ကိုယ်အလေးချိန် (၂၈) ပေါင်နဲ့ အရမ်းအ၀လွန်နေလို့ သခင်စွန့်ပစ်ခံရတဲ့ ကြောင်လေး

pokeypotpie

ဝီလ်ဖို့်ဒ်အမည်ရတဲ့ ကြောင်ဝတုတ်လေးတစ်ကောင်ဟာ ၄င်းဘ၀ရဲ့ စာမျက်နှာအသစ်စဖို့အတွက် တိရစ္ဆာန်ဂေဟာတစ်ခုကို ရောက်နေပါတယ်။ ၀ီလ်ဖို့ဒ်က (၈) နှစ်သားအရွယ် အလေးချိန် (၂၈) ပေါင်ရှိတဲ့ ကြောင်လေးတစ်ကောင် ဖြစ်ပါတယ်။ ဂေဟာကို ရောက်လာတဲ့ အကြောင်းရင်းက သူ့သခင်က အရမ်းဝလွန်းလာတဲ့သူ့ကို ကောင်းကောင်းမစောင့်ရှောက်နိုင်တော့လို့ ဖြစ်ပါတယ်။

pokeypotpie
pokeypotpie

ဒါပေမယ့် ကံကောင်းတဲ့ ကြောင်လေးဝီလ်ဖို့ဒ်ဟာ Lost Dog and Cat  Rescue Foundation က ကြင်နာတတ်သူတွေနဲ့တွေ့ပြီး ဂေဟာမှာ သောင်တင်နေတာကို  boredpanda အရ သိရပါတယ်။ စင်တာက ၀ီလ်ဖို့ဒ်ကို စောင့်ရှောက်ရတဲ့ အမျိုးသမီး ဂျန်ကတော့ ကြောင်လေးဟာ စင်တာကို ရောက်ရောက်လာချင်းမှာ စိတ်ညစ်ပြီး စားဖို့တောင် အနိုင်နိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

 

View this post on Instagram

 

***Wednesday Workouts with Wilford!!*** . Today’s Tip: Don’t forget to fuel up before hitting the gym! Some folks like protein shakes, others like energy drinks; Wilford prefers catnip! 😹 . . *************DISCLAIMER************ Yes, Wilford is morbidly obese. No, it’s not ok. He is a foster with @lostdogandcatrescue and he is being treated for his obesity as well as other issues. He is under veterinary supervision. *************************************** . #Wilford #wilfordthegreat #wilfordbrimley . #adoptdontshop #fosteringsaveslives #foster #ldcrf #handsomecat #adorable #studmuffin #cats #catsofinstagram #preownedcat #obesecat #fatcat #love #weightlossjourney #lostdogandcatrescue #adopt #cat #love #adoptyourbestfriend #lovemeow #bestmeow #catloversclub #cats_of_instagram #cathealth #obesepet #weightloss #cute #adorable

A post shared by Playschool for Wayward Kittens (@pokeypotpie) on

pokeypotpie
pokeypotpie

ကြောင်လေးဟာ အန္တရာယ်ရှိတဲ့ အနေအထားထိရောက်အောင် ၀နေပြီး အမွှေးတွေကလည်း ပုံပန်းမကျဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့် သခင်က စွန့်ပစ်တာကို ခံလိုက်ရတဲ့အပြင် ပတ်ဝန်းကျင်အသစ် လူအသစ်တွေနဲ့ တွေ့ဆုံရတဲ့အတွက် သူ့အတွက် အနည်းငယ် ခက်ခဲနေတာ ဖြစ်နိုင်ပါတယ်။ ၀ီလ်ဖို့်ဒ်ဟာ အ၀လွန်နေတဲ့အပြင် ရင်ကြပ်ရောဂါလည်း ရှိနေပါတယ်။

READ
Photoshop လက်စွမ်းအပြကောင်းလို့ ရယ်စရာဖြစ်ခဲ့ရတဲ့ ဓာတ်ပုံများ

ဂျန်ဟာ ၀ီလ်ဖို့ဒ်ရဲ့ (၂၈) ပေါင်ကိုယ်အလေးချိန်ကနေ (၁၄) ပေါင်အထိ အလေးချိန်ချပေးဖို့ စီစဉ်နေပါတယ်။ ဒီအတွက် ၀ီလ်ဖို့ဒ်စားတဲ့ ကြောင်စာတွေကို သေချာပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဂျန်ကတော့ ၀ီလ်ဖို့ဒ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဂေဟာက အများကြီးဖြေရှင်းခဲ့ရတဲ့အကြောင်းနဲ့ အခုဆိုရင်တော့ ကြောင်လေးဟာ တဖြည်းဖြည်းနဲ့ ၀ိတ်ကျလာပြီး နေလည်း ပြန်ကောင်းလာနေပြီလို့ ပြောပြပါတယ်။

pokeypotpie
pokeypotpie

ကြောင်လေးဟာ လက်ရှိ  ဂေဟာမှာ နေသားကျနေပြီး စားတာသောက်တာ၊ ရေချိုးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အရုပ်လေးတွေနဲ့ ကစားတာမျိုးတွေကို ပြုလုပ်နေနိုင်ပါပြီ။ ဒါပေမယ့် အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ပြီး ရင်ကြပ်နေတဲ့အတွက် ဆေးနည်းနည်းသောက်နေရပါသေးတယ်။ သိပ်မကြာခင် ရက်သတ္တပတ်တွေမှာတော့ ၀ီလ်ဖို့ဒ်ဟာ နောက်ထပ်သူ့ကို မွေးစားမယ့် အိမ်ပိုင်ရှင်တွေနဲ့ တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေလောက်ပြီလို့ မျှော်လင့်ရပါတော့တယ်။

READ
ဆံပင်ညှပ်ဆရာတွေကို " အဆင်ပြေသလိုသာ ညှပ်ပေးပါ" လို့ ပြောလိုက်မိတဲ့အခါ

လင်းလင်း (ShweMom)

SHARE