အိမ်နီးချင်းတွေကို ညနေတိုင်း Live Show ပုံစံမျိုး သီချင်းဆိုပြီး ဖျော်ဖြေပေးတဲ့ အမျိုးသမီး

[email protected]

ဒီလို COVID 19 ဖြစ်နေတဲ့အချိန်မှာ လူတွေဟာ အိမ်ထဲမှာချည်းပဲ နေနေရတာကို ပျင်းရိနေကြမှာ အမှန်ပါပဲ။ အိမ်မှာနေရတာ ဘယ်လောက်ပဲ ကြိုက်တယ်ပြောပြော အချိန်ပြည့်နေ့တိုင်းတော့ လူတိုင်းအိမ်မှာ မနေချင်ကြပါဘူး။ အခုလည်း အိမ်ထဲမှာနေပြီး ပျင်းနေမယ့်လူတွေအတွက် စပိန်နိုင်ငံက ကနေဒါအမျိုးသမီးတစ်ယောက်က ညနေ ၆ နာရီတိုင်း သူမရဲ့ အိမ်နီးချင်းတွေကို Live Show ပုံစံမျိုးဖြင့် သီချင်းဆို ဖျော်ဖြေနေကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ကနေဒါအမျိုးသမီးရဲ့ နာမည်ကတော့ Jennifer-Lynn Parnall ဖြစ်ပြီး ဘာစီလိုနာမြို့ရှိ ကျောင်းတစ်ကျောင်းမှာ ဂီတဆရာမတစ်ဦးအဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ စပိန်နိုင်ငံရှိ လေဆိပ်တွေကို ပိတ်လိုက်တဲ့အချိန်မှာ Jennifer တစ်ယောက် သူမရဲ့ မိခင်ကနေဒါနိုင်ငံကို မပြန်နိုင်တော့ပဲ ဘာစီလိုနာမြို့မှာပဲ သောင်တင်ခဲ့ပါတယ်။ နေတဲ့တိုက်ခန်းမှာလည်း ဆွေမျိုးအပေါင်းအသင်းမရှိတဲ့အပြင် ကြောင်လေးတစ်ကောင်နဲ့  အထီးကျန်စွာ နေနေရပါတယ်။

ဒါပေမယ့် တစ်နေ့မှာတော့ ဒီအတိုင်းနေပြီး ပျင်းနေမယ့်အတူတူ သူလဲအပျင်းပြေ၊ အိမ်နီးချင်းတွေလည်း အပျင်းပြေအောင် ညနေတိုင်း Music Live Show လေးလုပ်ဖို့ စဉ်းစားခဲ့ပါတယ်။ ဒီလိုနဲ့ Jennifer တစ်ယောက် နေ့တိုင်း ညနေ ၆ နာရီထိုးပြီဆိုတာနဲ့ နေ့စဉ် သီချင်း ၄ ပုဒ်ကို သူမရဲ့ တိုက်ခန်း လသာဆောင်ကနေတစ်ဆင့် အိမ်နီးချင်းတွေကို ဖျော်ဖြေလေ့ ရှိပါတယ်။ သူမရဲ့ အိမ်နီးချင်းတိုင်းကလည်း ညနေ ၆ နာရီထိုးခါနီးပြီဆိုတာနဲ့ သူတို့ရဲ့ တိုက်ခန်း ပြတင်းပေါက်လေးတွေကနေ တစ်ဆင့် Jennifer ကို အလုအယက်အားပေးကြသလို သီချင်းတေါလည်း တောင်းလေ့ရှိပါတယ်။ အခုဆိုရင်တော့ Jennifer တစ်ယောက် သူမရဲ့ အိမ်နီးချင်းတွေကို နေ့စဉ်ဖျော်ဖြေခဲ့တာ ၁ လကျော်ရှိသွားပြီပဲ ဖြစ်ပါတယ်။

READ
နေ့ခင်းကြောင်တောင် သစ်ပင်ကိုတောင်အလွတ်မပေးတဲ့အမျိုးသား

“ဒီလိုတစ်ယောက်တည်းဖြစ်နေတဲ့အချိန်မှ အိမ်နီးချင်းတွေရဲ့ တန်ဖိုးကို သိလာရတာပါ။ အရင်ကဆို ကျွန်မဒီတိုက်ခန်းမှာ နေတုန်းက မနက်ဆိုကျောင်းသွား၊ ညနေဆိုပြန်လာ၊ ညကြပြန်တော့လည်း တစ်ယောက်တည်းတိုက်ခန်းထဲမှာ ရုပ်ရှင်ကြည့်၊စာအုပ်ဖတ်နဲ့ ဘယ်အိမ်နီးချင်းနဲ့မှ စကားတောင် မပြောဖြစ်ပါဘူး။ အခုအချိန်မှ ကျွန်မမှာ တစ်ကယ်ကောင်းတဲ့ အိမ်နီးချင်းတွေ ရှိနေတာ သိလိုက်ရပါတယ်” လို့ Jennifer က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE