ဟယ်ရီပေါ်တာကိုယ်ပျောက်ဝတ်ရုံလိုမျိုး ကိုယ်ယောင်ဖျောက်ဒိုင်းကို တီထွင်ခဲ့တဲ့ ကနေဒါကုမ္ပဏီ

YouTube/Hyperstealth Corp

ကနေဒါကုမ္ပဏီတစ်ခုဟာ ဟယ်ရီပေါ်တာရုပ်ရှင်ထဲမှာပါတဲ့ ကိုယ်ပျောက်ဝတ်ရုံလိုမျိုး အရာဝတ္ထုတွေကို ဖျောက်ပေးနိုင်တဲ့ ဒိုင်းအမျိုးအစားတစ်ခုကို တီထွင်ခဲ့ကြောင်း unilad သတင်းအရ သိရပါတယ်။ ၄င်းဒိုင်းကိုတော့ Quantum Stealth လို့အမည်ပေးထားပါတယ်။

ဒိုင်းဟာ Hyperstealth Biotechnology မှ နည်းပညာကို အသုံးပြုထားကာ သူ့နောက်မှာရှိတဲ့ အရာဝတ္ထုမှန်သမျှကို ဖုံးကွယ်ပေးသွားတာ ဖြစ်ပါတယ်။ Lenticular မှန်ဘီလူးတွေကို အသုံးပြုထားတာဖြစ်လို့ အလင်းဟာ ဆုံမှတ်တစ်ဝိုက်မှာ ကွေးပြီး တည်နေရာပြောင်းသွားအောင်ပဲဖြစ်ဖြစ်၊ ပျောက်သွားအောင်ပဲ ဖြစ်ဖြစ် လုပ်ဆောင်ပေးကာ နောက်ခံပုံရိပ်ကိုသာ မြင်ရစေတာ ဖြစ်ပါတယ်။

YouTube/Hyperstealth Corp

ဒီနည်းပညာကတော့ အဓိကအားဖြင့် တည်ချက်ကို ဖုံးကွယ်ထားဖို့ဖြစ်ပါတယ်။ ပုံတွေမှာ တွေ့မြင်ရတာကတော့ လူကို ဖျောက်ပေးထားပြီး နောက်ခံပုံရိပ်ကိုသာ ထွင်းဖောက်မြင်စေနိုင်တဲ့ Quantum Stealth ဒိုင်းတွေပါပဲ။ ထူးခြားတာတစ်ခုက သူ့ကို ပါဝါအားပေးစရာမလိုတဲ့အတွက် နေ့ရောညပါ ကြိုက်တဲ့အချိန်၊ နေရာတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

READ
ဒီဇိုင်နာတွေရဲ့ သာမန်ထက်ကွဲပြားစွာ တီထွင်ထားတဲ့ ပစ္စည်းဒီဇိုင်းဆန်းများ
YouTube/Hyperstealth Corp

The Telegraph သတင်းဌာနကို ပြောပြထားတဲ့ Hyperstealth ကုမ္ပဏီအရ Quantum Stealth ဒိုင်းတစ်ခုဟာ ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် ဘယ်အချိန်မှာမဆို အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။ ကုမ္ပဏီရဲ့ စီးအီးအို Guy Cramer ကိုယ်တိုင်ကလည်း ဥပမာအနေနဲ့ ဒိုင်းကိုသုံးပြနေတာကို ဗီဒီယိုထဲမှာ တွေ့မြင်ရမှာပါ။ ဒိုင်းကို သူကိုယ်တိုင်ကွယ်လိုက်တဲ့အခါမှာတော့ ထူးခြားစွာပဲ သူ့ကိုယ်ခန္ဓာပုံရိပ်ကို မမြင်ရတော့ပဲ နောက်ခံက အရာဝတ္ထုတွေကိုသာ မြင်ရတော့တာ ဖြစ်ပါတယ်။

Cramer ဟာ ဒီနည်းပညာကို (၂၀၁၀) ခုနှစ်ကတည်းက အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ပိုပြီးမြန်မြန်ဆန်ဆန် တီထွင်နိုင်ဖို့ စစ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ IFL Science ကတော့ နည်းပညာရဲ့ နောက်ကွယ်က သိပ္ပံစည်းမျဉ်းဟာ Snell’s Law ပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတယ်လို့လည်း ရှင်းပြခဲ့ပါသေးတယ်။

READ
စူပါဟီိရိုးတွေကို အိမ်အလုပ်တွေခိုင်းနေတုန်း ဓာတ်ပုံမှတ်တမ်း တင်ထားတဲ့အမျိုးသား

လင်းလင်း (ShweMom)

SHARE