Disney ရဲ့ Chairman ကိုယ်တိုင်က ချီးကျူးခဲ့တဲ့ ဆယ်ကျော်သက်လေးရဲ့ ဗီဒီယို

[email protected]

ဒီနေ့ခေတ်မှာတော့ စူပါဟီးရိုးတွေဆိုတာ လူငယ်တော်တော်များများကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကောင်တွေပါပဲ။ လူငယ်တော်တော်များများ ကြိုက်ကြတဲ့ စူပါဟီးရိုးတွေကတော့ Batman, Superman, Spiderman အစရှိတဲ့ ဇာတ်ကောင်တွေပါပဲ။ အခုလည်း ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ဟာ Effect တွေသုံးပြီး သူအကြိုက်ဆုံး စူပါဟီးရိုးဇာတ်ကောင်တွေကို ပြသသွားတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ လူကြိုက်များနေကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့( ၂.၇.၂၀၂၀)တုန်းက Julian Bass လို့ အမည်ရတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ Twitter အကောင့်ကနေပြီးတော့ ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာတော့ Julian ဟာ Starwar, Ben 10, Spiderman အစရှိတဲ့ သူအကြိုက်ဆုံး စူပါဟီးရိုးပုံစံတွေကို Effect တွေသုံးပြီး သူ့ကိုယ်သူ ပြောင်းပစ်ခဲ့ပါတယ်။ အဆိုပါဗီဒီယိုဟာ ဘယ်လောက်တောင် လူကြိုက်များခဲ့သလဲဆိုရင် ကြည့်ရှု့သူ ၂၁ သန်းကျော်ရှိခဲ့ပြီး 568k က share ခဲ့ကြပါတယ်။

ဗီဒီယိုထဲမှာ သုံးသွားတဲ့ Effect တွေက တော်တော်သပ်ရပ်ပြီး တော်တော်လေးကို မိုက်လွန်းလှပါတယ်။ comment တွေမှာလည်း လူအများအပြားက Julian ကို ချီးကြူးခဲ့ကြသလို နောက်ထပ်ဗီဒီယိုတွေကိုလည်း စောင့်မျှော်နေပါမယ်လို့ comment တွေ ပေးခဲ့ကြပါတယ်။ ဒါ့အပြင် နာမည်ကြီးဒါရိုက်တာဖြစ်တဲ့ James Gunn နဲ့ Disney ရဲ့ chairman ဖြစ်သူ Bob Iger တို့ကပါ Julian ရဲ့ လက်ရာကို ချီးကျူးခဲ့သေးကြောင်း သိရပါတယ်။

“ဘာပဲဖြစ်ဖြစ် အခုလို ကျွန်တော့်ဗီဒီယိုကို လူကြိုက်များလို့ ကျေးဇူးတင်ပါတယ်။ နောက်လဲ ဒီထက်မိုက်တဲ့ ဗီဒီယိုတွေကို ဆက်လက်ဖန်တီးသွားအုံးမှာပါ။ Bob Iger, James Gunn နဲ့ လူတော်တော်များများရဲ့ ချီးကျူးမှုတွေက ကျွန်တော့်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေသလို တွန်းအားလည်း ဖြစ်စေပါတယ်။ အကုန်လုံးကို ကျွန်တော် တစ်ကယ်ကျေးဇူးတင်ပါတယ်”လို့ Julian က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE