ကလေးတွေ လူကြီးကားကြည့်တာနဲ့ ပတ်သတ်ပြီး နယူးဇီလန်အစိုးရဲ့ ပညာပေးကြော်ငြာ

YouTube/KeepitRealOnline

လူကြီးကားကတော့ လူတိုင်းနီးပါး တစ်နည်းမဟုတ်တစ်နည်း ကြည့်ဖူးကြမှာပါ။ ဒီလိုလူကြီးကားတွေကြည့်ဖို့ အသက်အရွယ်ပြည့်ပြီးသားလူတွေကတော့ ပြသနာမရှိပေမယ့် အသက်အရွယ်မရောက်သေးတဲ့ ကလေးတွေကြည့်မိရင်တော့ ပြသနာရှိနိုင်ပါတယ်။ ဒါ့ကြောင့် New Zealand အစိုးရကနေပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေ လူကြီးကားတွေကြည့်တာကို ကြော်ငြာတစ်ခုရိုက်ကူးခဲ့ကြောင်း Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ပိုပြီး ထူးခြားတာက ဒီကြော်ငြာ

Youtube-Keep It Real Online – Pornography

အဆိုပါကြော်ငြာကတော့ တော်တော်ပညာသားပါတဲ့ ကြော်ငြာတစ်ခုလို့ ပြောနိုင်ပါတယ်။ ကြော်ငြာဇာတ်လမ်းအစမှာ နာမည်ကြီး အပြာမယ်ဖြစ်တဲ့ Sueနဲ့ လူကြီးကားတွေရဲ့ မင်းသားတစ်ဦးဖြစ်တဲ့ Derek တို့က အိမ်တံခါးတစ်ခုကို သွားခေါက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Hiya လို့ အမည်ရတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ တံခါးကထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Sue က Hiya ရဲ့ သားဖြစ်သူဟာ သူတို့ နှစ်ယောက်သရုပ်ဆောင်ထားတဲ့ အပြာကားတွေကို ကြည့်နေကြောင်း၊ သူတို့ဇာတ်ကားတွေဟာ အရွယ်ရောက်ပြီးသူတွေ ကြည့်ရန်ရိုက်ကူးထားတာဖြစ်ပြီး အသက်မပြည့်သေးတဲ့ ကလေးကြည့်ရန်မဟုတ်ကြောင်း ရှင်းပြခဲ့ပါတယ်။

READ
ခြင်္သေ့များနှင့် ရင်းနှီးကျွမ်းဝင်စွာနေတဲ့ လူထူးဆန်းတစ်ဦးအကြောင်း
Youtube-Keep It Real Online – Pornography

သိပ်မကြာခင်မှာပဲ Hiya ရဲ့ သားဖြစ်သူဟာ တံခါးနောက်က ပေါ်လာပြီး Sue ရဲ့ ဝတ်စလစ်ပုံစံကို မြင်တာနဲ့ လက်ထဲက ပန်းကန်တောင်လွတ်ကျသွားခဲ့ပါတယ်။ ဒါနဲ့ မိခင်ဖြစ်သူ Hiya ကလည်း သားဖြစ်သူပုံစံကို သိသွားတာနဲ့တစ်ပြိုင်နက် “ငါတို့ ဒီကိစ္စတွေကို သေချာဆွေးနွေးဖို့လိုနေပြီ”လို့ ပြောရင်း တံခါးပိတ်လိုက်ကာ ကြော်ငြာကို အဆုံးသတ်ခဲ့ပါတယ်။

ဒီကြောငြာမှာ ပေးချင်တဲ့ message က ရှင်းပါတယ်။ အဓိကကတော့ မိဘဖြစ်သူတွေက သားသမီးတွေနဲ့ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ဖို့ပါပဲ။ ဒီခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တာကြောင့် လူကြီးကားတွေကို အသက်အရွယ်မပြည့်သေးတဲ့ ကလေးတွေက အချိန်မရွေး ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ လူကြီးကားတော်တော်များများမှာ ဖြစ်နေကျပုံစံအနေအထားတွေက တကယ့်လက်တွေ့ဘဝနဲ့ အရမ်းကွာခြားလွန်းပါတယ်။

ဒါကိုတော့ အသက်အရွယ်ပြည့်ပြီး ဦးနှောက်ရှိတဲ့ လူမှန်ရင်တော့ စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် အသက်အရွယ်မပြည့်သေးတဲ့ ကလေးတွေက ဒါတွေကို ကြည့်မိခဲ့ရင် တကယ့်လက်တွေ့ဘဝမှာလဲ လူကြီးကားထဲက ကိစ္စတွေက တကယ်ရှိနိုင်တယ်ဆိုတဲ့ အတွေးကြီးတွေ ဝင်သွားနိုင်ပါတယ်။ ဒါ့ကြောင့် လူကြီးတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးတွေနဲ့ ဒီလိုမျိုးကိစ္စတွေ၊ ဒီလိုအတွေးမျိုးတွေ မဝင်အောင် သေသေချာချာ ဆွေးနွေးသင့်ကြောင်း ပြောကြားချင်ပါတယ်။ လိုအပ်ရင်လည်း နယူးဇီလန်အစိုးရက ဖွဲ့စည်းပေးထားတဲ့ KeepItRealOnline ၀က်ဘ်ဆိုဒ်မှာ ကလေးတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ပညာရှင်တွေနဲ့ ဆွေးနွေးနိုင်ကြောင်း မိဘတွေကို အသိပေးထားတာလည်း ဖြစ်ပါတယ်။

READ
ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ခဲ့တဲ့ တရုတ်သမ္မတကို ချီးကျူးစကား ပြောခဲ့တဲ့ ကင်ဂျုံအန်

Pyi Hein Kyaw

SHARE