
ကြောင်လေးတွေဆိုတာ လူကို ပွတ်သီးပွတ်သပ်အနေတတ်ဆုံးနဲ့ လူတွေအပေါ် တညောင်ညောင်နဲ့ ချွဲတတ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ပါပဲ။ များသောအားဖြင့် ကြောင်ကလေးတွေဟာ အချိန်ပြည့်အိပ်ပြီး အပျင်းကြီးနေတတ်ကြတဲ့ ကောင်လေးတွေပါပဲ။ အခုပြောပြချင်တဲ့ ကြောင်မလေးကတော့ ကိုယ်မွေးထားတဲ့ ပိုင်ရှင်ရဲ့ ဘားဆိုင်ကနေ ပိုက်ဆံအကြွေတွေကို အလစ်သုတ်တ်တဲ့ ကြောင်သူခိုးလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။
https://www.instagram.com/p/CBMAcEmH25I/
အဆိုပါကြောင်မလေးကတော့ ရုရှားနိုင်ငံရှိ ဘားဆိုင်တစ်ဆိုင်က Masyanya လို့ အမည်ရတဲ့ ကြောင်မလေးပဲ ဖြစ်ပါတယ်။ Masyanya လေးဟာ တစ်ခြားကြောင်တွေနဲ့ မတူတဲ့ တစ်ချက်တော့ ပိုက်ဆံကို အလွန်ကြိုက်ပြီး ပိုက်ဆံနဲ့ ကစားရတာကို ကြိုက်နှစ်သက်တဲ့ ကြောင်မလေးပဲ ဖြစ်ပါတယ်။ အောက်ကဗီဒီယိုကတော့ Masyanya ဟာ သူမရဲ့ ပိုင်ရှင်ဖြစ်သူ ဘားဆိုင်ပိုင်ရှင် Nadezhda Vodolazskaya ရဲ့ ဆိုင်ရောင်းရငွေသေတ္တာထဲက အကြွေတွေကို ပိုင်ရှင် မသိအောင် အလစ်သုတ်နေတဲ့အချိန် Nadezhda ကိုယ်တိုင် မိသွားတဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။
“Masyanya က တစ်ခြားကြောင်တွေနဲ့ လုံးဝမတူဘူးဗျ။ ပိုက်ဆံတော်တော်ကြိုက်တယ်။ ပိုက်ဆံတွေကို တစ်နေရာမှာ စုထားပြီး အဲဒီပိုက်ဆံတွေနဲ့ပဲ ဆော့ရတာကို အရမ်းကြိုက်တဲ့ ကြောင်မလေးဗျ။ ကံကောင်းတာတစ်ခုက ကျွန်တော်မသိအောင် သူအလစ်သုတ်သုတ်သွားတတ်တဲ့ ပိုက်ဆံတွေက ပိုက်ဆံအကြွေတွေ ဖြစ်နေတာပါပဲ။ အတန်ကြီးတွေ မပါအောင်တော့ နောက်ပိုင်း ဆိုင်ရောင်းရငွေ ပိုက်ဆံသေတ္တာကို သော့ပါခတ်ပြီး မျက်ခြေမပြတ်စောင့်ကြည့်နေရတယ်။ တစ်ခေါက်တော့ သူ့ကို ဖမ်းမိတယ်။ ပိုက်ဆံတွေကို အဲဒီတစ်ကြိမ်က အကုန်ပြန်သိမ်းလိုက်တယ်။ ဘာလို့လဲဆိုတော့ သူယူသွားတာ အကြွေတွေ အထပ်လိုက်ကြီး။ တစ်ရွက်နှစ်ရွက် မဟုတ်ဘူး။ နောက်ပိုင်း ဆိုင်လာတဲ့ ဖောက်သည်တွေကလည်း Masyanya ခိုးတဲ့ပုံကို သဘောကျတော့ ကျွန်တော်လဲတွေ့ရင်တောင် ဘာမှမပြောဘူး။ ချစ်လို့ ဒီအတိုင်းလွှတ်ထားပေးလိုက်တယ်” လို့ ပိုင်ရှင်ဖြစ်သူ Nadezhda Vodolazskaya က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw