ကျောင်း ၆ ခုကအကြွေး သိန်း ၆၀ ဖိုးကို စီးပွားရေးလုပ်ပြီး ဆပ်ပေးခဲ့တဲ့ ၈ နှစ်သားလေး

Youtube-KGW News

Keoni Ching လို့အမည်ရတဲ့ အသက်၈နှစ်အရွယ်ရှိကောင်လေးတစ်ဦးဟာ သူတက်တဲ့ကျောင်းအပါအဝင်အခြားကျောင်း ၆ ကျောင်းက အကြွေးတွေကို သော့ချိတ်လေးတွေရောင်းကာ ဒေါ်လာ၄၀၀၀ လောက်စုပြီး ကျောင်း ၇ ကျောင်းစာအကြွေးတွေကို ဆပ်ပေးခဲ့ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Youtube-KGW News

Keoni ဟာ သူ့ကျောင်းဟာ နေ့လည်စာအတွက်အကြွေးတွေတင်နေကြောင်း သိခဲ့ရပါတယ်။ နေ့လည်စာစားတဲ့အချိန်ဆို သူ့သူငယ်ချင်းတွေက ကျောင်းကကျွေးတဲ့ ဟင်းတွေကို မကြိုက်ကြောင်း ပြောဆိုနေတာကြားခဲ့ရတဲ့အချိန်မှာ သူဟာ သူငယ်ချင်းတွေအတွက် စိတ်မကောင်းဖြစ်ကာ ငွေရှာဖို့ ဆုံးဖြတ်ခဲ့ကြောင်း CNN သတင်းဌာနကို ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ Keoni ဟာ သူ့မိဘတွေနဲ့ အဖိုးအဖွားတွေရဲ့ အကူအညီကိုယူကာ သူကြိုက်နှစ်သက်တဲ့ သော့ချိတ်လေးတွေကို ကိုယ်တိုင်လုပ်ပြီး ရောင်းချဖို့စဉ်းစားခဲ့မိပြီး သော့ချိတ်တစ်ခုကို ၅ ဒေါ်လာနဲ့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ Keoni ဟာ သူကိုယ်တိုင် သော့ချိတ် ၃၀၀ ကျော်ပြုလုပ်ခဲ့ပြီး ကျန်တဲ့ သော့ချိတ်တွေကိုတော့ မိဘနဲ့ အဖိုးအဖွားတွေက ပြုလုပ်ပေးခဲ့ကြပါတယ်။

READ
Ironman Triathlon ပြိုင်ပွဲမှာ ပန်းဝင်ခဲ့တဲ့ ပထမဆုံး Down Syndrome ဝေဒနာရှင်

Keoni လေးရဲ့ သော့ချိတ်ရောင်းရတဲ့ ရည်ရွယ်ချက်ကို Keoni ရဲ့ မိဘတွေက ဆိုရှယ်မီဒီယာပေါ် ဝေမျှခဲ့တဲ့အချိန်မှာတော့ ကမ္ဘာ့အနှံ့အပြားကလူတွေဟာ Keoni လေးရဲ့ သော့ချိတ်တွေကို အားပေးခဲ့ကြောင်း သိရပါတယ်။ “ အခုဆိုရင် ကျွန်မတို့ဆီကို Alaska, Rhode Island, Minnesota နဲ့ Arizona နိုင်ငံရှိလူတွေက ဝယ်ယူနေကြပါတယ်” လို့ Keoni လေးရဲ့ မိခင်ဖြစ်သူ April Ching က ပြောကြားခဲ့ပါတယ်။ နောက်ဆုံးတော့ Keoni လေးဟာ ဒေါ်လာ ၄၀၀၀ လောက်စုမိပြီး သူတက်နေတဲ့ ကျောင်းရဲ့ အကြွေးသာမက အခြားကျောင်း ၆ ကျောင်းရဲ့ အကြွေးတွေကိုပါ ဆပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE