မင်္ဂလာပွဲတစ်ခုလုံး မျက်လုံးပြူးသွားခဲ့တဲ့ ကလေးလေးရဲ့လုပ်ရပ်

ဖိလစ်ပိုင်နိုင်ငံက မင်္ဂလာပွဲတစ်ခုမှာ ရင်ခုန်ဖွယ်ရာအဖြစ်အပျက်လေးတစ်ခုကို ဗီဒီိယိုရိုက်ကူးမိခဲ့ပါတယ်။

Alfred Lu ဟာ သူ့ရဲ့ချစ်လှစွာသောချစ်သူလေး Jamaica ကို မနီလာမှာ ဧည့်ခံပွဲကျင်းပကာ လက်ထပ်ယူခဲ့ပါတယ်။ မင်္ဂလာဆောင် ဓာတ်ပုံဆရာကတော့ John Clegg ဖြစ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ဖို့အတွက် ဘုရားကျောင်းရှေ့မှာ အကုန်လုံးကို တန်းစီခိုင်းခဲ့ပါတယ်။

Daily Mail

သတို့သားနဲ့ သတို့သမီးဆို့ကို အလယ်မှာနေစေပြီး အရံတွေကတော့ ဘေးတစ်ဘက်တစ်ချက်ဆီမှာပါ။ ပန်းကြဲတဲ့ ကလေးမလေးနဲ့ (၁၀) နှစ်အရွယ် Mayco Pestano အမည်ရှိ ကောင်လေးတို့ကတော့ ရှေ့ဆုံးမှာ နေရာယူကာ ဓာတ်ပုံဆရာခိုင်းတဲ့အတိုင်း pose ပေးကာနေနေပါတယ်။

ဓာတ်ပုံဆရာက ကလေးနှစ်ယောက်ကို ထပ်ကပ်ခိုင်းတဲ့အချိန် ကောင်လေးက အတော်ရှက်နေတာကို တွေ့ရမှာပါ။

Daily Mail

ကြည့်ရတာ ဓာတ်ပုံဆရာက သတို့သားသတို့သမီးကို လုပ်ခိုင်းတာကို ကောင်လေးက သူနဲ့ သူ့ရှေ့က ကလေးမလေးနဲ့ကို လုပ်ခိုင်းတယ်ထင်နေလားမသိပါဘူး။ ဓာတ်ပုံဆရာက “Kiss” လို့လည်း ထအော်ရော ကောင်လေးက သူ့ရှေ့က ကလေးမလေးမလေးကို အတင်းဆွဲပြီး နမ်းတော့တာပဲ။

READ
ဟစ်တလာရေးမှတ်ထားခဲ့သည့် နာဇီခေါင်းဆောင်တွေရဲ့ လိပ်စာ,စာအုပ်ကိုလေလံတင်မည်
Daily Mail

တစ်ချက်တည်းနမ်းတာတောင်မဟုတ်ဘူး၊ သုံးချက်လောက်ဆင့်နမ်းပြီးမှ ဘေးက ကြောင်နေတဲ့ လူကြီးတွေလည်း ဝင်ဆွဲရပါတော့တယ်။ လူချင်းလည်းကွဲသွားရော ကောင်လေးရဲ့ ဂုဏ်ယူသူအပြုံးကြီးကို ဗီဒီယိုထဲတွေ့ရမှာပါ။၊

ဓာတ်ပုံဆရာကတော့ အခုလိုအားလုံးမထင်မှတ်ထားတဲ့ အဖြစ်အပျက်လေးကို မှတ်တမ်းတင်မိတာ တကယ်ကို ကြည်နူးစရာကောင်းပါတယ်၊ အမှတ်တရလေးလည်း ဖြစ်တာပေါ့ဆိုပြီး ပြောထားပါတယ်။

ဘယ်သတို့သမီးကမှတော့ ပွဲမှာသူ့ကိုထက် ဘယ်သူ့ကိုမှ ဂရုမပြုစေချင်မှာ အသေအချာပါပဲ။ ဒါပေမဲ့ ဒီကောင်လေးကတော့ သတို့သမီးထက် မင်္ဂလာပွဲလာပရိတ်သတ်ကြီးရဲ့ အာရုံစိုက်မှုတွေကို ရရှိသွားခဲ့ပါပြီ။ ကင်မရာမန်းကြီးကတော့ ထပ်လောင်းပြီး “အခုခတ်ကလေးတွေတော်တော်မလွယ်တာဗျာ” တဲ့။

Source: Daily Mail

Penny

 

 

 

SHARE