ငယ်လေးကတည်းက ကားတွေ စုဆောင်းရတာ တော်တော်ဝါသနာပါတယ်။ နောက်ပိုင်း ကျွန်မ iPhone ကိုယူပြီး သူ့ကားလေးတွေကို နောက်ခံ ရှု့ခင်းမျိုးစုံနဲ့ ဓာတ်ပုံရိုက်လေ့ရှိတယ်။ အစပိုင်းကတော့ ကျွန်မ စိတ်ပူတယ်။ သူ့ကို ဆိုရှယ်မီဒီယာတွေ ပေးမသုံးစေချင်ဘူး။ ကျွန်မသားက Autism ဆိုတော့ သူများတွေထက် ပိုပြီး စိတ်ခံစားလွယ်တယ်။ သူ့အောကာင်းမသိတဲ့သူတစ်ယောက်ယောက်က သူ့ကို စကားတွေနဲ့ တိုက်ခိုက်မှာကို ကျွန်မ အရမ်းစိတ်ပူမိတယ်။ အခုနောက်ပိုင်းကျတော့လည်း သူ့ဟာနဲပသူအဆင်ပြေသွားတာပါပဲ” လို့ Anthony ရဲ့ မိခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

View this post on Instagram

Car show

A post shared by Anthony Schmidt Fan Page (@anthony_ryan_schmidt) on

ဟုတ်ပါတယ်။ Anthonyဟာ သာမန်ကလေးတွေလိုမဟုတ်ဘဲ မွေးရာပါ ဥာဏ်ရည်မဖွံ့ဖြိုးတဲ့လက္ခဏာကို ခံစားနေရတဲ့ autism တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာတော့ Anthonyဟာ သူရိုက်ထားတဲ့ ကားပုံလေးတွေ ပါဝင်တဲ့ ၂၀၂၀ ပြက္ခဒိန်တွေကို ရောင်းချကာ ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့အပြင် သူ့နေတဲ့ ခြံထဲမှာ ရွက်ဖျင်တဲလေးတစ်လုံးထိုးပြီး သူစုဆောင်းထားတဲ့ ကားသေးလေးတွေကို showroom ပုံစံ ပြသနေပေါသေးတယ်တဲ့။

View this post on Instagram

Be bus

A post shared by Anthony Schmidt Fan Page (@anthony_ryan_schmidt) on

View this post on Instagram

Lincon navagotar

A post shared by Anthony Schmidt Fan Page (@anthony_ryan_schmidt) on

ငယ်ရွယ်တဲ့အပြင်ကိုမှ ဘဝပေးကုသိုလ်ကံကြောင့် autism ဖြစ်နေခဲ့သေည်လည်း ဝါသနာကို ဖွဲမလျှော့ပဲ တစိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ Anthony လေးကိုတော့ ဂုဏ်ယူလို့မဆုံး ဖြစ်နေရပါပြီ။

View this post on Instagram

Bugatti EB110

A post shared by Anthony Schmidt Fan Page (@anthony_ryan_schmidt) on

Pyi Hein Kyaw

SHARE