လမ်းမှာတွေ့တဲ့ အမျိုးသမီးကို စတိုးဆိုင်ထဲ ခေါ်သွားပြီး မုန့်ဝယ်ကျွေးခိုင်းတဲ့ ကြောင်လေး

[email protected]_elgato

ကြောင်ကလေးတွေဟာ များသောအားဖြင့် ဥာဏ်ကောင်းတဲ့ တိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ပျင်းရိပျင်းတွဲနေတတ်လေ့ရှိပေမယ့် သခင်တွေကို ပွတ်သီးပွတ်သပ်အရမ်းနေတတ်တဲ့ကောင်လေးတွေ ဖြစ်ပါတယ်။ အခုလည်း လမ်းမထက်ကကြောင်ကလေးတစ်ကောင်ဟာ အမျိုးသမီးတစ်ယောက်ကို စတိုးဆိုင်ကို ဦးဆောင်ခေါ်သွားပြီး အဆိုအမျိုးသမီးကို မုန့်ဝယ်ကျွေးခိုင်းခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

conejo_elgato

Mexico နိုင်ငံ၊ Piedras Negras မြို့မှာ နေထိုင်တဲ့ Tania Lizbeth Santos Coy Tova လို့ အမည်ရတဲ့ အသက် ၃၃ နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဟာ တစ်ရက်မှာ စတိုးဆိုင်ကို စားစရာသွားဝယ်ဖို့ အိမ်ကနေထွက်လာခဲ့ပါတယ်။ အဲဒီစတိုးဆိုင်ကို သွားတဲ့လမ်းမှာ Tania ဟာ ကြောင်ဖြူလေးတစ်ကောင်ဟာ သူမနောက်ကို တစ်ကောက်ကောက်လိုက်လာတာ သတိထားမိသွားပါတယ်။

conejo_elgato

ဒါပေမယ့်နဲ့လည်း Tania ဟာ အမှုမဲ့အမှတ်နဲ့ပဲ စတိုးဆိုင်ကို ဆက်လျှောက်လာခဲ့ပါတယ်။ စတိုးဆိုင်ကို Tania တစ်ယောက်ရောက်တဲ့အချိန်မှာ နောက်လှည့်ကြည့်လိုက်တော့ ကြောင်ဖြူလေးဟာ စတိုးဆိုင်မှန်တံခါးဝမှာ ရပ်ပြီး သူမကို ကြည့်နေတာတွေ့လိုက်ရပါတယ်။ ဒါနဲ့ Tania လည်း သနားသွားပြီး ကြောင်ဖြူလေးကို သွားခေါ်ပြီး စတိုးဆိုင်ထဲခေါ်လာခဲ့ပါတယ်။

READ
အိပ်တဲ့အခါတိုင်း ၀က်ဝံရုပ်လေးကို ဖက်ပြီးမှ အိပ်လေ့ရှိတဲ့ ချစ်စရာရှဉ့်ကလေး
conejo_elgato
conejo_elgato

ကြောင်လေးဟာ စတိုးဆိုင်ထဲရောက်ရောက်ချင်း မုန့်တွေစီထားတဲ့ စင်ကိုသွားပြီး မုန့်တစ်ထုပ်ကို သူ့လက်လေးနဲ့ Tania ကို ညွှန်ပြခဲ့ပါတယ်။ Tania ကို ပြောချင်တဲ့သဘောကတော့ သူ့ကိုဒီမုန့်လေးဝယ်ကျွေးပါဆိုတဲ့ သဘောပေါ့။ ဒီလိုနဲ့ Tania ဟာ ကြောင်ဖြူကလေးကို အရမ်းသဘောကျပြီး မွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

conejo_elgato

“အခုတော့ သူ့ကို Rabbit လို့ နာမည်ပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ယုန်လေးတွေလို အမြီးမရှိပါဘူး။ Rabbit လေးက အရင်တုန်းက ပိုင်ရှင်ရှိတဲ့ပုံပါပဲ။ အခုတော့ သူ့ကို သူ့ပိုင်ရှင်က စွန့်ပစ်လိုက်လို့ လမ်းမပေါ်ရောက်လာတဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ် Rabbit လေးကို ကျွန်မတော်တော်ချစ်ပါတယ်။ သူဟာ လူတွေအပေါ်နားလည်တတ်တဲ့ ကောင်လေးလို့ ကျွန်မထင်တယ်” လို့ Tania လို့ ပြောကြားခဲ့ပါတယ်။

conejo_elgato

 

Pyi Hein Kyaw

SHARE