ကားခေါင်မိုးပေါ် သီချင်းတက်ဆိုပြီး ချစ်သူဆီလက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသားရဲ့ ဗီဒီယိုဖိုင်

Twitter/MikeOgden

အမျိုးသားတစ်ယောက်ဟာ ဗန်ကားပေါ်မှာ မတ်တပ်ရပ်ကာ သီချင်းဆိုပြီး စတိုးဆိုင်တစ်ဆိုင်အရှေ့မှာ ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့ကြောင်း metro သတင်းစာမျက်နှာအရ သိရပါတယ်။ ၄င်းအမျိုးသားဟာ မိုက်ခ် အော့ဂ်ဒန်ဆိုသူဖြစ်ကာ သူဟာ (၂) နှစ်တာတွဲလာတဲ့ ချစ်သူ ဂေနောမာရှယ်လ်ကို အံ့သြသွားစေချင်တာကြောင့် Stone Roses ရဲ့ Sally Cinnamon ကို သီဆိုခဲ့တာ ဖြစ်ပါတယ်။

Twitter/MikeOgden

မိုက်ခ်ဟာ အသက် (၄၈) နှစ်ရှိပြီဖြစ်ကာ ဆိုင်းဘုတ်တွေ ရေးဆွဲပြုလုပ်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အင်္ဂလန်နိုင်ငံ ချီရှိုင်းယားမှာရှိတဲ့ တက်စ်ကိုစူပါစတိုးဆိုင်အပြင်ဘက်မှာ ကားရပ်ပြီးနောက် သူ့ဗန်ကားပေါ်ကိုပဲ ပြန်တက်ကာ သီချင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သီချင်းဆိုအပြီးမှာတော့ မိုက်ခ်ဟာ သူ့ရဲ့ချစ်သူ ဂေနောရှိရာဆီလာပြီး ပန်းစည်းကမ်းပေးလိုက်ပါတယ်။ ပြီးနောက် ဂေနောရှေ့မှာပဲ ဒူးတစ်ဖက်ထောက်ချကာ  လက်ထပ်ခွင့်တောင်းခဲ့တာပါ။

READ
ထီပေါက်သူတွေ အန္တရာယ်ကင်းဖို့ မျက်နှာအုပ်ပြီး ဆုငွေလာထုတ်တဲ့ ဂျမေကာက ဓလေ့
Twitter/MikeOgden

ဂေနောကတော့ အသက်(၄၅) နှစ်ရှိပါပြီ။ မိုက်ခ်ရဲ့ အကြံအစည်ကို ကြိုသိနှင့်ပြီးသားဖြစ်တဲ့ ဂေနောရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ စတိုးဆိုင်ထဲ အလုပ်လုပ်နေတဲ့ သူမကို အပြင်ဘက်ဆီ ခေါ်ထုတ်လာတာ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာကောင်းတဲ့ ဖြစ်ရပ်ကိုတော့ ၄င်းတို့ရဲ့ သူငယ်ချင်းတစ်ဦးကနေ အခုလို မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။

Twitter/MikeOgden

မိုက်ခ်ဟာ ဒီအကြံအစည်ကို ပြီးခဲ့တဲ့ အစောပိုင်း ရက်သတ္တပတ်တွေထဲက အကောင်အထည်ဖော်ခဲ့တာပါ။ မိုက်ခ်ကတော့ သူတို့ချစ်သူနှစ်ဦးဟာ မင်္ဂလာဆောင်တဲ့အခါမှာ အကျဉ်းရုံးပဲ လုပ်ချင်ခဲ့ကြောင်း ပြောပြခဲ့ကြပါတယ်။ “ကျွန်တော်တို့နှစ်ယောက်က လက်ထပ်တဲ့အခါကျရင် လူနည်းနည်းလောက်နဲ့ အကျဉ်းရုံးပြီး လုပ်ချင်တယ်။ ဖြစ်နိုင်ရင် ဘယ်သူမှ မပါပဲ ကမ်းခြေမှာ နှစ်ယောက်ထဲပေါ့။ ဒါကြောင့် ကျွန်တော်က စဉ်းစားတယ်။ တကယ်လို့ လက်ထပ်တာကို အကျဉ်းရုံးလုပ်မယ်ဆိုရင် လက်ထပ်ခွင့်တောင်းတာကိုတော့ ဂေနောရုတ်တရက်အံ့သြသွားအောင် လုပ်မယ်လို့ စိတ်ကူးရတယ်…”

READ
တရားရုံးအတွင်း တရားသူကြီးများရှေ့မှာ လဲကျသေဆုံးခဲ့သည့် အမျိုးသမီး

“…ဒါနဲ့ ကျွန်တော်စဉ်းစားတယ်။ ဗန်ကားပေါ်ကနေ သီချင်းဆိုကြည့်ရင် ကောင်းမယ်ဆိုပြီးတော့ပေါ့။ ကျွန်တော့်သူငယ်ချင်း ဒီဂျေကို အကူအညီတောင်းကြည့်တယ်လေ။ ကျွန်တော့်ကို စပီကာငှားဖို့ပေါ့…” လို့ ပြောပြပါတယ်။ မိုက်ခ်ဟာ သူတို့နှစ်ယောက်အတူတူရှိခဲ့တဲ့ အချိန်တွေကို ပြန်အမှတ်တရဖြစ်စေဖို့အတွက် ဓာတ်ပုံတွေကိုပါ ဗီနိုင်းထုတ်ပြီး ကားဘေးမှာ ကပ်ခဲ့သေးကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE