တောင်ပေါ်ကအဆင်းမှာ ၀က်ဝံအန္တရာယ်ကနေ သီသီလေး လွတ်မြောက်ခဲ့တဲ့ ကောင်လေး

[email protected]

အသက်ဘေးအန္တရယ်တစ်ခုနဲ့ တွေ့ကြုံလာတဲ့အခါမှာ လူတိုင်းနီးပါး စိုးရိမ်ထိတ်လန့်ကြတာ သဘာဝပါပဲ။ လူဆိုတဲ့အမျိုးက သေခါနီးလေ ပိုကြောက်တက်လေပါပဲ။ ဒါပေမယ့် အသက် ၁၂ နှစ်အရွယ်ရှိတဲ့ ကောင်လေးတစ်ယောက်ကတော့ အသက်ဘေးနဲ့ လက်တစ်ကမ်းအလိုမှာ ရောက်ခဲ့တာတောင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါကောင်လေးနာမည်ကတော့ Alessandro ဖြစ်ပြီး အသက် ၁၂ နှစ်ပဲ ဖြစ်ပါတယ်။ အဲဒီနေ့က Alessandro ဟာ သူ့မိသားစုနဲ့အတူတူ အီတလီနိုင်ငံ၊ မြောက်ပိုင်းဒေသရှိ တောင်တစ်တောင်ကို တောင်တက်ခရီးထွက်ခဲ့ကြပါတယ်။ တောင်ပေါ်တက်တဲ့အချိန်ထိ Alessandro ရယ် ၊ သူ့မိဘနှစ်ပါးရယ်ဟာ အေးဆေးပါပဲ။ ဘာပြသနာမှ မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် တောင်ပေါ်ကဆင်းတဲ့ လမ်းမှာ Alessandro တစ်ယောက် အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

READ
မီးတုတ်၊ပုလင်း၊အုတ်ခဲတို့ဖြင့်ရိုက်ပြီး ကြံ့ခိုင်မှုကိုပြသခဲ့တဲ့ ပူတင်၏ရုရှစစ်သားများ
[email protected]

အဲဒီအန္တရာယ်ကတော့ အလွန်ကြီးမားတဲ့ ဝက်ဝံကြီးတစ်ကောင်ပါပဲ။ အဆိုပါ ဝက်ဝံကြီးဟာ Alessandro လေးတစ်ယောက်သွားတဲ့နောက်ကနေ တောက်လျှောက်လိုက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Alessandro ကတော့ တောင်ဆင်းလမ်းတစ်လျှောက်မှာရှိတဲ့ ခြုံပုတ်တွေကနေ ထင်းရှုးသီးတွေ လိုက်ခူးနေတာနဲ့ သတိမထားမိခဲ့ပါဘူး။ အမဲဒီအချိန် Alessandro ရဲ့ ဖခင်ဖြစ်သူက အရှေ့ကနေ ဗီဒီယို လှမ်းရိုက်ရင်းနဲ့မှ သူ့သားနောက်မှာ ဝက်ဝံကြီးတစ်ကောင် ခိုးကြောင်ခိုးဝှက်လိုက်လာနေတာကို သတိထားခဲ့မိတာပါ။

ဒီလို သတိထားမိမိချင်း Alessandro ရဲ့ ဖခင်ဟာ သူ့သားကို တိုးတိုးလေး လှမ်းပြောရင်း စိတ်အတည်ငြိမ်ဆုံးထားဖို့၊ နောက်ကို လုံးဝပြန်လှည့်မကြည့်ဖို့နဲ့ လမ်းကို ပုံမှန်လျှောက်ဖို့ပဲ ပြောခဲ့ပါတယ်။ Alessandro ကလည်း အရွယ်နဲ့မလိုက်အောင် စိတ်အတည်ငြိမ်ဆုံးထားပြီး လမ်းလျှောက်ကာနောက်ဆုံး တောက်အောက်က ကားပေါ်အထိ တက်နိုင်ခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ Alessandro တို့မိသားစု ကားပေါ်ရောက်သွားတဲ့အချိန်မှာတော့ ဝက်ဝံကြီးဟာ လာရာလမ်းအတိုင်း ပြေးပြီး ပြန်လှည့်သွားကြောင်း သိရပါတယ်။

READ
ဒူး နဲ့ တံတောင်ပေါ်က အမည်းကွက်တွေကို ဖယ်ရှားနည်း

Pyi Hein Kyaw

SHARE