
လူတစ်ယောက် အောင်မြင်ဖို့အတွက် သူကိုယ်တိုင် inspire ဖြစ်တဲ့ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ အားပေးစကားနဲ့ သူကိုယ်တိုင် လုပ်ချင်တဲ့ စိတ်ရှိဖို့ လိုအပ်ပါတယ်။ အဓိကကတော့ အောင်မြင်ကြီးပွားချင်စိတ်ရှိပြီး လုပ်ရည်ကိုင်ရည် ရှိဖို့ပါပဲ။ အခုပြောပြချင်တဲ့ ဇာတ်လမ်းလေးကတော့ လူတစ်ယောက်ဘဝကို သူကိုယ်တိုင်လေးစားအားကျရတဲ့ လူတစ်ယောက်ရဲ့ စကားလေးတစ်ခွန်းက အကြီးအကျယ် ပြောင်းလဲပေးခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်နှစ်ယောက်ကတော့ Ramsri Goutham Golla လို့ အမည်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ အိန္ဒိယနိုင်ငံရဲ့ သမ္မတဟောင်း APJ Abdul Kalam တို့ပဲဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က Ramsri ဆိုတာကတော့ Telangana ပြည်နယ်၊ Wanaparthy မြို့မှာ နေထိုင်တဲ့ သာမန်အထက်တန်းကျောင်းသားကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ Ramsri ဟာ စိတ်ကူးတစ်ခုပေါက်ပြီး အိန္ဒိယနိုင်ငံရဲ့ သမ္မတဟောင်းကြီး Abdul ထံသို့ ကဗျာလေးတွေ ပါဝင်တဲ့ စာတစ်စောင် ပို့ပေးခဲ့ပါတယ်။ သမ္မတကြီး Abdul ရဲ့ လိပ်စာကို မသိပေးမယ့် သူနေထိုင်တဲ့ Delhi မြို့ရှိ Rashtrapati Bhavan အဆောက်အအုံကြီးကို သိတာကြောင့် စာအိတ်ပေါ်မှာ Abdul Kalam, Rashtrapati Bhavan, Delhi လို့သာရေးပေးပြီး ပို့ပေးခဲ့ပါတယ်။

သိပ်မကြာခင်အချိန်မှာတော့ Abdual ဆီက ပြန်စာကို Ramsri တစ်ယောက် လက်ခံရရှိခဲ့ပါတယ်။ စာထဲမှာတာ့ Rasmir ရဲ့ ကဗျာလေးတွေက တော်တော်လေး ဖတ်လို့ကောင်းကြောင်း၊ စာသေချာကြိုးစားပြီး အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်အောင် အးပေးတဲ့ စာတစ်ချို့ ပါဝင်ခဲ့ပါတယ်။ အခုအချိန်မှာဆိုရင်တော့ Ramsri ဟာ အောင်မြင်တဲ့ စွန့်ဦးတီထွင် စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်နေပြီ နေ့တိုင်းသူ့ရဲ့အလုပ်ကို နောက်ဆုံးပေါ် Porsche ကားကြီးနဲ့ သွားနေပြီပဲ ဖြစ်ပါတယ်။

“သမ္မတကြီး Abdul ရဲ့ဆီက စာကို ရတာကို အဲဒီအချိန်တုန်းက သူငယ်ချင်းတွေကို ပြခဲ့ပါသေးတယ်။ တစ်ယောက်မှ ကျွန်တော့်ကို မယုံကြည်ခဲ့ပါဘူး။ အခုအချိန်မှာတော့ သမ္မတကြီး Abdul တစ်ယောက်ကတော့ မရှိတော့ပေမယ့် ကျွန်တော့်စိတ်ထဲမှာ အစဉ်ထာဝရရှိနေဆဲပါပဲ။ သမ္မတကြီးရဲ့ စာတစ်စောင်ကြောင့်လည်း ကျွန်တော့်ဘဝက မထင်မရှား လူတစ်ယောက်ရဲ့ ဘဝကနေ အခုလို အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာခဲ့ရတာပါ”လို့ Ramsri က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw