ငယ်ငယ်ရွယ်ရွယ်နဲ့ ဘောလုံးပွဲကြေညာသူအဖြစ် နာမည်ကြီးနေတဲ့ ကောင်ကလေး

[email protected] A Alhossain

ဘောလုံးပွဲတစ်ပွဲကြည့်ရင် ဘောလုံးပွဲကြေညာသူမပါတဲ့ဘောလုံးပွဲဟာ ဆားမပါတဲ့ ဟင်းတစ်ခွက်လို အင်မတန်မှ ပေါ့ရွှတ်ရွှတ်နိုင်လွန်းလှပါတယ်။ ဘောလုံးပွဲတစ်ပွဲ ကြေညာတတ်ဖို့ဆိုတာလဲ တကယ်ကို မလွယ်ကူလွန်းလှပါဘူး။ ပရိသတ်ကို လုံးဝစိတ်အားတတ်အောင် ဆွဲဆောင်နိုင်တဲ့အသံပိုင်ရှင်မျိုးမှ ဘောလုံးပွဲကြေညာသူ ဖြစ်နိုင်မှာပါ။

အသံနေအသံထား၊ အဖြတ်အတောက်၊ ဂိုးသွားရင် အော်ရမယ့်ပုံစံ အစရှိသဖြင့် တော်ရုံလူမလုပ်နိုင်တဲ့ အလုပ်မျိုးပါ။ ဆီးရီးယားနိုင်ငံက ကောင်လေးတစ်ယောက်ကတော့ အဲဒီလိုပါရမီမျိုး မွေးကတည်းက ပါလာတယ်လို့ ထင်ရပါတယ်။ အဆိုပါကောင်လေးဟာ အခုဆိုရင် ရပ်ကွက်ထဲက ဘောလုံးပွဲတော်တော်များများမှာ အခကြေးငွေယူပြီးတော့ ဘောလုံးပွဲကြေညာသူအဖြစ် လုပ်ကိုင်နေကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

طفل سوري يعشق التعليق على المباريات.. كيف يمارس هوايته في زمن كورونا؟

حازم الحسين.. طفل سوري يعشق التعليق على مباريات كرة القدم.. تعليق الدوريات الكروية بسبب #كورونا لم يمنعه من ممارسة هوايته بهذه الطريقة..#سوريا

Posted by ‎قناة الحدث Al Hadath‎ on Tuesday, May 5, 2020

အသက် (၁၂) နှစ်အရွယ်သာရှိသေးတဲ့ Hazen al-Hossain လို့ အမည်ရတဲ့ အဆိုပါကောင်လေးဟာ ဘောလုံးအားကစားကို ငယ်ငယ်လေးကတည်းက ဝါသနာပါခဲ့တာပါ။ ဒါ့အပြင် သူ့အကို ဘောလုံးဂိမ်းတော့ရင်လည်း အနားမှာ ခုံတစ်ခုံနဲ့ လာထိုင်ပြီး ကြည့်ကြည့်နေတတ်ပါတယ်။ ဒါပေမယ့် Hazen လေးဟာ ဘောလုံးကစားတာထက် ဘောလုံးအစီအစဉ်ကို ကြေညာရခြင်းကို ပိုမိုနှစ်သက်ခဲ့ပါတယ်။

READ
e-စီးကရက် ရုတ်တရက်ပေါက်ကွဲလို့ သွား(၇)ချောင်း ဆုံးရှုံးပြီး၊ မီးလောင်ဒဏ်ရာ ရခဲ့သူ
[email protected] A Alhossain

“အခုဆိုရင်တော့ ကျွန်တော်တို့ရပ်ကွက်ထဲမှာ ကန်တဲ့ လမ်းဘေးဘောလုံးပွဲတွေမှာကအစ ဘောလုံးပွဲကြေညာသူအဖြစ် လာလာငှားကြတယ်။ အခြားရပ်ကွက်တွေ၊ အခြားမြို့တွေကလဲ ဘောလုံးပွဲတွေရှိရင် လာလာငှားကြပါတယ်။ ကြီးလာရငတော့ တကယ့်ဘောလုံးပွဲကြီးတွေကို ကြေညာတဲ့ ဘောလုံးပွဲအစီအစဉ်ကြေညာတဲ့သူတစ်ယောက် ဖြစ်ချင်ပါတယ်” လို့ Hazen al-Hossain က ပြောကြားခဲ့ပါတယ်။

[email protected] A Alhossain

Pyi Hein Kyaw

SHARE